လက်ဖက်ရည်ကြမ်းနဲ့ကျန်းမာရေး

 လက်ဖက်ရည်ကြမ်းနှင့် အဆစ်ရောင်နာ
လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့် အဆစ်နာကျင်ကိုက်ခဲမှုကို ကာကွယ်ပေးနိုင်ပြီး၊ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲသည့်ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။ အရိုးနုတွေကို ပျက်စီးစေတဲ့ အင်ဇိုင်းပိတ်ဆို့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

လက်ဖက်ရည်ကြမ်းနှင့် အရိုး
လက်ဖက်ရည်ကြမ်းမှာ ဖလူအိုရိုက်ဒ် ဒြပ်ပေါင်းမြင့်မားစွာပါဝင်တာကြောင့် အရိုးကို သန်မာစေနိုင်ပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဖြင့် အရိုးကို သိပ်သည်းကျစ်လစ်စေပါတယ်။


  လက်ဖက်ရည်ကြမ်းနှင့် ကိုလက်စထရော
လက်ဖက်ရည်ကြမ်းဟာ ကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောကို လျှော့ချပေးပြီး

ကောင်းတဲ့ကိုလက်စထရောနဲ့ မကောင်းတဲ့ကိုလက်စထရောတို့ရဲ့ အချိုးအစားကို မျှတကောင်းမွန်လာနိုင်တဲ့အစွမ်း ရှိပါတယ်။

  လက်ဖက်ရည်ကြမ်းနှင့် အဝလွန်ခြင်း
လက်ဖက်ရည်ကြမ်းဟာ အဆီဆဲလ်အတွင်း သကြားဓါတ်ရွှေ့လျားမှုကို ရပ်တန့်စေခြင်းအားဖြင့် အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကိုစား၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး လက်ဖက်ရည်ကြမ်းသောက်ပေးမယ်ဆိုရင်တော့ အဝလွန်ခြင်းဖြစ်လာနိုင်စရာ လုံးဝမရှိပါဖူး။

လက်ဖက်ရည်ကြမ်းနှင့် သွေးချိုရောဂါ
လက်ဖက်ရည်ကြမ်းဟာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး သွေးတွင်းသကြားပါဝင်မှု ရုတ်တရက် တိုးမြင့်လာခြင်းကို ကာကွယ်ပေးပါတယ်။

Credit : KhitLuNge

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.