လိုတရလက်....
တစ်ခါက သူငယ်ချင်းနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ခင်ကြ၏။
တစ်နေ့တွင် ၄င်းတို့အနက် တစ်ယောက်က လူတွေအကြားနေရသည်ကို ညည်းငွေ့လာလေသည်။
ထို့နောက် ရသေ့လုပ်တော့မည်ဟု သူငယ်ချင်း ကိုပြောပီးတောထွက်သွားလေ၏။
သို့နှင့် သူငယ်ချင်းနှစ်ဥိးတို့သည် နှစ်ပေါင်းများစွာ ပြန်မတွေ့ကြပဲရှိကြသည်။
ရွာတွင်ကျန်ခဲ့သော သူငယ်ချင်းကလည်း တောထွက်သွားသည့်သူငယ်ချင်းရသေ့ကိုသတိရလေ၏။
တနေ့ တွင် တောထွက်ရသေ့နေထိုင်ရာ တောနက်ကြီးထဲသို့ ကျန်တဦးမှ မမျှော်လင့်ပဲရောက်ရှိသွားပီး ပြန်လည်ဆုံတွေ့မိကြ၏။
ဝမ်းသာအားရ စကားပြောကြ၏။စကားပြော၍ ၀သောအခါ ရွာမှ သူငယ်ချင်းက " မိမိပြန်တော့မည် "ဟု သူငယ်ချင်း ရသေ့အား နုတ်ဆက်လေသည်။
ရသေ့က သူငယ်ချင်းကို လက်ဆောင်ပေးချင် သည်နှင့်အနားရှိ ကျောက်တုံး တစ်တုံး ကို လက်နှင့်တို့လိုက်၏။
ကျောက်တုန်းသည် ချက်ချင်း ရွှေတုန်းဖြစ်သွား၏။
" သူငယ်ချင်း....ဒါဟာ...မင်း အတွက် အိမ်အ ပြန်လက်ဆောင်ပဲယူသွားပါ....." ဟုရသေ့မှဆို၏။
ရွာနေ သူငယ်ချင်းမှ " ဟင့်အင်း မယူပါရစေနဲ့......"ဟု အအတင်းငြင်းဆန်လေသည်။
ထိုအခါ ရသေ့ မှ......" ဘာလဲ။ သူငယ်ချင်း မင်းက သေးတယ်ထင်လို့ မယူတာလား...ကောင်းပီ...."ဟုဆိုကာ
ရသေ့သည် ပိုကြီးသော ကျောက်တုန်းကို လက်ညှိုး ဖြင့် ထပ်တို့လိုက်ပြန်၏။
ယခင်ကအတိုင်းပင် ကြီးမားသော ရွှေတုန်းကြီးဖြစ်သွားပြန်၏။
ရသေ့မှ..
" သူငယ်ချင်း.....ကဲ.....ယူသွားပေတော့ .." .....ဟုဆိုရာ.....
သူငယ်ချင်းမှ ....." ..မယူချင်ဖူး " ဟု.......ထပ်မံ ငြင်းဆန်ပြန်၏။
ရသေ့လည်း အနည်းငယ် ဒေါသ ထွက်လာပီး.....
" မင်းဟာ ရွှေငွေ မမက်တဲ့သူ ဖြစ်နေပီလားကွ...။ဒီလိုဆို မင်းဘာလိုချင်လဲပြောစမ်းသူငယ်ချင်း..." ဟု မေးလေ၏။
ထိုအခါ သူငယ်ချင်း ဖြစ်သူ ဖြေလိုက်တာက.....
" မင်းရဲ့ လက် ညှိုးကို ပဲ ပေးပါကွာ...."...တဲ့
Credit: kaleb1995

Myanmar Kyat Converter
Leave a Comment