Windows7 မှာ System Restore ကို အသုံးပြုတတ်အောင်လို့

ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့ အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ များများလာပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့ အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။ ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Point မှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Point တွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ အဲလိုဆော့ဝဲလ်မျိုးနဲ့ ကြုံခဲ့ရင်တော့ Restore Point ကို ပြန်ရှာလို့ မရနိုင်ပါဘူး..။ ဒီပိုစ့်မှာတော့ Restore Point တွေအများကြီး ရှိတဲ့ အထဲက.. တခုနဲ့ မရရင် တခုပြောင်းပြီး လုပ်တတ်အောင်လို့ ပြပေးသွားမှာ ဖြစ်ပါတယ်..။ စက်လေးလာတဲ့ အခါမျိုး၊ ဝင်းဒိုးပျက်တဲ့ အခါမျိုး၊ Error အမျိုးမျိုးကြောင့် ဘယ်ပရိုဂရမ်မှ ဖွင့်သုံးလို့ မရတော့တဲ့ အခြေနေမျိုးတွေမှာ.. စက်ကိုပြန်ကောင်းလာစေဖို့.. လေးနေရာကနေ ပြန်ပြီးသွက်လက်လာစေဖို့ ဆိုရင် System Restore ကိုအသုံးပြုတတ်ကြပါတယ်..။ System Restore ဆိုတာ စက်ကောင်းနေတဲ့ အချိန် လွန်ခဲ့တဲ့ တပါတ်၊ တစ်လ ဒါမှမဟုတ် ၃၊၄ လလောက်အချိန်ထိ ပြန်ဆုတ်ပေးနိုင်ပါတယ်.. နာရီ၊ နေ့ရက် အချိန်တွေကတော့ ဒီနေ့ဒီအချိန်တိုင်း ရှိနေမှာပါ..။ ဒါကြောင့်ဒီနည်းလေးကို ကွန်ပျူတာရှိတဲ့လူတိုင်း တတ်ထားသင့်ပါတယ်..။ တော်ယုံ Error လောက်ကို ဆိုင်မှာသွားပြစရာမလိုပဲ မိမိတို့ ဖာသာ ဖြေရှင်းနိုင်ပါလိမ့်မယ်..။
System Restore ကို ဝင်တဲ့ နေရာမှာ တခုက စက်ဖွင့်လို့ ရတဲ့စက်တွေမှာ ဝင်နည်းတမျိုးနဲ့.. နောက်တခုက ဝင်းဒိုးမတက်တဲ့ (စက်ဖွင့်လို့ မရတဲ့) စက်တွေမှာ Safe Mode ကနေ ဝင်လို့ရတဲ့နည်း လေးတွေကို တင်ပြပေးသွားပါ့မယ်..။ ဒီပိုစ့်လေးကို တင်ပေးချင်နေတာ ကြာပါပြီး..။ ပုံတွေက အဆင်သင့် မရှိသေးလို့ ကြာနေတာပါ..။ အခုတော့ လိုအပ်နေတဲ့ ညီအစ်ကိုတွေလည်း ရှိလာပြီ ဆိုတော့ ဒီပိုစ့်လေးကို ပုံတွေအမြန် ဖန်တီးပြီး တင်ပေးလိုက်ပါတယ်..။ လိုအပ်တာလေးများ ရှိခဲ့ရင်လည်း သီးခံပြီး ဖတ်ပေးပါဗျာ..။ အရင်တုန်းက သူငယ်ချင်းတယောက်စက်မှာ ဝင်းဒိုးတင်ပေးပြီး ၆ရက်ပဲ ရှိသေးတယ် Internet Explorer Error တက်ပါလေရော..။ Broadband ဆော့ဝဲလ်ကို စက်ထဲထည့်လိုက်တာနဲ့ Internet Explorer Error တက်လာတာပါ..။ ဘယ်လိုက ဘယ်လို အခန့်မသင့် ဖြစ်သွားလဲတော့ မသိဘူး..။ ဝင်းဒိုးတော့ တက်လာတယ်..။ ဘယ်ပရိုဂရမ် တခုမှ ဖွင့်လို့ မရဘူး..။ ဘာပဲဖွင်ဖွင့် Internet Explorer Error ဘောက်စ်ပဲ ပေါ်လာပြီး ဘာမှဖွင့်လို့ကို မရဘူး..။ Desktop ပေါ်မှာရှိတဲ့ Icon တွေအားလုံး Internet Explorer ပုံတွေ ဖြစ်ကုန်တယ်..။ အဲဒီစက်မှာလည်း ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်..။ Adobe Reader Error တက်တဲ့စက်မှာလည်း ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်..။ စက်တိုင်းကို ရမယ်လို့ မပြောပါဘူး..။ ရတဲ့ စက်တွေလည်း ရပါတယ်..။ မရတဲ့ စက်တွေလည်း ရှိခဲ့ပါတယ်..။ တကယ်လို့ ဒီနည်းနဲ့ မရခဲ့ရင် Backup Files လုပ်ထားပြီးသား လိုပါတယ်..။ Backup Files နဲ့ဆို မရတာ မရှိပါဘူး..။ Backup Files မှ မရှိရင်တော့ Windows အသစ်သာ ပြန်တင်ဖို့ပဲ ရှိပါတော့တယ်..။ Backup Files ပြုလုပ်ပုံကို နောက်ပိုင်းမှာ ပိုစ့်တွေတင်ပေးသွားပါ အုန်းမယ်..။ အခုတော့ စာလည်းရှည်နေပြီဆိုတော့ ဒီနည်းလေးကို စလိုက်ကြရအောင်ဗျာ..။
အောက်ကပုံကတော့ စက်ကို စဖွင့်ဖွင့်ချင်း ဝင်းဒိုးမတက်ခင်မှာ.. F8 နဲ့ Safe Mode ထဲကို ဝင်တဲ့အခါ အရင်ဆုံးစတွေ့ ရမယ့်ပုံပါပဲ..။ အများအားဖြင့် စက်အများစုမှာ Safe Mode ထဲ ဝင်တဲ့ ကီးဟာ F8 ကီးပါ..။ တချို့ စက်တွေမှာတော့ မတူပါဘူး..။ မတူတဲ့ စက်တွေအတွက် F8 နဲ့ Safe Mode ထဲကို ဝင်လို့ မရရင် Google မှာ မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ စာရိုက်ပြီး ရှာကြည့်ပါ..။ ရှာလို့ ရပါတယ်..။ ကျနော် အရင်တုန်းက ဒီလိုပဲ ရှာခဲ့တာပါ..။ အောက်မှာ ပြထားတဲ့ ပုံလေးကို မြင်ရရင် အနီဝိုင်းထားတဲ့ စာသားနေရာကို ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ရွှေ့ပြီး Enter ခေါက်လိုက်ပါ..။ ဒုတိယပုံအတိုင်း မြင်ရရင် System Restore စာသားနေရာကို ကီးဘုတ်မျှားနဲ့ ရွှေ့ပြီး Enter ဆက်ခေါက်ပါ..။

