တစ်နေ့တာလုံး အလုပ်အကိုင်ချောချောမွေ့မွေ့ဖြစ်စေမယ့် မနက်ခင်း အလေ့အကျင့်များ

အလုပ်လုပ်ရာမှာ အရာရောက်ဖြစ်ထွန်းစေဖို့နဲ့ တစ်ပတ်လုံး အားအင်တွေ ရရှိစေဖို့အတွက် ထိရောက်တဲ့ မနက်ခင်း အလေ့အကျင့်လေးတစ်ခုခု ထူထောင်ဖို့ အရေးကြီးပါတယ်။ မိမိတစ်နေ့တာကို အစပြုပုံက မိမိအလုပ်ကို အချိန်မီပြီးမြောက်ခြင်း သို့မဟုတ် တစ်နေ့လုံး အလုပ်စားပွဲမှာ အချိန်ကုန်ခြင်း အဲဒီ ခြားနားချက်နှစ်ခု ဖြစ်စေနိုင်ပါတယ်။ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်မှုပေးမယ့် မနက်ခင်း အလေ့အကျင့်လေး တချို့မှာတော့

အိပ်ရေးဝအောင် အိပ်ပါ

 အလုပ်တွင်အောင်ဆိုပြီး အိပ်ချိန်ခြိုးခြံချွေတာတာ ခဏအတွင်း အဆင်ပြေကောင်း ပြေနိုင်ပေမယ့် ရေရှည်မှာ သိပ်တော့ မကောင်းလှပါ။
အိပ်ရေးမဝခြင်းက အကျိုးယုတ်ခြင်းနဲ့ အလုပ်ပြုတ်တဲ့ ရှုံးဆုံး နစ်နာမှုသာ ဖြစ်စေပါလိမ့်မယ်။ မိမိစိတ်နဲ့ ခန္ဓာကိုယ်ကို ဦးစားပေးပြီး တစ်ည အနည်းဆုံး ၇ နာရီကနေ ၉ နာရီ အိပ်ချိန်ယူပါ။

မနက်စာ အဆာပြေလေး စားပေးပါ

ပထမဆုံးစားတဲ့ တစ်နေ့တာ အစားအစာက အရေးကြီးဆုံးပါ။
မနက်စာ အဆာပြေပုံမှန်စားခြင်းက အာရုံစူးစိုက်မှုနဲ့ မှတ်ဥာဏ် တိုးပွားစေကြောင်း လေ့လာချက်များအရ တွေ့ရပါတယ်။ ကော်ဖီလေး တစ်ခွက်လောက်ပဲသောက်ပြီး အိမ်ကနေ ထွက်မသွားပါနဲ့။ အဲဒီလို လုပ်တဲ့အခါ နေ့လည် ထမင်းစားချိန်ရောက်တဲ့ထိ တစ်ခုခု စားချင်စိတ်ဖြစ်ကာ နေမရဖြစ်နေပါလိမ့်မယ်။

 လေ့ကျင့်ခန်းလုပ်ပါ

မနက်လေ့ကျင့်ခန်းလေး လုပ်ခြင်းဖြင့် ခွန်အားရယူပါ။ မနက်စောစော ရွရွလေးပြေးခြင်း သို့မဟုတ် ယောဂကျင့်ခြင်းဖြင့် မိမိတစ်နေ့တာအတွင်း ပြောင်းလဲမှုဖြစ်အောင် ရယူဆောင်ရွက်နိုင်ပါတယ်။ စိတ်ပြေလက်ပျောက်လည်း ပိုဖြစ်ပြီး စိတ်ကြည်ကြည်လင်လင်နဲ့တွေးတွေကြံဆနိုင်မှာ ဖြစ်တယ်။
  လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အာရုံစိုက်စူမှု စူးရှစေပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ချမှတ်စေကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။
Credit : Trend Myanmar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.