သင့်ရာသီခွင်အလိုက် သင်ဟာ ၀မ်းနည်းစရာကြုံတွေ့လာတဲ့အခါ ဘယ်လိုခံစားလေ့ရှိသလဲဆိုတာ

လူတိုင်းကတော့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ဒေါသ စတာတွေကို အမြဲခံစားနေကြရလေ့ရှိပါတယ်။ ဒီနေ့ပျော်ရွှင်နေပေမယ့် နောက်နေ့မှာ ၀မ်းနည်းစရာ အဖြစ်အပျက်မျိုးနဲ့ မကြုံတွေ့နိုင်ဘူးလို့ ပြောလို့မရဘူးလေ။ အဲ့ဒီလို ၀မ်းနည်းစရာ ခံစားချက်တွေကို ခံစားရမှာ သင့်ရာသီခွင်ကိုလိုက်ပြီး မတူညီ ပြောင်းလဲမှုတွေ ရှိနေတတ်ကြပါတယ်။ သင့်ရာသီခွင်ကို သိရုံနဲ့ ၀မ်းနည်းစရာအဖြစ်အပျက်မျိုး ရှိလာရင် သင်ဟာ ဒါကို ဘယ်လိုခံစားပစ်လိုက်မလဲ၊ ဘယ်လိုကိုင်တွယ်မလဲ၊ ကျော်လွှားမလဲဆိုတာ ဒီမှာ ဖတ်ကြည့်လိုက်ပါဦး

၁။ Aries (March 21 - April 19)
ဒီရာသီဖွားကတော့ ၀မ်းနည်းလွယ်တယ်။ ဒေါသလည်းကြီးပါတယ်။ ဒေါသထွက်လာရင် ဘာမှကို မမြင်တော့ပါဘူး။ လုပ်နေကျအလုပ်တွေကိုတောင် ပုံမှန်လုပ်ဆောင်ဖို့ ခဲယဉ်းပါတယ်။  စိတ်ထဲတနုံ့နုံထားတတ်ပြီး စိတ်အားထက်သန်မှုလည်း လျော့ကျသွားတတ်ပါတယ်။

၂။Taurus (April 20 - May 20)
ဒီရာသီဖွားကတော့ ၀မ်းနည်းကြေကွဲစရာ ကြုံတာနဲ့ တစ်ယောက်တည်း နေချင်စိတ်ဖြစ်လာတာပဲ။
သူတို့မှာ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ပဲ ဆိုတဲ့စိတ်ဝင်သွားတတ်ကြတယ်။ စိတ်သိပ်မရှည်ချင်တော့ဘူး။ ဒါပေမယ့် ဒေါသစိတ်ကိုတော့ အလျှင်အမြန်လျှော့ချနိုင်ကြတယ်။

၃။Gemini (May 21 - June 20)
ဒီရာသီခွင်ဖွားကတော့ ၀မ်းနည်းစရာတစ်ခုခုရှိလာရင် ငြိမ်သွားပြီး ထပ်ခါထပ်ခါ တွေးတတ်တယ်။ သူ့ကိုယ်ကို အဲ့ဒီနေရာမှာ မရှိတော့သလို ငြိမ်ပြီးတွေးနေတတ်တာပါ။ သူတို့ကများသောအားဖြင့် ၀မ်းနည်းမှုကို မခံစားနိုင်ကြဘူး။ အဲ့ဒီခံစားချက် မြန်မြန်ပျောက်သွားအောင် ကြိုးစားချင်ကြတယ်။

၎။Cancer (June 21 - July 22)
ဒီရာသီဖွားကတော့  တစ်ခုခုဆို ခံစားတာကအရင်ဆိုတာမျိုးပေါ့။ စိတ်ခံစားမှု အရမ်းမြင့်တယ်။ ၀မ်းနည်းပြီဆိုရင် တစ်ယောက်ယောက်လိုအပ်သလို ခံစားလာရပြီး ငိုချလိုက်ရမှ ကျေနပ်တယ်။

၅။ Leo (july 23 - August 22)
ဒီရာသီဖွားကတော့ ၀မ်းနည်းမှုဆိုတာထက် စိတ်ဖိစီးမှုဒဏ်ကို နည်းနည်းမှ မခံနိုင်ကြဘူး။ ဖိစီးမှုတွေများလာရင် ဒေါသဖြစ်လွယ်လာတယ်။ သူတို့အတွက် ခဏလေးအချိန်ပေးဖို့ မျှော်လင့်တတ်တယ်။ စိတ်တိုတာမြန်တယ်။ ဘေးမှာတစ်ယောက်ယောက်ရှိနေပေးဖို့ လိုအပ်တယ်။ ပြီးသွားရင်တော့ နဂိုအခြေအနေ ပြန်ရောက်ဖို့ လွယ်တယ်။