အပေါ်ပုံအတိုင်း ပေါ်လာပြီးရင် အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။ Choose a different restore point စာသားနေရာကို တချက်ကလစ်လိုက်ပါ..။

အပေါ်ပုံအတိုင်းမြင်ရရင်.. အောက်ပုံမှာ ဝင်းဒိုးထဲကနေ  System Restore ကို ဘယ်လိုဝင်ရလဲဆိုတာ ပြထားပါတယ်..။  ဝင်းဒိုးတက်တဲ့ စက်တွေမှာ အောက်မှာပြထားတဲ့ ပုံအတိုင်း Search Box မှာ Restore လို့စာရိုက်ပြီး နံပါတ်စဉ်တိုင်း ဝင်သွားလိုက်ပါ..။ အပေါ်ပုံတွေကတော့ ဝင်းဒိုးမတက်တော့တဲ့ စက်တွေမှာ Restart ချပြီး F8 နဲ့ ဝင်ရမယ့် နည်းလေးပါ..။ ဒီအဆင့်ကို ရောက်ရင် အားလုံးတူသွားပါတယ်..။ ဒါကြောင့် ဒီနေရာမှာ အပေါ်နဲ့ အောက်လုပ်နည်း ၂ခုကိုတွဲပြီး ပြထားတာပါ..။ ဝင်းဒိုးတက်တဲ့ စက်တွေမှာ အောက်ပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါဗျာ..။

အပေါ်ပုံအဆင့်ကို ရောက်ရင် အစောဆုံး နေ့ရက်ကို ရွေးပြီး တချက်ကလစ် ယူပါ..။  3 နေရာမှာ ပြထားပါတယ်..။ ပြီးရင်တော့ 4 နေရာကို ကလစ်လိုက်ရင် အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။
Finish ပေးလိုက်ပါ..။ ခဏကြာရင် မီတာချောင်းလေး ပြေးပြီး.. စက်ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်..။

အပေါ်က ပုံမျိုးပေါ်လာရင်တော့ အောင်မြင်စွာ ရသွားပါပြီ..။ တကယ်လို့ မအောင်မြင်လို့ မရင်ရင်တော့ အောက်ကပုံမျိုးလေး ပေါ်လာပါလိမ့်မယ်..။ အဲဒါဆိုရင်တော့ System Restore Point မှာရှိတဲ့ မတူတဲ့ တခြားနေ့ရက်တွေကို ပြောင်းပြီး ထပ်လုပ်ပါ..။ တခုမဟုတ် တခုနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ တကယ်လို့ မိမိတို့ရဲ့ စက်မှာ System Restore Point တွေ မရှိတော့ဘူး ဆိုရင်တော့ ဒီအဆင့်ကို ရောက်လာမှာ မဟုတ်ပါဘူး..။ Safe Mode နဲ့ ဝင်တဲ့ Windows Repair မှာတင် ပြတ်ကျသွားပါလိမ့်မယ်..။
 ဒီလောက်ဆိုရင်တော့ System Restore ကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။ စာလည်း အတော်ရှည်သွားပြီ..။
credit -http://lwinminbo.blogspot.com/2012/06/windows7-system-restore.html
 
