လှပချောမွေ့တဲ့ အသားအရေမျိုး ပိုင်ဆိုင်နိုင်ဖို့ဆိုရင်

သန့်ရှင်း ၊ ချောမွေ့ပြီး တောက်ပနေတဲ့ အသားအရေဆိုတာ ပန်းတိုင်တစ်ခုပါ။ ဒီလိုဖြစ်ဖို့အတွက် အသားအရေ အသွင်အပြင် ၊ မျက်နှာအနေအထားနဲ့ အပြစ်အနာအဆာလေးတွေကိုပါ ပြင်ဆင်နိုင်ဖို့ လိုပါတယ်။
ဒီအကြမ်းဖျဉ်း အချက်လေးတွေကိုတော့ ဘယ်အသားအရေပုံစံမျိုး ရှိသူမဆို လိုက်နာရမှာပါ။

(၁)     ရိုးရှင်းမှုကို ဦးစားပေးရပါမယ်။ ထုတ်ကုန်ပစ္စည်းအများကြီးသုံးခြင်းက ယားယံစေနိုင်ပြီး ပြုလုပ်ရမယ့် အဆင့်တွေ အရမ်းများတာကြောင့် ကျော်သွားတတ်ပါတယ်။ ဒါကြောင့် ရိုးရှင်တဲ့နည်းလမ်းကို ဦးစားပေးပါ။

(၂)     ပုံမှန်လုပ်ရပါမယ်။ တကယ်ကောင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ နေ့စဉ် ပုံမှန် ပြုလုပ်ထိန်းသိမ်းရပါမယ်။ လုပ်တဲ့နေ့လုပ်ပြီး မလုပ်ဖြစ်တဲ့နေ့တွေရှိလို့ မရပါဘူး။

(၃)     နူးညံ့ရပါမယ်။ ကုန်ခြစ်ခြင်းနဲ့ ပုံမှန်ထက်ပိုပြီး ခြောက်သွေ့သွားအောင် လုပ်တဲ့ အသားအရေဟာ ကြမ်းတမ်းပြီး နီမြန်းတတ်ပါတယ်။ ဒါကြောင့် သင့်မျက်နှာနဲ့ ရန်မဖြစ်ပါနဲ့။
အခု အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ အတွက် အနည်းငယ် ထပ်မံဖော်ပြပေးချင်ပါတယ်။ အဆီပြန်သူတွေအနေနဲ့ ဂျယ် ၊ အရည် စတဲ့ အဆီပြန်သူများအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကို သုံးသင့်ပြီး တစ်နေ့ သုံးကြိမ်ထက် ပိုမသုံးရပါဘူး။ မနက် ၊ ညနဲ့ အပြင်က ပြန်လာတဲ့အချိန် တစ်ကြိမ် သုံးကြိမ်လောက်သုံးပေးရင် လုံလောက်ပါတယ်။ ခဏခဏမျက်နှာသစ်ခြင်းက အဆီထွက်နှုန်းကို မရပ်တန့်နိုင်စေတဲ့အပြင် သင့်အသားအရေကို ယားယံနာကျင်စေပါတယ်။

          Toner- salicylic အက်ဆစ် နည်းပညာဖြစ်တဲ့ တိုနာရည်ကို တစ်နေ့တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် အသုံးပြုပေးခြင်းဖြင့် အဆီကိုလျော့ချပေးနိုင်ပြီး ချွေးပေါက်များကို သန့်စင်စေပါတယ်။ ချည်လုံးလေးနဲ့ နဖူး ၊ နှာခေါင်းနဲ့ မေးစေ့ စတဲ့ T ဧရိယာကို အဓိကထားပြီး ပွတ်သုတ်ပေးရပါမယ်။
          Moisturize - အဆီမပါဝင်တဲ့ ချွေးပေါက်ပိတ်ဆို့မှု မဖြစ်စေတဲ့ နည်းပညာနဲ့ လုပ်ထားတဲ့ နည်းပညာကို ရွေးချယ်ရပါမယ်။ ခြောက်သွေ့တဲ့ နေရာတွေဖြစ်တဲ့ မျက်လုံးနားတ၀ိုက် ၊ ပါးစတဲ့ နေရာမျိုးကိုပဲ ရွေးလိမ်းရပါမယ်။ တကယ်လို့ သင့်အနေနဲ့ အသားအရေက အဆီပြန်လာတယ်လို့ ခံစားရရင် ဆက်မလိမ်းပါနဲ့။

          Makeup- ရေဓါတ်ကို အခြေခံထုတ်လုပ်ထားပြီး အဆီပိတ်ဆို့တဲ့ တောက်ပမှုနည်းတဲ့ နည်းပညာကို အခြေခံထုတ်လုပ်ထားတာမျိုးရွေးချယ်ပါ။ အဆီစုပ် စက္ကူလေးတွေ သုံးပေးခြင်းက အဆီတွေကို ဖယ်ရှားပေးပြီး မိတ်ကပ်လည်း မပျက်စေပါဘူး။
          တခြားအကြံပေးချင်တာကတော့ ခေါင်းလျှော်ရာမှာ အဆီလုံးဝကင်းစင် သွားအောင် လျှော်ပါ။ ဆံပင်ပျော့ဆေးကိုလည်း အနည်းငယ်သာသုံးပေးပါ။ မျက်နှာနဲ့လိုက်ဖက်တဲ့ အသွင်အပြင်လေး ရပါစေလို့ မျှော်လင့်ပါတယ်။
Credit : Trend Myanmar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.