သင့်ဗိုက်ကချက်က ဘယ်လိုပုံစံလဲ တစ်ချက်လောက်ရှိုးမယ်....

ချက်ရဲ့ပုံလေးကိုကြည့်ပြီး ကိုယ်ကတော့ ဘယ်လိုချက်ပိုင်ရှင်ဖြစ်လိမ့်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။ မတ်မတ်ရပ်ပြီးမှ ကိုယ့်ချက်ကို ကိုယ်ကြည့်နော်။

-ဝိုင်းသောချက်ပိုင်ရှင်
 ရိုးသားပြီး ချစ်စရာကောင်းသောသူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အသေးအဖွဲကိစ္စတွေဆိုရင် ခေါင်းထဲမှာ မထားပါ။

-ဒေါင်လိုက်ရှည်သော ချက်ပိုင်ရှင်
 သူများကို ကူညီချင်သောစိတ်ဓာတ်ပြင်းထန်သူ၊ ငွေရေးကြေးရေးနှင့်ပတ်သက်၍တော့ ကပ်စီးနဲသူဖြစ်ပါလိမ့်မယ်။

-ချက်ဆူ ပိုင်ရှင်
 သံယောဇဉ်ကြီးသောသူ၊
ခင်ပြီဆိုရင် သူငယ်ချင်းအဖြစ် တသက်လုံးလက်ခံထားသူ၊ ဒါပင်မဲ့ ပိုက်ဆံအသုံးကြမ်းသောသူ ဖြစ်လိမ့်မယ်။ နောက်ပြီး ပိုက်ဆံတို့၊ အာဏာကို မက်လိမ့်မယ်။

-အပေါ်သို့ထောင်နေသောချက် ပိုင်ရှင်
ကြိုးစားပြီး ရိုးသားသောသူ၊ အလုပ်ကို လေးလေးစားစား ဝီရိယရှိသောသူ၊ အမှန်ကို အမှန်အတိုင်း ရိုးရိုးကြီးဖြစ်တဲ့အတွက် ယောင်္ကျားကောင်းရလိမ့်မယ်။

-ဘေးသို့ရှည်သော ချက်ပိုင်ရှင်
★ ပျော်ပျော်နေတတ်ပင်မဲ့လည်း ကိုယ့်ရဲ့ရည်စား၊ ချစ်သူ အပေါ်မှာ မူတည်ပြီး စိတ်နေစိတ်ထားက ပြောင်းလဲသွားတတ်၏..

-အောက်သို့ စိုက်နေသော ချက်ပိုင်ရှင်
ကံကောင်းလိုက် မကောင်းလိုက်နဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်သူ၊ ပိုက်ဆံက လက်ထဲမှာ မရှိတတ်ပါ။ အသက်ကြီးရင် ဒုက္ခရောက်တတ်၏။

-Y ပုံချက်ပိုင်ရှင်
ကလေးဆန်သောသူ၊ တစ်ခုခုကို လေ့လာမှတ်သားရတာကို စိတ်ဝင်စားသူ၊ အနုပညာကို နှစ်သက်သူ၊ သတင်းဗဟုသုတကို စုဆောင်းရတာကို နှစ်သက်ပါလိမ့်မယ်။

-ရေလှိုင်းပုံ ချက်ပိုင်ရှင်
စိတ်ကြီးလို့ လူကောင်းလား လူဆိုးလား နှစ်ခုထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဘာကိစ္စမဆို တော်ရုံနဲ့ မဆုံးဖြတ်နိုင်ပါ။

- အတွင်းအထိ မြင်ရသော ချက်ပိုင်ရှင်
 ဖြစ်သလိုနေတတ်သူ၊ အဆင်ပြေသလိုနေပြီး ဖြစ်သမျှအကြောင်း အကောင်းချည်းသာ ထင်ထားသူဖြစ်ပါလိမ့်မယ်။

Credit: Chelmo Team

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.