၆။Virgo (August 23 - September 22)

ဒီရာသီဖွားတွေကတော့ ဒေါသထွက်လာပြီ ၀မ်နည်းစရာဖြစ်လာပြီဆိုရင် ပုံစံပြောင်းသွားပြီး ပြောဆိုနေတဲ့ စကားဝိုင်းမှာတောင် ဘာမှဆက်မပြောတော့ဘူး ရုပ်တည်နဲ့ဖြစ်သွားတယ်။ ဘာခံစားချက်မှ မရှိတော့သလို နေတတ်တယ်။ ဒါ့အပြင် ၀မ်းမနည်းခင် ဒေါသမဖြစ်ခင်က ပုံစံနဲ့လည်း ဆန့်ကျင်ဘက်ပုံစံကို ပြောင်းလဲသွားတယ်။

၇။ Libra (September 23 - October 22)

ဒီရာသီဖွားတွေကျတော့ ဘာမဟုတ်တာလေးတွေကို ခံစားတတ်တယ်။ ၀မ်းနည်းနေတတ်ပေမယ့် ဒါတွေကို အမြန်ဆုံး ပြန်လျှော့ချနိုင်ဖို့ ကြိုးစားတတ်ကြတယ်။ တစ်ခါတစ်ရံမှာ သူတို့ဟာ မျှော်လင့်ချက်မဲ့နေသလို ခံစားတတ်ကြပေမယ့် ချက်ချင်းကိုပဲ ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့ ကြိုးစားတတ်ပြန်ရော။

၈။Scorpio (October 23 - November 21)

ဒီရာသီဖွားတွေဟာ ၀မ်းနည်းဒေါသဖြစ်စရာတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းနေချင်ကြတယ်။ စိတ်ထဲမှာလည်း မျိုးစုံယောက်ယတ်ခတ်နေတတ်တယ်။ ဘာလုပ်ရင်ကောင်းမလဲဆိုတာမျိုးလည်း အခါခါတွေးပြီး အဖြေရှာနေတတ်ပြန်ရော။ တစ်ခါတစ်လေ ဖြစ်တာကနည်းနည်း သူတို့ခံစားနေတာကများများဖြစ်ပြီး ကိုယ့်အတွေးတွေက ကိုယ့်ပြန်ခြောက်သလို ဖြစ်နေတတ်တယ်။

၉။Sagittarius (Novermber 22 - December 21)

ဒီရာသီဖွားတွေကျတော့ ၀မ်းနည်းစရာကြုံပြီဆို ထိုင်းမှိုင်းလေးကန်သွားတတ်ပြီ ဒီခံစားမှုကနေ လွတ်မြောက်ဖို့ အတင်းကို ကြိုးစားတတ်ကြပါတယ်။ စိတ်ကပိုထိန်းမရဖြစ်လာလေလေ သည်းခံနိုင်မှု နည်းသွားလေလေဖြစ်လာတဲ့အပြင် အနာဂတ်အတွက်ပါ ကြိုတင်တွေးပူတာတွေ ဖြစ်တတ်ကြပါတယ်။

၁၀။Capricorn (December 22 - January 19)

ဒီရာသီဖွားတွေကျတော့ စိတ်ပျက်ဝမ်းနည်းစရာကြုံလာတာနဲ့ အရာရာ မျှော်လင့်ချက်မဲ့သလို ခံစားသွားကြရပြီး ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ တစ်ခုခုကို ထပ်ခါတလဲလဲ တွေးနေတတ်ကြပါတယ်။

၁၁။ Aquarius (January 20 - February 18)

ဒီရာသီဖွားတွေဟာ ၀မ်းနည်းစရာကြုံပြီဆို ကိုင်တွယ်ရမလွယ်တဲ့သူတွေပါ။ အဓိကက ငြိမ်သက်သွားပြီး သူတို့ကိုယ်သူတို့ အခြားသူတွေလို ဘယ်သူနဲ့မှ ရောထွေးမနေတော့ပဲ တစ်ယောက်တည်း အထီးကျန်ဆန်ဆန်နေပစ်တတ်လို့ပါ။

၁၂။Pisces (February 19 - March 20)

ဒီရာသီဖွားကတော့ သူခံစားခဲ့ရတဲ့ ၀မ်းနည်းစရာကိစ္စတွေ အားလုံးကို မှတ်မိနေတတ်ပြီး အဲ့ဒီအရာတွေက စိတ်ပိုတိုစေ၊ စိတ်မကောင်းပိုဖြစ်တတ်စေလို သူဘာသာသူလည်း တစ်ယောက်တည်း သီးခြားဖြစ်သွားစေပါတယ်။ သူက တစ်ခုခုဆို အကြီးကြီး ခံစားတတ်တဲ့သူမျိုးပေါ့။
Credit : Trend Myanmar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.