"ဘ၀အတွေးအခေါ်" (မိန်းကလေးများအတွက်)

၁၊အ၀တ်အစားဆိုတာ ပြိုင်ဆိုင်စရာ မဟုတ်ပါ
သင့်အ၀တ်အစားတွေကို အရည်အသွေး ဘယ်လောက်ကောင်းကြောင်း ဘယ်လောက် တန်ဖိုးရှိကြောင်း ပြသဖို့ အ၀တ်အစားဝတ်တာ မဖြစ်ပါစေနဲ့၊ ဒီနေ့ကစပြီး သင့်အ၀တ်ဘီဒိုထဲမှာ သင့်တင့်တဲ့ အဆင်အကွက်၊ ကျက်သရေရှိမဲ့ အ၀တ်အစားနဲ့ သူတို့နဲ့ လိုက်ဖက်မဲ့ အရောင်ရှိတဲ့ အ၀တ်အစားတွေ ရှိရုံနဲ့ လုံလောက်ပါတယ်။

၂၊ ပိုက်ဆံကို မလိုပဲ မသုံးပါနဲ့
သင်ဟာ အားကစားရုံကိုသွားပြီး ခန္ဓာကိုယ် အလှအပအတွက် မလုပ်ရင် နေပါစေ..... အိမ်က လှေကားကို ဓာတ်လှေကားမစီးပဲ နေ့တိုင်း ခြေကျင် အတက်အဆင်း လုပ်လို့ရပါတယ်။ ရေမွေး အကောင်းစားတွေကို သုံးဖို့ မလိုပါဘူး၊ သင့်တင့် ကောင်းမွန်ရင် ပြီးတာပါပဲ။ ဆေးလိပ်၊ အရက်တွေ သောက်တာတွေအတွက် ပိုက်ဆံ မကုန်ပါစေနဲ့၊ ညဘက် အိပ်တာ နောက်ကျတာတွေကို ရှောင်ပါ၊ အိပ်ရေး၀၀ အိပ်ခြင်းက သင့်ရဲ့အသားအရေကို လှပစေပါတယ်။ အလှအပအတွက် beauty spa သွားမဲ့အစား လက်ဖက်စိမ်း၊ နွားနို့၊ ရေ တို့ကို သောက်သုံးတာက ပိုထိရောက်ပါတယ်။

၃၊ အချစ်ကို မကိုးကွယ်ပါနဲ့
သင်ဟာ အချစ်ကို ယုံကြည်လို့ ရပါတယ်၊ ယောက်ျားလေးတယောက်ရဲ့ ချိုသာတဲ့ စကားတွေကို နားထောင်လို့ရပါတယ်၊ ဒါပေမဲ့
အဲဒီလို အဆိပ်အတောက် စကားလုံးတွေကို နားတစ်ဖက်က ၀င်သွားပြီး နောက်နားတစ်ဖက်က  နှလုံးသားထဲမှာ သိမ်းဆည်းမထားနိုင်အောင် ကူညီပေးနိုင်ဖို့ ကြိုးစားပါ။

၎၊ စိတ်ကို အလှဆင်ပါ
မိန်းကလေးတယောက်ဟာ သူ့ရဲ့ ကိုယ်ခန္ဓာအလှအပကို တန်ဖိုးထားရုံနဲ့ ကျေနပ်နေလို့ မရသေးပါဘူး။ စိတ်ရဲ့အတွေးအခေါ် အသိဥာဏ်တွေဖြစ်တဲ့ စာဖတ်တာ လေ့လာသင်ယူတာတွေကို လုပ်ဖို့ လိုပါတယ်... လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ မိသားစု စတဲ့ စာပေဗဟုသုတ အတွေးအခေါ်တွေ ရှိဖို့လိုပါတယ်။ ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာတခု မပေးခဲ့ရင် သင်ဟာ ထက်မြက်တဲ့ အတွေးအခေါ်ရှိတဲ့ နှလုံးသားတခုကိုတော့ ပိုင်ဆိုင်နိုင်ပါသေးတယ်။

၅၊ လက်ဆောင်ကို မမျှော်လင့်ပါနဲ့
သင်ဟာ အံ့သြ၀မ်းသာစရာကောင်းတဲ့ လက်ဆောင်တခုကို ရကောင်းရနိုင်ပါတယ်၊၊ ဒါပေမဲ့ သင်သိဖို့က လောကမှာ အလကားရတဲ့ နေ့လည်စာ မရှိပါဘူး။ အထူးသဖြင့် ယောကျာ်းလေးတွေဆီက အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်ရတဲ့ အခါမှာပေါ့။ သင့်ကို ဘယ်လောက်အတိုင်းအတာထိ သူက သတ်မှတ်တာလဲ၊ ကိုယ့်ဆီက သူ ဘာလိုချင်လို့လဲ.... ဆိုတာ တခါတည်းစဉ်းစားပါ၊ တတ်နိုင်ရင် ကိုယ့်ဘာသာ ၀ယ်နိုင်တာ အကောင်းဆုံးပါပဲ၊ ယောက်ျားလေးတွေဆီက မမျှော်လင့်ပါနဲ့။

