ခန္ဓာကိုယ်အခြေအနေပြောင်းလဲမှုများက ဖော်ပြသော ကျန်းမာရေးပြဿနာများ

ဆံပင်များပါးလာခြင်း၊ ခြေထောက်ယားယံခြင်း၊ အကြောင်းရင်းမသိ ရဘဲ အင်ပျဉ်ထခြင်း(သို့မဟုတ်)မျက်ကွင်းညိုခြင်းတို့ကဲ့သို့ ခန္ဓာ ကိုယ်အခြေအနေပြောင်းလဲမှုများမှာ အန္တရာယ်လုံးဝမရှိသော လက္ခဏာများဖြစ်ပုံပေါ်သော်လည်း ယင်းလက္ခဏာများသည် နာမကျန်းဖြစ်ခြင်း (သို့မဟုတ်) အခြားကျန်းမာရေးပြဿနာများကို ဖော်ပြသော လက္ခဏာများဖြစ်နိုင်သည်။

ထို့ကြောင့် သင့်ခန္ဓာကိုယ်၏ အခြေအနေပြောင်းလဲမှုများကို စောင့်ကြည့်ရန် အရေးကြီးသည်။ ခါးတစ်ဝိုက် ကိုယ်အလေးချိန် ပိုများလာခြင်းကြောင့် ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိနိုင်ပြီး အကယ်၍ အမျိုးသမီးဖြစ်ပါက ခါး ၃၁ လက်မ(သို့မဟုတ်)အမျိုးသားဖြစ်ပါက ခါး ၃၇ လက်မထက်ပို၍ ခါးတုတ်နေပါက ဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါဟုခေါ်သည့် အခြေအနေတစ်မျိုး ကြုံတွေ့နိုင်သည်။

အဝလွန်ပြီး ဆီးချိုရောဂါဖြစ်နေပါက မောပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မူလျော့ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ရေသောက်ပြီး ခဏအကြာ ရေပြန်ဆာခြင်း၊ အမြင်အာရုံဝေဝါးခြင်းနှင့် သွေးလည်ပတ်ခြင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာနိုင်သည်။
ကြိုတင်ကာကွယ်ခြင်းမှာ
အကောင်းဆုံးဖြစ်ကာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနှင့်ညီသော အစားအစာများ စားပေးခြင်း ဖြင့် ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ကို ထိန်းထားနိုင်မည် ဖြစ်သော်လည်း ဆီးချိုရောဂါ ရှိ၊ မရှိ ဆရာဝန်နှင့် ဆွေးနွေးစစ်ဆေးသင့်သည်။
မျက်စိများတစ်ဝိုက်(သို့မဟုတ်)တံတောင်နေရာတွင် အဝါ ရောင်အစက်များဖြစ်ပေါ်နေပါက အရေပြားအောက်တွင် အဆီများ စုဝေးနေခြင်းကြောင့် ဖြစ်နိုင်ပြီး သွေးထဲ၌ ကိုလက်စထရောပါဝင်မှု မြင့်မားနေခြင်းကြောင့်လည်း ဖြစ်သည်။ ယင်းရောဂါ ရှိ၊ မရှိ သိရှိနိုင် ရန် အစာမစားမီ သွေးစစ်ဆေးမှုခံယူနိုင်သည်။ ယင်းအခြေအနေများ သက်သာစေရန် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားပေးနိုင်သည်။

မျက်ကွင်းညိုခြင်းမှာ အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာနိုင် သော်လည်း ဓာတ်မတည့်ခြင်း၊ မျက်စိများယားယံခြင်း(သို့မဟုတ်) နှာခေါင်းကို ပွတ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဓာတ်မတည့်မှု ဖြစ် စေနိုင်သော အရာများနှင့်ထိတွေ့မှုကို ရှောင်ရှားသင့်သည်။
ကျီးကန်းပါးစပ်နာဖြစ်ခြင်းမှာ သင့်၏ခန္ဓာကိုယ်အတွက် ဗီတာ မင်ဘီကြွယ်ဝသော စားစရာများ စားသောက်ရန် လိုနေပြီး အစိမ်း ရောင်အသီးအရွက်များ၊ အသားနှင့် ဥများကဲ့သို့ သံဓာတ်ပါ အစား အစာများစားပေးရန် လိုနေပြီဆိုသည်ကို ဖော်ပြခြင်းဖြစ်နိုင်သည်။
အလွန်ယားယံသော အင်ပျဉ်များထခြင်းမှာ အစားအစာတွင် ပါဝင်သော ဂလူတင်းဓာတ်နှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်နိုင် သည်။ အကယ်၍ ဂလူတင်းနှင့်မတည့်ပါက ဂလူတင်းပါဝင်သော ဂျုံကဲ့သို့ စားစရာမျိုးကို ရှောင်ရှားသင့်သည်။
Credit : 7Day Daily

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.