သင့်မေးစေ့ပုံစံလေးတွေက ဖော်ပြနေသော သင့်စိတ်ထား









၁။ သင့်မေးစေ့က နံပါတ် (၁) ပုံနဲ့ တူနေတယ်ဆိုရင် သင်က အမှားလုပ်မိရင်တောင် ခေါင်းမာတဲ့သူတစ်ယောက် ဖြစ်ပြီး သူများတွေကိုလည်း အားမနာတမ်း ပြောတတ်တယ်။သင်က သင့်စိတ်ရင်းမှန်ကို ဘယ်လိုဖော်ပြရမလဲ ဆိုတာကို မသိဘူး။ အဲ့ဒါကပဲ သင့်ကို သူတစ်ပါးက မကောင်းမြင်စေတဲ့ အချက်ဖြစ်ပါတယ်။ ပြီးတော့ သင်က မာနကြီးပြီး လူအများသွားဖို့ကို တွန့်ဆုတ်တတ်သူ ဖြစ်ပါတယ်။

၂။ သင့်မေးစေ့က နံပါတ် (၂) ပုံနဲ့ တူနေတယ်ဆိုရင် သင်က ဥာဏ်ရည် ထက်မြက်တဲ့သူ ဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်တဲ့ လူမျိုးဖြစ်တယ်။ ဒါပေမယ့် သင်က စိတ်ကယောက်ကယက် ဖြစ်တတ်ပြီး သူတစ်ပါးကိုတော့ ဝေဖန်တတ်ပေမယ့် ကိုယ့်စိတ်ကိုတော့ ပြန်စမ်းစစ်တဲ့ အခါမှာတော့ လိုအပ်ချက်တွေရှိပါတယ်။

၃။ သင့်မေးစေ့က နံပါတ် (၃) ပုံနဲ့ တူနေတယ်ဆိုရင် သင်က ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိပြီး အလုပ်ကို အင်မတန် ကြိုးစားတဲ့သူ ဖြစ်တယ်။ သင်က စိတ်ထဲမှာတော့ ပူလောင်နေပြီး အပြင်ဘက်မှာတော့ အပြင်မှာတော့ ထုတ်မပြတတ်ဘူး။

 ၄။ သင့်မေးစေ့က နံပါတ် (၄) ပုံနဲ့ တူနေတယ်ဆိုရင် သင်က စိတ်ထိခိုက်လွယ်ပြီး လူတိုင်းပေါ် အကောင်းမြင်စိတ်ရှိတယ်။ ပြီးတော့ “အစကောင်းမှ အနှောင်သေချာ ” ဆိုသလိုပဲ သင်က အလုပ်တစ်ခုကို စလုပ်ကတည်းက သေချာကြိုးစားပြီးလုပ်တတ်တယ်။

၅။ သင့်မေးစေ့က နံပါတ် (၅) ပုံနဲ့ တူနေတယ်ဆိုရင် သင်က သစ္စာတရားကို တန်ဖိုးထားတတ်ပြီး ဘဝကို ပျော်ပျော်ပါးပါးနဲ့ ဖြတ်သန်းချင်သူတစ်ယောက် ဖြစ်တယ်။ ပြီးတော့ သင်က ရင်းနှီးဖော်ရွေတဲ့ သူလည်း ဖြစ်သလို မိသားစု စုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါး နေရတာကိုလည်း ကြိုက်ပါတယ်။

၆။ သင့်မေးစေ့က နံပါတ် (၆) ပုံနဲ့ တူနေတယ်ဆိုရင် သင့်ဘဝမှာ အရာရာတိုင်းက လွယ်ကူနေပြီး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်တယ်။ သင်က ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင်လည်း အရမ်းကံကောင်းတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အားနည်းချက်ကတော့ စိတ်ဓါတ်မပြတ်သားခြင်းပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : gandawin

 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
သတင်းထူးများကို Facebook တွင် ဖတ်ရှု့ရန် အောက်တွင် Follow ကို နှိပ်ထားပါ။ Follow ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
 
Zaki Perfumes
 
iMyanmarHouse.com - Best Property Website for Myanmar
 
iMyanmarCars.com - Best Car Website for Myanmar
 
ShweRooms.com - Best Room Rental Website for Shwe Myanmars in Singapore
 
GroupBuyy
 
iMyanmarHouse.com - Mobile App
 
iMyanmar Dictionary - Myanmar to English Dictionary
 
iMyanmarAds - Online Advertising for Myanmar

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးမည်

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.