၆၊ ရိုးသားပါ
ရိုးသားမှုကို တန်ဖိုးထားပါ။ ဒါပေမဲ့ သင်ဟာ တုံးအတဲ့သူ မဖြစ်ပါစေနဲ့။ သင်ဟာ အိမ်မှာ ထက်မြက်တဲ့သူတယောက် မဖြစ်ရင်နေပါစေ၊ အနည်းဆုံးတော့ အိမ်သုံး တန်ဆာပလာတွေနဲ့ ပတ်သက်ပြီး ရေးထားတဲ့ လမ်းညွန်စာအုပ်တွေကိုတော့ ဖတ်ရင် နားလည်ဖို့လိုပါတယ်၊

၇၊ ပိုက်ဆံကို အကျိုးရှိရှိသုံးပါ
မိန်းကလေးတွေက ပိုက်ဆံကို အကျိုးရှိရှိ သုံးစွဲသင့်ပါတယ်။ မလိုအပ်ပဲ အပို အလှအပ အ၀တ်အစားတွေ၊ ဖိနပ်တွေ ၀ယ်မဲ့အစား သင့်တင့်တဲ့ အ၀တ်၊ ၀တ်ရတာ အဆင်ပြေမဲ့အ၀တ်အစားတွေဆို လုံလောက်ပါတယ်။

၈၊ တည်တည်ငြိမ်ငြိမ် ပြောဆိုပါ
သင် စကားပြောတဲ့အခါ  တည်တည်တံ့တံ့ ရင့်ကျက်တဲ့ပုံစံနဲ့ ပြောဆိုပါ။ ကလေးဆန်စွာ ငြင်းခုန် ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး..... အသိဥာဏ်ရှိရှိနဲ့ တုံ့ပြန်ပြောဆိုပါ။ လူတယောက်နဲ့ သဘောထား ကွဲလွဲချင်ကွဲလွဲပါစေ၊ သူ့ရဲ့ သဘောထားကိုတော့ အသိအမှတ်ပြု လေးစားပါ။

၉၊ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ
သင်ဟာ တကိုယ်တည်းသမား ဖြစ်ချင်ဖြစ်မယ် .... ဒါမှမဟုတ် ယောက်ျားကောင်းတယောက်နဲ့ လက်ထပ်ထားတဲ့ အိမ် ထောင်ရှင် ဖြစ်ချင်ဖြစ်မယ်။ ဒါတွေက အရေးမကြီးပါဘူး.... အရေးကြီးတာက အတွေးအခေါ် မှီခိုမှု ကင်းဖို့လိုပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပြီး သူတပါးပေါ်မှာ မမှီခိုရတဲ့ သူမျိုးဖြစ်အောင် ကြိုးစားပါ။ အနည်းဆုံး ကိုယ့်လစာကိုယ် ရှာနိုင်ပြီး သုံးနိုင်တဲ့ သူမျိုးဖြစ်အောင် ကြိုးစားခြင်းဖြင့် သင့်ရဲ့ ဂုဏ် အရည်အချင်းကို ပြသပါ။

၁၀။ ဘ၀မှာ ပျော်ပျော်နေပါ
သင့်ရဲ့ အခုရရှိတဲ့ဘ၀ကို ပျော်ရွင်ကျေနပ်တဲ့ဘ၀ ဖြစ်အောင် နေဖို့ လေ့လာသင်ယူပါ။ ချစ်တာကို ခံရတာ ကံကောင်းပါတယ်၊ ချစ်သူရတယ်ဆိုတာ သင်ဟာ ချစ်ဖို့ကောင်းတဲ့လူတယောက် ဖြစ်နေလို့ပါပဲ။ တကယ်လို့ သူက လမ်းခွဲသွားခဲ့ရင်တောင် သူ့ရဲ့ ကောင်းမွန်တဲ့ ကြင်နာမှုတွေအတွက် အပြုံးနဲ့ပဲ ကျေးဇူးတင်ပါ။ သူတပါးကို သည်းခံတတ်ဖို့ ကြိုးစားပါ။ တာဝန်ယူနိုင်ခြင်း၊ စိတ်နှလုံးလှပခြင်း၊ ယုံကြည်မှု ရှိခြင်းတွေကသာ အောင်မြင်မှုကို ပို့ဆောင်ပေးပါတယ်၊
Credit: Zay Yar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.