သင့်အချစ်ရေး အောင်မြင်ဖို့

အာင်မြင်တဲ့အချစ်ဖြစ်ဖို့ စည်းမျဉ်းတွေ အများကြီးမလိုပါဘူး။ အောက်ပါအချက်လေးတွေကို လိုက်နာမယ်ဆိုရင် အချစ်က သင့်အတွက် ဖဲမွေ့ယာ ရွှေကော်ဇောဖြစ်လို့ နေမှာ အသေအချာပါပဲ။

၁။ အတ္တမကြီးဘူး တစ်ကိုယ်ကောင်းမဆန်ဘူးလို့ အထင်ခံရအောင်နေဖို့ သင့်အတွက် အရမ်းခက်ခဲတယ်ဆိုရင်တောင် အတတ်နိုင်ဆုံးတော့ သင့်အတ္တကို နောက်တန်းပို့ပြီး သူ့ကို ချစ်ပြလိုက်ပါ။

၂။ နှလုံးသားရေးရာနဲ့ပတ်သက်လာလျှင် သင့်ချစ်သူဘက်ကနေလည်း ၀င်ခံစားကြည့်ပါ။

၃။ ဖြစ်နိုင်လျှင် ငြင်းခုံရန်ဖြစ်တာတွေကို အမြန်ဆုံးသာ လက်ပြနှုတ်ဆက်လိုက်ပါ။

၎။ အထိအတွေ့လေးတွေ ပုံမှန်လို ရှိပါစေ။ သို့ပေမယ့်လည်း ဒါနဲ့ချည်း အချိန်အများကြီး ကုန်မနေပါနဲ့။ ဥပမာ လိင်ကိစ္စကို တာဝန်တစ်ခုလို အချိန်ဇယားနဲ့ အကောင်အထည်ဖော်တာမျိုးကနေ ရှောင်ကြဉ်ပါ။ ပျင်းရိငြိငွေ့ဖွယ် ဖြစ်သွားနိုင်ပါတယ်။

၅။ လူချင်းမတွေ့အားရင်တောင် ဖုန်းဆက်တာဖြစ်ဖြစ် မက်ဆေ့ဂ်ျပို့တာမျိုးဖြစ်ဖြစ် ပြုလုပ်ပြီး အချိန်တွေကြာလာတာနဲ့အမျှ အချစ်တွေတိုးအောင် ပျိုးထောင်ပါ။

၆။ တစ်ဦးချင်းစီရဲ့ဘ၀ တိုးတက်ရေး အကောင်အထည်ဖော်နိုင်အောင် အပြန်အလှန် ကိုယ်ပိုင်အချိန်လေးတွေ ပေးကြပါ။ ဘယ်လောက်ပဲ ရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်ဖြစ်
တစ်ဦးတည်းနေချင်တဲ့ နေဖို့သင့်တဲ့ အချိန်လေးတွေလည်း ရှိပါတယ်။

၇။ သူက သူ၊ ကိုယ်က ကိုယ်ဆိုတာကို နားလည်ပါ။ ဒါက သင်တို့ကြားက မပြေလည်မှု၊ အငြင်းပွားမှုတွေကို အလွယ်ကူဆုံး အဆုံးသတ်စေမယ့် နည်းပါ။ မိမိက ဒါကို ကြိုက်တိုင်း သူလည်း ဒါကို ကြိုက်ရမယ်ဆိုပြီး အတင်းအဓမ္မ မလုပ်ပါနဲ့။ တနည်းဆိုရသော် လူ့အခွင့်အရေးကို လေးစားပါ။

၈။ သင်တို့ဆက်ဆံရေးကိုလည်း မထိခိုက်ဘူး၊ သင့်ချစ်သူကိုလည်း ပျော်ရွှင်စေမယ်ဆိုရင် လိုအပ်တဲ့အချိန်မှာ မုသားဖြူဖြူလေးတွေလည်း သုံးတတ်ပါစေ။

၉။ အပြုသဘောဝေဖန်ပေးပါ။ ဒါက သင့်ချစ်သူကို ပိုပြီးကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ပုံဖော်ပေးပါလိမ့်မယ်။

၁၀။ သူလိုအပ်ရင် နားခိုခွင့်ပေးဖို့ သင့်ပုခုံးတွေ အသင့်ရှိပါစေ။ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေဆိုတာ သင်တို့ဆက်ဆံရေးကို စာမေးပွဲစစ်လိုက်တာပါပဲ။ သင့်အချစ်သူနားမှာ အမြဲအသင့်ရှိပေးလိုက်ပါ။ မုန်တိုင်းပြီးတဲ့အခါ အချစ်တွေ ပိုတောက်ပလာပါလိမ့်မယ်။

၁၁။ သူ့သူငယ်ချင်းတွေ အားကျအောင်သာ ကြင်နာပြလိုက်ပါ။ လူပုံအလယ်မှာတော့ ဘယ်တော့မှ ရန်မဖြစ်ပါနဲ့။

