လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်













ဟန်ဆောင်မှုတွေနဲ့ သူ့ရဲ့ဘဝကို ချုပ်ကိုင်ဖို့
မကြိုးစားပါနဲ့…ရိုးသားမှုတွေနဲ့ ကိုယ့်ရဲ့အချစ်ကို
  ဖော်ပြပေးပါ

အနိုင်ယူမှုတွေနဲ့ပဲ သူ့အပေါ် ချစ်နေသွားဖို့
မစဉ်းစားလိုက်ပါနဲ့…ကိုယ့်ဘက်ကလဲ နားလည်မှု
ေ လေးတွေနဲ့ခွင့်လွှတ်ပေးတတ်အောင် ကြိုးစားပါ

သူ့ရဲ့ ပေးဆပ်ခြင်းတွေကို ရယူနေဖို့
မတွေးလိုက်ပါနဲ့…ကိုယ့်ဘက်ကလဲ သူ့အပေါ်
ေ ပေးဆပ်မှုလေးတွေ ရှိအောင် ဖန်တီးပေးပါ

သူ့ဆီကပဲ သစ္စာရှိခြင်းတွေကို မျှော်လင့်မနေပါနဲ့
ကိုယ့်ဘက်လဲ သူ့အတွက် စစ်မှန်တဲ့ အချစ်စစ်တွေ
ဖြစ်ဖို့ သူ့ကို တန်ဖိုးထားပေးတတ်ပါစေ။

တစ်ချို့ချစ်ခြင်းတွေက…အရမ်းချစ်တယ်ဆိုပေမဲ့
ကိုယ်ချစ်တဲ့သူအပေါ် နာကျင်မှုတွေပဲ ပေးနေသလို
  ဖြစ်နေတတ်လွန်းလို့ပါ

Credit: Khin Myo Aye

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.