သင့်အကြောင်းကို

၁။ သင့်အကြောင်းကို သူတပါးကို ရှင်းပြဖို့ မကြိုးစားပါနဲ့၊ ဒီလိုရှင်းပြတာက သင့်ကို နှစ်သက်တဲ့သူတွေအတွက် မလိုအပ်ပါဘူး။ သင့်ကို မနှစ်သက်တဲ့ သူတွေအတွက်တော့ ယုံတမ်းစကားတွေပဲ ဖြစ်နေမှာပါပဲ။ ယုံကြည်မှာတော့ မဟုတ်ပါဘူး။

၂။ကိုယ်မရှိလဲ ဖြစ်တယ်ဆိုတဲ့ သူတွေအတွက်၊ ကိုယ့်ဘ၀မှာ သူတို့ကို မရှိမဖြစ်ရယ်လို့ မသတ်မှတ်သင့်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး ဆိုတာ ချိန်ခွင်လျှာလို ညီမျှနေတာ အကောင်းဆုံးပါပဲ။

၃။မနက်အိပ်ရာက နိုးလာတာနဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာ ၂ ခုကို လောကကြီးက ပေးထားပါတယ်။ တခုက ပြန်အိပ်ပြီး အိပ်မက် မက်မလား။ နောက်တခုက အိပ်ရာက ထ၊ စိတ်ကူးအိပ်မက်တွေနောက်ကို ထပ်ကြပ်မကွာလိုက်ပြီး အကောင်အထည် ဖော်မလား ဆိုတာပါပဲ။ ရွေးချယ်မှုက သင့်အပေါ်မူတည်ပါတယ်။ သင်ဘယ်အရာကို ရွေးချယ်မှာလဲ။

၎။ကျွန်တော်တို့အပေါ်မှာ ဂရုစိုက်တဲ့သူတွေကို ကျွန်တော်တို့က မျက်ရည်ကျအောင် ပြုလုပ်ကြတယ်။ ကျွန်တော်တို့အပေါ်မှာ ဂရုမစိုက်တဲ့ သူတို့အတွက်ကျတော့ ကျွန်တော်တို့က မျက်ရည်ကျကြတယ်။ ပြီးတော့
ကိုယ့်အတွက် မျက်ရည်မကျတဲ့ သူတွေအပေါ်မှာတော့ ကိုယ်က ဂရုစိုက်ကြတယ်။ ဒါဟာ ထူးဆန်းပေမဲ့ သဘာဝအမှန်တရား အစစ်ပါ။ ဒီသဘောကို နားလည်တဲ့သူတွေအတွက်တော့ ပြင်ဆင်ဖို့ နောက်မကျသေးပါဘူး။

၅။ပျော်ရွင်နေတဲ့အချိန်မှာ ဂတိ မပေးပါနဲ့။ ၀မ်းနည်းနေတဲ့အချိန်မှာ တုံ့ပြန်ဖို့ မကြိုးစားပါနဲ့။ ဒေါသထွက်နေရင်တော့ ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ ၂ ခါ ပြန်စဉ်းစားပါ။ ပြီးမှ သတိရှိရှိ ဆောင်ရွက်ပါ။

၆။အချိန်ဆိုတာ မြစ်တစင်းနဲ့ တူပါတယ်။ ဖြတ်သန်းစီးဆင်းသွားတဲ့ ရေစီးကြောင်းဟာ နောက်တခါ ပြန်မစီးနိုင်တော့ပါဘူး။ ဘ၀ရဲ့ အချိန်တိုင်းကို တန်ဖိုးရှိရှိ ဖြတ်သန်းသင့်ပါတယ်။

၇။အလုပ်များတယ်လို့ ပြောတဲ့သူတွေဟာ ဘယ်တော့မှ အားလပ်မှုကို ရမှာ မဟုတ်ပါဘူး။ အချိန်မရှိဘူးလို့ ပြောတဲ့သူတွေဟာ အချိန် ဘယ်တော့မှ သူတို့အတွက် ရှိလာမှာ မဟုတ်ပါဘူး။ နောက်နေ့လုပ်တာပေါ့လို့ ပြောတဲ့သူတွေအတွက်လဲ မနက်ဖြန်ဟာ ဘယ်တော့မှ ရောက်လာတော့မှာ မဟုတ်ပါဘူး။

Credit: Zay Yar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.