စိတ်ဓာတ်


  ဖြစ်စရာရှိသည့်အတိုင်းပင် သင်ဖြစ်ရလိမ့်မည်။
မအောင်မြင်မှုက သူ၏ အကြောင်းအရင်းကို
ပတ်ဝန်းကျင် ဆိုသည့်
အရးမပါသော စကားလံးမှာ ရှာဖွေကာ
နှစ်သိမ့်မှုပေးနေမည်ဖြစ်သော်လည်း
စိတ်ဓာတ်ကမူ
ယင်းကို မထေမဲ့မြင်ပြုကာ
လွတ်လပါစွာပင် ရပ်တည်သည်။
v  သူသည် အချန်ကာလကို စိုးမိုးသည်။
နေရာ ဋ္ဌာနကိုလည်း အောင်နိုင်သည်။
ကံကြမ္မာတည်းဟူသော ၀င့်ကြွားတတ်သူ
လူလှည့်စားကို
ချိုးနှိမ်ငြိမ်ဝပ်စေသည်
အခြေအနေ အကြောင်းခြင်းရာတည်းဟူသော
အာဏာရှင် ဘုရင်မင်းကို
သရဖူဖြုတ်ပယ်ကာ
အစေအပါးအဖြစ် ခစားစေသည်။
v  မသေဆုံးနိုင်သော နာမ်ဝိညာဉ်မှ ပေါက်ဖွားခဲ့သည့်
စိတ်ဓာတ်တည်းဟူသော
မမြင်ရသည့် စွမ်းအား၊
သည်စွမ်းအားသည်
ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းတွင်
ကျောက်သားနံရံ ခြားထားသော်လည်း
ထွင်းဖောက၍ သွားမည်ပင်။
v  ထို့ကြောင့် ဖြစ်လိုရာ မဖြစ်သေးဘဲ
နှောင့်နှေးကြန့်ကြာနေသည့် ကာလမျိုးတွင်
နှေးကွေးလှဘိဟု
ညည်းညူမြည်တမ်းမှုမပြုပါနှင့်။
နားလည်သူပီသစွာ
စောင့်စည်းသည်းခံပါ။
စိတ်ဝိညာဉ်ကြိုးကြွနိုးထပြီး
အရာရာကို စီမံခန့်ခွဲပြီဆိုလျှင်
နတ်ဒေ၀တာများကိုပါမကျန်
နာခံရန် အသင့်ရှိကြမည်သာပင်
                ဖေမြင့်(သင့်စိတ် သင့်အတွေးအကြံများ အတိုင်းသာ)








No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.