“ကျွန်မသားလေးကို ကြည့်လို့ရပြီလားဟင်” မိခင်က ဆရာဝန်ဖြစ်သူကို တောင်းဆိုလိုက်သည်။ မွေးကင်းစ ကလေးငယ်လေးကို သူနာပြုဆရာမလေးက ယူလာပြီးပြသည်။ “သူ အင်္ဂါစုံရဲ့လား ဆရာမ” ဆရာမလေးက မျက်နှာကိုပတ်ထားသည့် အနှီးကို လှပ်ပြလိုက်သည်။ သားငယ်လေးတွင် နားရွက်တွေ ပါမလာ။ မိခင်က ရင်နာနာနှင့် မျက်စိကို စုံမှိတ်လိုက်သည်။ သားငယ်သည် နားရွက်မပါသည်ကလွဲပြီး အားလုံးကောင်းသည်။ နားရွက်မရှိခြင်းကြောင့် အခြားကလေးတွေ ထက်တော့ ထူးခြားသည့် အသွင်ကိုဆောင်နေသည်။ တစ်နေ့တွင် သားငယ်သည် ကျောင်းမှ ငိုပြီးပြန်လာကာ၊ မိခင်ရင်ခွင်တွင်းသို့ တိုးဝင်လိုက်သည်။ “မေမေ ကျောင်းမှာ သားကို ဝိုင်းစကြတယ်။ သားကို ဂြိုဟ်သားတဲ့။ သား ကျောင်းမသွားချင်တော့ဘူးမေမေ” ကလေး၏ ဖခင်ဖြစ်သူသည် ဆရာဝန်နှင့် သွားပြီးတိုင်ပင်သည်။ နားရွက်ကို အစားထိုး၍ ရနိုင် မရနိုင်ဖြစ်သည်။ ဆရာဝန်က ရနိုင်ကြောင်း၊ အလှူရှင်ရှိလျှင် ရနိုင်ကြောင်း ပြန်ပြောလိုက်လေသည်။ နောက်ထပ် ၂ နှစ်လောက်အကြာတွင် အလှူရှင်တစ်ဦးပေါ်လာသည်။ ခွဲစိတ်အစားထိုးကုသမှု အောင်မြင်သွားသည်။ သားငယ်သည် အင်္ဂါစုံဖြင့် လူသစ်၊ စိတ်သစ် ပြန်ဖြစ်လာသည်။ အတန်းကျောင်းအောင် သွားသည်။ တက္ကသိုလ်တစ်ခုမှ ဘွဲ့ရသွားသည်။ နောက်ပိုင်းတွင် သံတမန် ရာထူးကြီးတစ်ခုရပြီး၊ ချောမောလှပသည့် မိန်းကလေးတစ်ဦးနှင့် လက်ထပ်လိုက်ကြသည်။ သားဖြစ်သူက ဖခင်အား သူ့ကိုနားရွက်တစ်စုံလှူဒါန်းသည့်သူအား ကြုံတိုင်းမေးမြန်းတတ်သည်။ ဖခင်ကလည်း အလှူရှင်က လျှို့ဝှက် ထားရန်ပြောသဖြင့် ထုတ်ဖော်မပြောနိုင်ကြောင်း ငြင်းပယ်ပြီး စောင့်ထိန်းခဲ့သည်။ တစ်နေ့တွင် မိခင်ကွယ်လွန်ကြောင်း သိလိုက်ရသဖြင့် ရပ်ဝေးမှ အပြေးအလွှား ပြန်ရောက်လာခဲ့သည်။ ဖခင်နှင့်အတူ ကုတင်ထက်တွင် ပြင်ဆင်ထားသည့် မိခင်အလောင်းကိုကြည့်ရင်း ဝမ်းနည်းပူဆွေး ခံစားနေကြရ သည်။ နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် မိခင်နဖူးကိုနမ်းကာ မျက်ရည်များကို သုတ်လိုက်သည်။ ဖခင်က ဘေးဘီသို့ကြည့်ပြီး သားကို မိခင်၏ ဆံပင်များအား ဖယ်ရှားပြလိုက်သည်။ မိခင်တွင် နားရွက် နှစ်ဖက်စလုံးမရှိပေ။ ဖခင်က သူတစ်သက်လုံး ထိန်းသိမ်းပေးလာခဲ့သည် လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် ဖော်ထုတ်ပြပြီး ဆံပင်များကို ပြန်ဖုံးပေးလိုက်သည်။ ဖြေမဆည်နိုင်အောင်ကျလာသည့် မျက်ရည်များဖြင့် သူတို့ မိခင်ကို အခေါင်းထဲသို့ထည့် လိုက်ကြသည်။ ခေါင်းအဖုံးကို ဖုံးလိုက်ကြပြီး နောက် သူတို့ လျှို့ဝှက်ချက်ကို အပြီးတိုင် မြေမြှုပ် သင်္ဂြိုလ်လိုက်ကြသည်။ Tin Nyunt

Copy the BEST Traders and Make Money : http://bit.ly/fxzulu

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.