လွန်ခဲ့သော ၄နှစ် ...

ကျွန်မတို့ချစ်သူဖြစ်ပြီး သိပ်မကြာခင် ကျွန်မချစ်သူက မေးပါတယ်။
သူ တစ်နေ့ကျရင် သူများနဲ့ လက်ထပ်သွားရင် မင်းဘယ်လိုလုပ်မလဲတဲ့ ။
“ လုပ်ရဲလုပ်ကြည့် ၊ သတ်ပစ်လိုက်မယ်လို့ ” ကျွန်မ ရီပြီး ပြန်ဖြေခဲ့ပါတယ်။
သူကလည်း “ စတာပါကွာ ဘာလို့သူများကိုယူရမှာလဲ ” တဲ့။
လွန်ခဲ့သော နှစ်နှစ်…..

အလားတူ မေးခွန်းမျိုး သူထပ်ပြီးမေးလာခဲ့ပါတယ်။
ကျွန်မလည်း “ သူများကို ယူသွားရင်တော့ … တစ်သက်လုံး ယောကျာ်းမယူတော့ဘူး ” လို့ပြန်ဖြေလိုက်တော့ သူ့မျက်နှာက ပီတိတွေဖြာနေခဲ့ပါတယ်။
ကျွန်မတို့ ချစ်သူသက်တမ်း လေးနှစ်ပြည့်တော့ ….
“ ကိုယ်တစ်နေ့ သူများနဲ့လက်ထပ်သွားရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး ထပ်မေးလာပြန်ပါတယ်။
ကျွန်မသူ့ဘေးနားမှာထိုင်ကရာနေထပြီး သူ့ရှေ့တည့်တည့်မှာ ရပ်နေလိုက်ပါတယ်။
ပြီးတော့ သူ့မျက်လုံးတွေကိုကြည့်ရင်း ကျွန်မ တစ်ချက်ပြုံုးလိုက်ပါတယ်။
ပြီးတော့မှ “ အော်… ကိုယ့်ကိုချစ်တဲ့ ကိုယ့်ကိုလက်ထပ်နိုင်မဲ့ လူတစ်ယောက်ကို ရှာပြီးကျွန်မလည်း လက်ထပ်လိုက်မှာပေါ့ ”

သူမျက်နှာမှာ အလိုမကျတဲ့ အရိပ်ယောင်ပေါ်လာပြီး မျက်ခုံးတစ်ချက်ကျုံ့လိုက်ပါတယ်။
“ ဒါဆို မင်းကိုယ့်ကို တကယ်မချစ်ဖူးဘူး ” တဲ့။“ ခုအချိန်ထိတော့ ရှင့်ကို ချစ်ပါတယ်။ ဒါပေမဲ့ ရှင်လက်ထပ်သွားရင်တော့ … ကျွန်မကိုတောင် မချစ်လို့ အခြားတစ်ယောက်ကို လက်ထပ်သွားသေးတာ ကျွန်မက ဘာလို့ ဆက်ချစ်နေရဦးမှာလဲ ။ ချစ်နေတော့ရော ဘာတွေထူးခြားမှာမို့လဲ ။ ”

နောက်ထပ် ကျွန်မဆက်ပြောလိုက်မိပါသေးတယ် “ စိတ်ချပါ သူများအိမ်ထောင်ရေးကို လိုက်မနှောင့်ယှက်ပါဘူး။ ရှင်လက်ထပ်သွားရင် ကျွန်မ စောင့်နေမှာမဟုတ်ဘူး Ok ….! ”
အချိန်တွေပြောင်းသွားတဲ့အခါ တူညီတဲ့မေးခွန်းတစ်ခုကိုပဲ ဖြေလိုက်တဲ့အဖြေကတော့ ကွဲပြားသွားပါတယ်။
မချစ်တော့လို့ ၊ သွေးအေးလာလို့ ဒီလိုတွေ ဖြေလိုက်တာမဟုတ်ပါဘူး။ တကယ်တမ်းက ရင့်ကျက်သွားကြလို့ မြင်တဲ့အမြင်တွေ ၊ တွေးတဲ့အတွေးတွေ မတူညီကြတော့တာပါ။

အသက်တွေကြီးလာတာနဲ့ အမျှ မျက်စိစုံမှိတ်ပြီး နှလုံးသားနဲ့ မဆုံးဖြတ်တတ်ကြတော့ပါဘူး။
နှလုံးသားတွေ ခံစားချက်တွေအစား ဦးနှောက်ကပါ ပူးတွဲပြီး အလုပ်လုပ်လာကြပါတယ်။
အရင်က မနူးမနပ်နဲ့ အချစ်တွေကို ခံစားပြီး ရူးမူးနေမှာလည်း မဟုတ်တော့ပါဘူး ။
လူတစ်ယောက်က ကိုယ့်ကိုချစ်ပါတယ်လို့ ပြောခဲ့ရင် ယုံလို့ရသလားလို့ လာမမေးပါနဲ့။
သေတပန်တစ်သက်ဆုံး နေထိုင်ကြည့်ပြီးမှ ယုံစားလိုက်ပါ။
ဘယ်နိုင်ငံကို ဘယ်လိုအလည်ပို့ပေးမယ်လို့ ပြောခဲ့ရင် သူလေယာဉ်လက်မှတ်ဝယ်ပြီးတော့မှ ပျော်ပါ။
တစ်နေ့လက်ထပ်ပါမယ်လို့ ပြောလာခဲ့ရင် လက်ထပ်ခွင့်တောင်းပြီး မင်္ဂလာဆောင်တဲ့နေ့မှ ဒီစကားကို ယုံလို့ပုံအပ်ပါ။

တစ်သက်လုံးမခွဲပါဘူးဆိုတဲ့စကားကို အသက်ရူတွေရပ်တန့်သွားချိန်မှ လက်ခံပါ။
လူတိုင်းဟာ ကိုယ့်အတွက်ကိုယ် အသက်ရှင်ကြတာပါ။ သူမရှိလို့ မဖြစ်ဘူးဆိုတာက ရှားပါတယ်။
လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းလေးနဲ့ မပြည့်စုံပါဘူး ။
အခြားနားလည်မှုတွေ သည်းခံမှုတွေ အဘက်ဘက်ကနေရှိနေဦးမှ သူတို့ရဲ့အချစ်ခရီးလမ်းက ဖြောင့်ဖြူးကြာမှာပါ။

ဘယ်အရာကိုမဆို အလွန့်လွန်မျှော်လင့် မထားစေချင်ပါဘူး။ လက်တွဲထားချိန်မှာ အတတ်နိုင်ဆုံး ဂရုတစိုက်နဲ့ တန်ဖိုးထားကြပါ။
မျှော်လင့်လို့ ဖြစ်မလာတဲ့ ခံစားချက်က ဆိုးရွားလွန်းပါတယ်။
Credit: မနုဿ

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.