ချစ်သူ အနားမှာ

'မ မောင်တို့ ခိုးပြေးရအောင်ကွာ''
''မောင်ကလည်း စောပါသေးတယ် မောင်က ငယ်သေးတယ်လေ''
ထိုစကား လေးတစ်ခွန်းဖြင့် မင်းလူ စောင့်နေခဲ့တာ
သီတင်းကျွတ်တွေ ပင် မနည်းတော့ ။
ရွှေ၊ငွေ၊ဂုဏ်ပကာ သန တွေနဲ့ မွေ့လျှော်နေတဲ့
နွယ်နွယ်တို့ အသိုင်းအဝိုင်း က မင်းလူလို တစ်ကောင်ကြွက်
အလုပ်မရှိအက်ုင်မရှိ တစ်ယောက်နဲ့ သဘောမတူတာ
မိဘတွေရဲ့ သားသမီးပေါ် ထားတဲ့ အချစ်ဆို မမှားပါဘူး။
ငယ်ရည်းစား တွေ ဆိုတော့လည်း မင်းလူ ဘက်ကတော့
အစားထိုးစရာ မရှိတော့သည့် တိုင် ချစ်မိခဲ့သည်။
ူသူတို့ နှစ်ယောက်၏ အချစ်က နစ်ကြာလာလေ
ခိုင်မြဲလာလေ မရိုးနိုင်အောင် ရစ်ပတ်ခဲ့သည်။
''မောင် မတို့ အိမ်ပြောင်းမလို့ ''
''ဘာလည်း မောင့်အိမ်လာ နေမလို့လားဟားဟား''
''မဟုတ်ပါဘူး ဒီမြို့ကနေ အပြီးပြောင်းတော့မှာ ''
မင်းလူ ရယ်သံများ ကွယ်ပျောက်သွားသည်
''ဟင်း တကယ်လား မောင်တို့ခိုးပြေးရအောင်မရယ်''
နွယ်နွယ် ပါးပြင်ပေါ် က စီးကျလာသော မျက်ရည်များ
ကို အံတုရင်း တုန်ရီစွာဖြင့်
''မ ကိုမေ့လိုက်ပါတော့ မောင်ရယ် လူကြီးတွေ စီစဉ်တဲ့
အတိုင်း မနေတော့မယ်''
မင်းလူး စကားပြန်ပြောရန် ဟန်ပြင်နေစဉ် မှာပဲ

သူမလှည့်ထွက်သွားခဲ့ သည်။
မျက်ရည် စများဖြင့် ပြည့်နှက်နေသော မင်းလူး မျက်ဝန်ကို
ယှဉ်ပြိုင် မကြည့်ဝံ့သောကြောင့်ထင်သည်။
မချစ်လို့ လက်တွဲဖြုတ်ကျသည် မဟုတ် မင်းလူ ဆိုတဲ့
ကောင်ကို ယူရင် သေခန်းပျက်ဆိုသော မိဘ တို့၏
စကားက တစ်ဖတ် နှင့်မို့ အချစ်ကို နှင်ချေ ခဲ့သည့်
သူမ နွယ်နွယ်
#############################
မင်းလူတစ်ယောက် စိတ်ပေါက်ပေါက် နှင့် အရက်သာ
သောက်နေတော့သည် သူကိုယ်တိုင်လည်း ဘာမှ
မတက်နိုင်။ တစ်ကောင်ကြွက်ဘဝ နှင့် ဆင်းရဲ
နုံချာသော သူ့ဘဝ ကို အားမရ ဖြစ်ခဲ့သည်။
ထိုမှစ၍
သူကိုယ်တိုင်က လည်း အလုပ်ကို နေဆက်ညဆက်
လုပ်လာခဲ့သည် အခုဆိုလျှင် ၆လ ပြည့်လေပြီး။
ချစ်ရသူနွယ် ရဲ့ သတင်းကိုတော့ အစအန တစ်ခါတစ်လေ
ကြားရသေးသည်။
နွယ်နွယ် ကတော့ မိဘတွေရဲ့ စကားတွေကြားမှာပဲ
သူ့ဘဝကို ပျော်ရွှင်စေခဲ့ပါပြီး။
''ဒါက ကျွန်တော်တို့သား အောင်ခန့် ပါ
အလုပ်က လွှတ်ထားလို့ မရတော့ တော်တော်နဲ့
မလာဖြစ်တာစိတ်မရှိပါနဲ့''
''ဟာဗျာ ရပါတယ် ကိုတင်ထွဋ် ရာပြောရမဲ့လူတွေမှ
မဟုတ် ဒါနဲ့လာရင်းကိစ္စက''
''သားရေးသမီးရေးပေါ့ ဗျာ ကျုပ်သားကို ထိန်းကြောင်းဖို့
လူလိုနေပြီးဗျ ဟားးး''
''ကဲပါဗျာ အမြန်စုံး စီစဉ်လိုက်ကြတာပေါ့''
နှစ်ဖတ်မိဘများ ၏ အစီအစဉ် ဖြင့် နွယ်နွယ်တို့ မင်္ဂလာပွဲ
