လှုံဆော်မှုအပေးဆုံး စာသား ၁၀

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးဟာ လူတစ်ယောက်ကို လှုံ့ဆော်မှုအပေးဆုံး စာသား ၁၀၀(quotes) ကို ဖော်ပြလာပြီး မဂ္ဂဇင်းကြီးရဲ့ လူဖတ်အများဆုံးထဲမှာ ပါခဲ့ပါတယ်။ ဒီထဲကမှ ထိပ်တန်းဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်....

 -ရောဘတ်ဖရော့
 “တောအုပ်ထဲမှာ လမ်းနှစ်လမ်းဟာ ခွဲထွက်သွားခဲ့တယ်။ အသွားနည်းတဲ့လမ်းကို ကျွန်တော်လိုက်ခဲ့တယ်။ ဒါကြောင့်လည်း လုံးဝခြားနားမှုတွေဖြစ်သွားခဲ့တယ်”

-ဖလော့ရင့်နိုက်တင်ဂေး
“ကျွန်မအောင်မြင်တာ ဒါကြောင့်ပါ - ဆင်ခြေ မပေးဘူး၊ ယူလည်းမယူဘူး”

-စတိဗ်ဂျော့ဘ်
“တကယ့်အလုပ်ကြီးတွေကို လုပ်ပြနိုင်တဲ့နည်းလမ်းက ခင်ဗျားလုပ်နေတာကို ခင်ဗျားချစ်ဖို့ပဲ”

-ဗုဒ္ဓ
“စိတ်ဟာအရာရာပဲ၊သင်တွေးတဲ့အတိုင်း သင်ဖြစ်လာတာ”


-ဗင်းဆင့် လန်ဘာဒီ
“နိုင်တာဟာ ဘာမှမဟုတ်ဘူး။နိုင်ချင်တာကမှ တကယ်"

-မာ့ခ်တွိန်း
“ခင်ဗျားဘဝတွင် အရေးပါဆုံးနေ့နှစ်ခုသည် ခင်ဗျား မွေးသောနေ့နှင့် ဘာကြောင့်မွေးလာလဲ ခင်ဗျားတွေ့သွားသော နေ့ဖြစ်သည်”


-အနာအိ(စ်)နင်း
“ဘဝဟာ လူတစ်ယောက်သတ္တိရှိသလောက် ကျုံတယ် ဒါမှမဟုတ် ကျယ်တယ်”

-ရှေးဟောင်းအိန္ဒိယစကားပုံ
“တချို့အရာတွေက ခင်ဗျားမျက်လုံးကို ဖမ်းစားတယ်။ ဒါပေမဲ့ ခင်ဗျားအသည်းနှလုံးကို ဖမ်းစားတာကိုပဲလုပ်ပါ”


-ဟင်နရီဖို့ဒ်
 “အရာရာတိုင်းဟာ ခင်ဗျားကိုဆန့်ကျင်လာပြီဆိုရင်တော့ သတိရပါ၊ လေယာဉ်ပျံဟာ လေကိုဆန်ပြီးသွားတာ။ လေနဲ့အတူ သွားတာမဟုတ်ဘူး”

-ဂျွန်လင်နွန်
“ကျွန်တော်ငါးနှစ်သားတွင် ပျော်ရွှင်မှုဟာ ဘဝအတွက် အဓိကသော့ချက်ပဲဟု အမေကပြောခဲ့သည်။ ကျွန်တော် ကျောင်းသွားသောအခါ ကြီးလာရင်ဘာဖြစ်ချင်လဲဟု သူတို့က မေးလာသည်။ ကျွန်တော်လည်း စာရွက်တွင်ချရေးလိုက်သည်။
”happy”
မေးခွန်းကိုနားမလည်ဘူးဟု သူတို့က ပြောသည်။ သူတို့ဟာဘဝကို နားမလည်ကြောင်း ကျွန်တော်ပြန်ပြောခဲ့သည်။


ဖိုးသူတော် phothutaw.com

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.