အင်္ဂလိပ်စာ အမြန်ဆုံးတိုးတက်ဖို့ ပျော်စရာနည်းလမ်း ၁၀ ခု

အင်္ဂလိပ်စာကို ငယ်ငယ်ကတည်းက စသင်ရပေမယ့် တကယ့်တကယ်သုံးရတော့မယ်ဆိုတော့ ကိုယ့်ကိုယ်ကို အားမရဖြစ်နေသူတွေ များပါတယ်။ အဲသည်လိုဖြစ်နေလို့ အခြေခံကစ ပြန်သင်နေစရာမလိုပါဘူး။ ကိုယ်သိထား တတ်ထားတာကို အဆင့်မြှင့်ဖို့ပဲ လိုတာပါ။ အင်္ဂလိပ်စာကို ပျော်ပျော်ရွှင်ရွှင်၊ လွယ်လွယ်ကူကူနဲ့ အမြန်ဆုံးတိုးတက်ဖို့ ပညာရှင်တွေ အကြံပြုထားတဲ့အချက် ၁၀ ခု ရှိပါတယ်။

#1: အင်္ဂလိပ်လိုပြောတဲ့ ရေဒီယိုလိုင်းတွေ၊ podcasts တွေကို နားထောင်ပါ

အင်တာနက်ပေါ်မှာ ဖျော်ဖြေရေး၊ နိုင်ငံရေး၊ သတင်း စတဲ့ ကဏ္ဍမျိုးစုံကို ထုတ်လွှင့်တဲ့ ရေဒီယိုလိုင်းတွေ၊ podcast တွေ ရှိပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့လိုင်းကို ရွေးပြီး နားထောင်နိုင်ပါတယ်။
အန်းဒရိုက်ဖုန်းတွေအတွက်ရော အိုင်ဖုန်း၊အိုင်ပက်တွေအတွက်ပါသုံးနိုင်တဲ့ TuneIn ဆိုတဲ့ app က တော်တော်ကောင်းပါတယ်။ အင်တာနက်ဖွင့်၊ အဲသည် app ကိုဖွင့်ပြီး ကိုယ်ကြိုက်တဲ့ talkshow နားထောင်မလား၊ သတင်းလိုင်းရွေးမလား လိုင်းအစုံရှိပါတယ်။ ကားစီးရင်း နားကျပ်လေးတပ်ပြီး နားထောင်ရုံပါပဲ။ နားအကျင့်လုပ်ပြီးဖြစ်မှာပါ။

#2: YouTube ပေါ်က ထိပ်တန်းဗီဒီယိုတွေကို ၇ှာပြီး အနည်းဆုံး နှစ်မိနစ်လောက် ကြည့်ပါ။

ထိပ်တန်းဗီဒီယိုအများစုက ဟာသတွေပါ။ ကြည့်၇တာ အပန်းပြေပါတယ်။ ဗီဒီယိုတွေအပြင် အောက်မှာေ၇းထားတဲ့ ကွန်းမန့်တွေထဲက စာကြောင်းတွေကိုပါ ဖတ်ကြည့်ပါ။ ကိုယ်မရင်းနှီးတဲ့စာကြောင်းတွေကို တွေ့နိုင်ပါမယ်။ တစ်ခုတော့၇ှိပါတယ်။ ကွန်းမန့်တွေမှာေ၇းချင်သလိုရေးကြလို့ အားလုံးအမှန်လို့တော့ ယူလို့မ၇ပါဘူး။

#3: ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်လို ပြောကြည့်၊ သီချင်းဆိုကြည့်ပါ

အိမ်မှာတစ်ယောက်တည်းရှိချိန်၊ ရေချိုးနေချိန်မှာ စကားပြောကြည့်ပါ။ အင်္ဂလိပ်သီချင်းတွေဆိုကြည့်ပါ။ မကြာမကြာလုပ်ရင် အင်္ဂလိပ်စကားပြော မြန်မြန်ဆန်ဆန်တိုးတက်လာတာ အာမခံပါတယ်။

4#: ကိုယ့်အကြိုက်ဆုံးအဆိုတော်၊ မင်းသား၊ မင်းသမီးထဲမှာ အင်္ဂလိပ်စကားပြောတဲ့သူ ပါလား။ ပါရင် YouTube ကိုဖွင့်ပြီး အင်္ဂလိပ်လိုပြောတဲ့ သူ့အင်တာဗျူးအားလုံးကို ကြည့်ပါ.
ကိုယ်ချစ်တဲ့မင်းသား၊မင်းသမီး၊အဆိုတော်ကို ကြည့်နေရတော့ စာလေ့လာနေတယ်လို့ မခံစားရတော့ပါဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ကိုယ့်အတွက် တိုးတက်မှုရပါတယ်။

5#: ပန်းခြံမှာ၊ ဘုရားပေါ်မှာ၊ ဆိုင်မှာ ဘယ်နေရာမှာမဆို အင်္ဂလိပ်စကားပြောတဲ့သူတွေ အနားမှာ ထိုင်ပါ။ သူတို့ပြောတ နားထောင်ပါ။

သူများပြောတာကို ခိုးနားထောင်တဲ့အဓိပ္ပါယ်မဟုတ်ပါဘူး။ သူ ဘယ်လိုစကားလုံးသုံးသွားသလဲ ကြည့်၊ ဘယ်လိုနည်းနဲ့ ပြောသွားသလဲ နားထောင်ခိုင်းတာပါ။ သူပြောသမျှထဲက ကိုယ်ဘယ်လောက် နားလည်သလဲ။ သူတို့ပြောနေတဲ့ ယေဘုယျအကြောင်းအရာက ဘာလဲ။ စကားထဲမှာ ကိုယ်နားမလည်လိုက်တဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံး၊ စကားစုများ ပါသလား ကြည့်ဖို့ပါ။

