ချစ်သူရဲ့ မိဘတွေနဲ့ ပထမဆုံးတွေ့ဆုံမှုကို အကောင်းဆုံးဖြစ်စေနည်း

သင့်ချစ်သူရဲ့ မိဘတွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုကို အကောင်းဆုံးဖြစ်အောင်လို့ ဘယ်လိုလုပ်ရမလဲလို့ အကျပ်ရိုက်နေပါသလား။ အောက်ပါအချက်လေးတွေနဲ့ ကြိုတင်ပြင်ဆင်ရုံနဲ့ ချစ်သူရဲ့မိဘတွေဆီက အမှတ်တွေအများကြီး ရယူနိုင်ပါပြီ။
၁။ ချစ်သူရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ ယေဘုယျအချက်တော်တော်များများကို လေ့လာပါ။
၂။ သင့်တင့်လျောက်ပတ်စွာ ၀တ်စားဆင်ယင်သွားပါ။
၃။ ချိန်းထားအချိန်အတိုင်း ကွက်တိရောက်အောင် သွားပါ။
၎။ တွေ့ဆုံမှုအတွက် ချိန်ထားတဲ့ ဆိုင်၊ အဆောက်အအုံ နေရာအကြောင်း အနည်းငယ် လေ့လာပါ။
၅။ ချစ်သူရဲ့ မိသားစုနေအိမ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။
၆။ လက်ဆောင်တစ်ခုခု ယူဆောင်သွားပါ။
၇။ သူတို့ရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြသပါ။ (ဒီအချက်နဲ့ စကားစပြောတာဟာ သင်တို့အကြား အကောင်းဆုံး စကားစမြည် ပြောဆိုမှုဖြစ်အောင် ပံ့ပိုးပေးမှာပါ)

Credit: ဖိုးသူတော် (www.phothutaw.com)

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.