၁၂။ အိမ်ထောင်ကျပြီးလို့ နှစ်တွေကြာလာသည့်တိုင် ခဏခဏချိန်းတွေ့ထွက်လည်ပေးပါ။ ဒါက သင်တို့အချစ်ရေးကို အမြဲရှင်သန်အောင် ထိန်းသိမ်းထားမယ့်နည်းပေါ့။

၁၃။ အပြန်အလှန် sexy ကျကြပါစေ။ ဘယ်သူမဆို အဆီတွေရစ်နေတဲ့ ဗိုက်ပူပူကြီးထက် ဗိုက်သားချပ်ချပ်လေးတွေကို ပိုနှစ်သက်ကြမှာပဲလေ။ ဘယ်လိုနေနေ ချစ်မှာပါပဲလေဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြစ်ကတတ်ဆန်း မနေလိုက်ပါနဲ့။

၁၄။ အသေးအဖွဲလေးပင်ဖြစ်စေ သူကိုယ့်အတွက် လုပ်ပေးတာအတွက် ကျေးဇူးတင်ကြောင်း ကျေနပ်ကြောင်း ဖော်ပြပါ။

၁၅။ မွေးနေ့တို့ သင်တို့ကြားက နေ့ထူးနေ့မြတ်လေးတွေကို နှစ်ဦးသားကြည်ကြည်နူးနူးဆင်နွှဲပါ။

၁၆။ သူ့ရင်ထဲ မျက်သွားအောင် ဘယ်တော့မှ မလုပ်ပါနဲ့။ သင့်တို့ဆက်ဆံရေးကို နာကျင်စေမယ့် အမာရွတ် ဖြစ်သွားနိုင်ပါတယ်။

၁၇။ အညှိုးအတေးတွေမထားဘဲ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ ခက်ခဲတယ်ဆိုပေမယ့် ခွင့်လွှတ်ခြင်းဟာ အချစ်စစ်အချစ်မှန်တို့ရဲ့ မှတ်ကျောက်တစ်မျိုးပါပဲ။

၁၈။ သင့်ချစ်သူကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားသမှုရှိပါစေ။

၁၉။ သင့်မှာ ချစ်သူမတိုင်ခင်ကတည်းက မိဘမောင်နှမဆွေမျိုးသူငယ်ချင်းတွေ စသဖြင့် ချစ်ရမယ့်သူတွေ ရှိပြီးဖြစ်သလို သူ့မှာလည်း ချစ်ရတဲ့သူတွေ ရှိပြီးသားဆိုတာ နားလည်ပါ။ သူကို တစ်ယောက်တည်း သိမ်းပိုက်ထိန်းချုပ်ထားဖို့ မကြိုစားပါနဲ့။

၂၀။ ဘယ်သူတွေ ဘာပြောပြော သင့်ချစ်သူနဲ့ သင့်ရဲ့ဆင်ခြင်ဥာဏ်ကို ယုံကြည်ပါ။

၂၁။ စိတ်ဘယ်လောက်ဆိုးဆိုး မဆဲဆိုပါနဲ့။ နစ်နာအောင် မပြောပါနဲ့။

၂၂။ အချိန်လေးတွေကို ကြည်နူးဖွယ်ရာ ကုန်ဆုံးပါ။ တွေ့တာနဲ့ ရန်ဖြစ်တာမျိုးမလုပ်ပါနဲ့။

၂၃။ ကလေးတွေလိုလည်း ပြုမူကြပါ။ တစ်ယောက်နဲ့တစ်ယောက် ခေါင်းအုံးရိုက်ကစားတာတို့ နပမ်းလုံးတာတို့ပေါ့။ သင်တို့ဆက်ဆံရေးမှာ အပျော်လေးတွေ ရောက်လာဖို့ ကူညီပေးမှာပါ။

၂၄။ တခမ်းတနားကြီး ငွေကုန်ကြေးကျမှ မဟုတ်ပါဘူး သူ မထင်မှတ်ထားတဲ့ အပြုအမူလေးတွေနဲ့လည်း သင့်အချစ်ကို ပြသပါ။ စီစဉ်ထားတဲ့အရာတွေထက် မထင်မှတ်ထားတဲ့အရာတွေက ပိုပျော်စရာ ကောင်းတတ်ပါတယ်။

၂၅။ ဘာတွေ ဘယ်လိုပဲ ပြောကြရေးကြသည့်တိုင် ဆက်ဆံရေးဆိုတာ တခြားသူဆီကမဟုတ်ဘဲ ကိုယ့်ဆက်ဆံရေးထဲက ကိုယ့်အတွေ့အကြုံအောင်မြင်မှုကျရှုံးမှုတွေကနေ လေ့လာပြီးတော့ပဲ တိုးတက်ကောင်းမွန်အောင် ဖန်တီးယူရမယ့်အရာပါ။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.