#6: အင်္ဂလိပ်လိုရေးထားတဲ့ ဘေလ်ဘုတ်တွေ၊ ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေ၊ မဂ္ဂဇင်းတွေ၊ အဖွဲ့အစည်းတွေရဲ့နာမည်တွေကို အာရုံစိုက်ဖတ်ကြည့်ပါ။

အဲသည်ကြော်ငြာတွေရဲ့အဓိပ္ပါယ်ကို စဉ်းစားကြည့်ပါ။ ကိုယ် စာလုံးဘယ်နှလုံး နားလည်သလဲ။ အဲသည်စာလုံးကို တခြားနေရာမှာ တွေ့ဖူးလား။ ကိုယ်မြင်တဲ့အရာနဲ့ပေါင်းစပ်ပြီး စာလုံးတွေ စီကြည့်ပါလား။

#7: သီချင်းတွေကို ကြိုက်လား။ ကိုယ့်အကြိုက်ဆုံး အင်္ဂလိပ်သီချင်းတွေရဲ့ စာသားတွေကို ရှာကြည့်ပါ။

YouTube ပေါ်မှာ သီချင်းစာသားပါတဲ့ ဗီဒီယိုတွေကို ရှာနိုင်ပါတယ်။ ဒါမှမဟုတ် သီချင်းနာမည်သိရင် ဂူဂဲလ်မှာ lyrics လို့ ရိုက်ထည့်ပြီး ရှာရင် စာသားဖိုင်တွေ ထွက်လာမှာပါ။ ကိုယ့်အကြိုက်ဆုံးသီချင်းလေးကို နားထောင်တဲ့အခါတိုင်း စာသားလေးတွေကိုပါ ကြည့်ခြင်းဖြင့် သီချင်းလည်းရ၊ သူတို့လေယူလေသိမ်းကိုလည်း သိလာ၊ အသံထွက်လည်း ကောင်းလာပါလိမ့်မယ်။

#8: အင်္ဂလိပ်လို စာတမ်းထိုးတဲ့ ဗီဒီယိုဖိုင်တွေ၊ ဇာတ်လမ်းတွဲတွေကို ကြည့်ပါ။

သူတို့ဘာပြောလဲဆိုတာ နားမလည်လည်း အရေးမကြီးပါဘူး။ ကြည့်သာကြည့်ပါ။ လုံးစေ့ပတ်စေ့နားမလည်ရင်တောင် သူတို့အမူအယာတွေနဲ့ ပေါင်းစပ်ပြီး သိလာမယ်။ ကြာလာတာနဲ့အမျှ အပြင်လောကမှာ သူတို့ဘယ်လိုပြောလဲဆိုတာ ပိုနားလည်လာပါလိမ့်မယ်။

#9: အင်္ဂလိပ်လိုရေးတဲ့ ဖေ့စ်ဘုတ်ခ်ပေါ်က သူငယ်ချင်းတွေနဲ့ စကားပြောပါ။

ကိုယ့်ဝေါလ်ပေါ်မှာ အင်္ဂလိပ်လိုပြောတဲ့သူတွေ ရှိတဲ့အခါ သူတို့ပို့စ်တွေကို နေ့တိုင်းမြင်နေရပြီး သတင်းတွေ၊ ထင်ရှားတဲ့ ဗီဒီယိုတွေအပေါ် သူ့သဘောထားကို သိနိုင်ပါမယ်။ ဖေ့စ်ဘုတ်ခ်ပေါ်က ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ဆရာဖြစ်နိုင်တာပါပဲ။ အချိန်ရတဲ့အခါ သူတို့ပို့စ်တွေမှာ ကွန်မန့်ပေးတာ၊ သူတို့နဲ့ ချက်တာတွေ လုပ်လို့ရပါတယ်။

#10: ပြောဖြစ်အောင် ပြောပါ။ ရေးဖြစ်အောင် ရေးပါ။ နားထောင်ဖြစ်အောင် နားထောင်ပါ။ မပြောရဲတာတွေ၊ နားမလည်တာတွေ ဘယ်လောက်ရှိရှိ စွတ်ပြောပါ။

လမ်းပျောက်နေတဲ့တိုးရစ်တစ်ယောက်ကို လမ်းညွှန်ပေးပါ။ သူတို့ကို ကူညီတဲ့အခါ ကိုယ့်စကားဘယ်လောက်မှားမှား သူတို့က ဗွေမယူပါဘူး။ အင်္ဂလိပ်စာသင်တန်းတက်နေတယ်ဆိုရင်လည်း ကိုယ့်အခြေအနေဘယ်လိုလဲ။ ဘယ်လိုအကူအညီလိုအပ်နေလဲဆိုတာ ဆရာကိုပြောပြပါ။ အင်္ဂလိပ်လို ပြောလို့ရတဲ့နေရာ ရောက်တိုင်း အင်္ဂလိပ်လိုပဲ ပြောပါ။ စကားကို နှေးနှေးပဲ ပြောနိုင်ရင်လည်း အရေးမကြီးပါဘူး။ ကိုယ်က လေ့လာနေတာဖြစ်တဲ့အတွက် နှေးတာဟာ သဘာဝပါပဲ။

အင်္ဂလိပ်စာကို မိခင်ဘာသာစကားလို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ကြပါစေ။
Credit: စုပြည့်စုံ

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.