ထိတ်လန့်တုန်လှုပ် စိတ်လှုပ်ရှားတဲ့အခါ ဘာကြောင့် ချွေးထွက်တာလဲ
ထိတ်လန့်တုန်လှုပ်မှုနှင့်
စိတ်လှုပ်ရှားမှု ခံစားချက်တွေဟာ သင့်အာရုံကြော ဖွဲ့စည်းမှုစနစ်မှာ အချို့တုံပြန်မှုတွေကို
အစပျိုး ပေးပါတယ်။ အဲဒီတုံ့ပြန်မှု တွေထဲမှာ ချွေးဂလင်းတွေကို သက်ဝင်လှုပ်ရှားလာစေတဲ့
အချို့ဟော်မုန်းဓာတ်တွေကို ထုတ်လုပ် ပေးခြင်းလည်း အပါအ၀င် ဖြစ်ပါတယ်။
အဲဒီ ဟော်မုန်းဓာတ်တွေကို အတုံ့ပြန်ဆုံး ဖြစ်ဟန်ရှိတဲ့ ချွေးဂလင်းတွေ ကတော့ သင့်ရဲ့ချိုင်းကြားတွေနဲ့ သင့်လက်ဖ၀ါးတွေရှိ ချွေးဂလင်းတွေပါပဲ။ အဲဒီလို အခြေအနေမျိုး တွေမှာထွက်တဲ့ ချွေးတွေကို ““ရုတ်တရက် ချွေးစေးပြန်တယ်””လို့ လူတွေကပြော (လေ့ရှိ) ကြပါတယ်။

Leave a Comment