ကျင်ပခဲ့ကြသည်။
မိဘ သဘောကျပေမို့ နွံယ်နွယ်တစ်ယောက်
စောတက တက်မနေတော့ လက်ခံခဲ့သည်။
မင်္ဂလာ ဖိတ်စာကို လူကြုံနှင့် မင်းလူစီသို့ ပို့ဖြစ်ခဲ့သည်
သို့သော် ထိုမင်္ဂလာပွဲ မင်းလူ မရောက်လာခဲ့ပါချေ။
လူကြုံ နှင့် စာတစ်ခုတော့ ရောက်လာခဲ့သည်။
စာအိပ်ငယ်ပေါ်တွင် စာငယ်တစ်ခု ရေးထားလေသည်။
မနွယ်နွယ်စီသို့
(ထိုနေ့မှ စ၍ 6လပြည့်မှ ဖွင့်ပါရန်)
မင်းလူ်
နွယ်နွယ် အောင်ခန့် မသိအောင်စာအိပ်လေး သိမ်းထား
လိုက်လေသည်။်
တစ်လ ပြည့်သောအခါ နွယ်နွယ်နှင့် အောင်ခန့်တို့
အိမ်ခွဲခဲ့ကြသည်။
ညာကာ စ ဇနီးမောင်နှံ ပေမို့ ဇနီးကို မျက်စိအောက်က
အပျောက်မခံ ထိုပြုစု မူတွေကြား မင်းလူဆိုတာ
နွယ်နွယ်ရဲ့ စိတ်ထဲမှာ ဘာမှ မရှိတော့
တစ်ချိန်ကတော့ သူမ လည်း အသည်းနဲ့ ထပ်တူ ချစ်ခဲ့ဖူးပါသည်။
တစ်ဖြည်းဖြည်းနှင့် အောင်ခန့် ဇာတိက ပေါ်လာသည်။
မိန်းမရူပ်တဲ့ အပြင် အရက်ပါ နေတိုင်း သောက်သည်
ညာကာစ တုန်းက တော့ ထိုသို့မဟုတ် အခုဆို
ရစ်ပါရစ်တောသည်။
အရင်မင်းလူ နှင့် ကြိုက်ခဲ့ သည်ကိုပါ သိသွားခဲ့၍
မူးလာလျှင် ရစ်တက်လာသည်။
''ကိုအောင်ခန့် ရှင် တစ်ညတစ်လေလောက် မသောက်ပဲ
နေပါ့လား''
''တစ်ခါတစ်လေပါ နွယ်ရဲ့''
''ရှင့်အချိုးနဲ့တော့ ကျွန်မ ရင်လေးပါတယ်''
အောင်ခန့် သူခိုးလူမိသွားသလို မျက်နာထားနှင့်
''ဘာ!!! နင့်အချိုးကရော ဘာမို့လို့လည်း ငါ့ကိုများ
ကြီးကြီးကျယ်ကျယ်နဲ့ငါနော်''
အောင်ခန့် လက်ဖြင့်နွယ်နွယ်အား ရွယ်လိုက်သည်
''ဖောင်းး''
သူက လက်ရွယ်ယုံသာ တစ်ဖတ်က ပြန်ရိုက်လိုက်သည်
''ဟင်းနင်က ရိုက်ရဲတယ်ပေါ့''
''ကျွန်မ ဘာလုပ်လို့လည်း ကိုအောင်ခန့်''
ပြင်းထန်လှသော ရိုက်ချက်ကြောင့် အောင်ခန့် ပြာဝေ
သွားသည်။
ဒေါသလည်း တော်တော်ထွက်သွား သည် မယား
ကိုသာ မဲလေတော့သည်။
''ငါ့မိဘ တွေက အတင်ပေးစီစဉ်လို့သာပေါ့
နင့်အရင်ရည်းစာ ထပ်သာတော့ နင်ဘယ်ငြင်းမလည်း''
''ရှင်ကျွန်မ ကို အဲ့လိုမပြောနဲ့ ကျွန်မ မိကောင်းဖခင်သား
သမီးပါ''
နွယ်နွယ် တစ်ယောက် ရှက်သွားပြီး ငိုချင်လာသည်
သူမ ကို မိဘ တွေပေးစားလို့ အတင်ယူရတဲ့ ပုံစံ၊ငွေကြေး
ရှိလို့ ယူခဲ့တဲ့ပုစံ
နှင့်ပြောနေခြင်းကြောင့်ဖြစ်သည်။
မိန်ကလေး တစ်ယောက် ထိုသို့ အပြော ခံရသည်မှာ
မြိုသိပ် မနိုင်တော့ နွယ်နွယ် ငိုချ လိုက်သည်။
''ဟင့်းးးအီးးးဟီးးးးး'''
''ဝုန်းးး''
ပြင်းထန်လှသော ထိချက်ကြောင့် အောင်ခန့် လှဲကျသွား
သည်။
မူးနေသည့် ကတစ်ကြောင်း ထိချက် အရိုန်က တစ်ကြောင်း
မို့ ထိုည အောင်ခန့် မထနိုင်တော့
