အင်တာနက်အလွန်အကျွံအသုံးပြုသော ဆယ်ကျော်သက်များ သွေးတိုးနိုင်သည့် အန္တရာယ်မြင့်မား

အင်တာနက်ပေါ်တွင် နာရီပေါင်းများစွာ အချိန်ကုန်လေ့ရှိသော ဆယ်ကျော်သက်များသည် ကျန်းမာရေးနှင့်မညီသော ကိုယ်အလေး ချိန် မြင့်တက်လာနိုင်ပြီး သွေးတိုးနိုင်သည့် အန္တရာယ်များကြောင်း သုတေသီများက ပြောသည်။

သီတင်းတစ်ပတ်လျှင် အနည်းဆုံး ၁၄ နာရီအင်တာနက်အသုံး ပြုသော ဆယ်ကျော်သက်များ သွေးတိုးလာကြကြောင်း ယင်းလေ့ လာမှုက ဖော်ပြသည်။ အင်တာနက်အသုံးပြုခြင်းမှာ မိမိတို့နေ့စဉ် ဘဝ၏တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း အင်တာနက်က မိမိတို့ကို အနိုင်မရသင့်ဟု အမေရိကန်နိုင်ငံ အက်ထရွိုက်မြို့ ဟန်နရီဖို့ဒ်ဆေးရုံမှ သုတေသီများက ပြောသည်။

ယခုလေ့လာမှုတွင် ဆယ်ကျော်သက်များ၏ အင်တာနက် အသုံးပြုချိန် အလွန်မြင့်မားသည်ဟု သတ်မှတ်သော ပမာဏမှာ သီတင်းတစ်ပတ်လျှင် ပျမ်းမျှ ၂၅ နာရီ အသုံးပြုခြင်းဖြစ်ကြောင်း သုတေသီများက ပြောသည်။

ယခုလေ့လာမှုအတွင်း
အသက်(၁၄)နှစ်နှင့် (၁၇)နှစ်ကြား ဆယ်ကျော်သက် ၃၃၅ ဦးပါဝင်ပြီး ကိုယ်ကာယဆိုင်ရာစစ်ဆေးမှု တွင် ၎င်းတို့၏သွေးပေါင်ကို တိုင်းတာခဲ့ခြင်းဖြစ်သည်။
ဆယ်ကျော်သက်များ၏ အင်တာနက်အသုံးပြုမှုကို ဝက်ဘ် ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုခြင်း၊ အီးမေးလ်ပေးပို့ခြင်း၊ မက် ဆေ့ခ်ျပို့ခြင်း၊ ဂိမ်းကစားခြင်း၊ အိမ်စာလုပ်ခြင်း၊ ဈေးဝယ်ခြင်း၊ ဆော့ဖ်ဝဲများ Download လုပ်ခြင်းနှင့် ဝက်ဘ်စာမျက်နှာများဖန် တီးခြင်း(သို့မဟုတ်)ထိန်းသိမ်းပြုပြင်ခြင်းတို့ကဲ့သို့ လုပ်ရပ်များကို အခြေခံ၍ သုတေသီများက လေ့လာခဲ့ခြင်းဖြစ်သည်။

အင်တာနက်ကို အချိန်အကြာကြီးအသုံးပြုသော ဆယ်ကျော် သက်များသည် အင်တာနက်ကို အတန်အသင့်သာ အသုံးပြုသူများ ထက် သွေးတိုးအန္တရာယ်ပိုများသည့်အပြင် ကိုယ်အလေးချိန်လည်း ပိုလာကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

လူငယ်များအနေဖြင့် ကွန်ပျူတာနှင့် စမတ်ဖုန်းများအသုံးပြု ခြင်းမှ ပုံမှန် အနားယူရန်လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားမှုပုံစံအချို့ ပုံမှန်ပြုလုပ်ရန် လိုကြောင်း သုတေသီများက ပြောသည်။
ကလေးများအင်တာနက်အသုံးပြုချိန်ကို မိဘများက ကန့်သတ်ပေးရမည်ဖြစ်ပြီး တစ်နေ့လျှင် ၂ နာရီ၊ သီတင်းတစ်ပတ်လျှင် ၅ ရက် အင်တာနက်အသုံးပြုခြင်းမှာ သင့်လျော်သော အသုံးပြုမှုဖြစ်ကြောင်း သုတေသီများက ပြောသည်။    
Credit : 7Day Daily

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.