ပေ မနက်လင်းတော့ အရက်ရိုန်ကြောင့် ကောင်းကောင်း
မမှတ်မိတော့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။
ထိုည အမူအယာ ကို နွယ်နွယ်သာ အကုန်မှတ်မိသည်
ပြန်တော့ မပြောရဲချေ။
''ဘယ် က နင့်ယောက်ျာ လာတာလည်းဆို ရှင်းမပြ
ဖြစ်တော့မည် အရင်ထဲက အပြစ်မရှိအပြစ်ရှာ
နေချင်သည် သူအကြောင်းတွေသိ၍
ရှက်ရမ်းရမ်းကာ ဘာမဟုတ်တာကို ဟောက်တက်သည်။
နောက်ည များမှာလည်း စကားများတိုင်း
ထိုဘယ်က လာမှန်း မသိသော ရိုက်ချက်ဖြင့် အောင်ခန့်
ခံရပေါင်း များလာသည်
သူကိုယ်တိုင်ပါ ကြောက်လန့်လာခဲ့လေသည်။
အောက်လမ်းဆရာများ ခေါ်၍ အိမ်ကို အစီအမံ ယတြာများ ဖြင့်
ပြုလုပ်ကြသည်။
သူမမူးပဲ စကားမများသော နေဆို လျှင့် တစ်စိုတစ်စိမှ
ထူးခြားမူမရှိ။
အောင်ခန့် မမူးပဲ ရန်ရှာကြည့် သည် နေဘက် တော့မထူး
ခြား ညဘက်ဆိုလျှင် ဘယ်ကလာမှန်း မသိသော
ရိုက်ချက်က အောင်ခန့်ကို ပြာဝေထူပူသွားတက်သည်။
အရက်အိမ်ပိုင်ရှင်ကို မေးသော်လည်း ထိုအဖြစ်အပျက်မျိုး
တစ်ခါမှတောင် မကြုံဘူး ဟုပြောသည်။
အောင်ခန့်နောက်ပိုင်း အရက်သိပ်မသောက်ဖြစ်တော့
မူးလာလို့ စကားမှားသွားရင် အရိုက်ခံနေရသည်။
တစ်နေ့ အောင်ခန့် ဆရာ တစ်ယောက် ခေါ်ကာ
အိမ်သို့ပြန်လာသည်။
''ငါ့တူ ပြောတာ သေချာလား ''
''ဟုတ်ပါတယ် ကျွန်တော့ ဇနီးနွယ်ကို မေးကြည့်ပါ''
လင်မယား နစ်ယောက် အကျိုးအကြောင်း ဖြစ်စဉ်
ကို ပြောပြလိုက်သည်။
''ဒါဆို မမူးလို့ စကားမများရင် ဘာမှ မဖြစ်ဘူးပေါ့''
''ဟုတ်ပါတယ် ဒီအိမ်က နတ်ကြီးတာလား''
''မဟုတ်လောက်ဘူး ငါ့တူရ''
ဆရာမှာ တစ်ခုခု ကို သေချာစဉ်းစားရင်း
''ဆရာထင်တာတော့ သမီးနွယ်နွယ်ကိုစောင့်ရှောက်တယ်
ထင်တာပဲ ဒါနဲ့ သမီး အမျိုးဘက်က ဒီလပိုင်း ဘယ်သူဆုံး
လည်''
နွယ်နွယ် အမျိုးဘက်ကလည်း တစ်ယောက်မှ ဆုံးတယ်မကြား
အဲလောက် ချစ်တဲ့လူက လည်း အမေအဖေ သာရှိသည်
''မရှိပါဘူး ဘာလို့လည်းဆရာ''
''သမီးနဲ့ အရင်းနှီး ဆုံးလူတစ်ယောက် ဖြစ်မယ်ထင်တယ်''
နွယ်နွယ် စဉ်းစားရင်း တွေဝေသွားလေသည်။
သူတစ်ခု ခု ကို သတိယ ဟန်ဖြင့် အိမ်ခန်းထဲ ဝင်သွားသည်။
သေတ္တာ တစ်ခု အတွင်းမှ စာတစ်ခု ကို ဖွင့်ဖတ်လိုက်သည်။
''မရယ်
ဒီဘဝ မနီးစပ်ရရင်လည်း
နောက်ဘဝ ကို မျှော်နေပါ့မယ်
မောင်ဘယ်ဘဝရောက်ရောက်
မ အနားမှာပါ
ဒီဘဝ အတွက် နုတ်ဆက်ခဲ့ပါတယ်''
မင်းလူ
ဒါဆို သူမ ကို စောင့်ရှောက်နေတားးးးးး
နွယ်နွယ် စာလေးကို ဆုတ်ကိုင်ရင်းးးးးးမျက်ရည်များ
ကျဆင်းလာသည်။
Credit:YarGaLay

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.