လူတစ်ယောက် ဘာခံစားချက်ရှိနေသလဲဆိုတာ လျှပ်တပြတ် မျက်နှာအမူအရာကို ကြည့်ပြီး ဆုံးဖြတ်နိုင်

လူတစ်ယောက်ဟာ တမင်သက်သက်ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ်ဖြစ် မိမိခံစားချက်ကို ထုတ်ဖော်ပြသတဲ့အခါမှာ micro-expressions လို့ ခေါ်တဲ့ မျက်နှာအမူအရာပြောင်းလဲမှုလေး တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီ micro-expressions ဟာ လူတစ်ယောက်ရဲ့ မျက်နှာမှာ စက္ကန့် ပိုင်းလောက်လေးသာ ဖြတ်ခနဲဖြစ်ပေါ်တတ်တာမို့ လို့ ဂရုစိုက် ဖတ်တယ်ဆိုရင် လူတစ်ယောက်ဟာ ကိုယ်နဲ့ ဆက်ဆံတဲ့အခါ စိတ်ထဲမှာ ဘယ်လိုဖြစ်ပေါ်နေလဲဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။

၁။ အံ့သြတဲ့အခါဖြစ်တဲ့ မျက်နှာအမူအရာ-

မျက်ခုံးက မြင့်တက်ပြီး ကွေးသွားတယ်။ မျက်ခုံးအောက်က အရေပြားက
ဆန့် သွားတယ်။ နဖူးတစ်လျှောက်လုံးမှာ အလျားလိုက် အရေးအကြောင်းတွေ ပေါ်လာတယ်။ မျက်ခွံက ပွင့်ဟသွားပြီး မျက်ဆံအတွင်းသားအဖြူကို အပေါ်၊အောက် မြင်နေရတယ်။ မေးရိုးအောက်ကို ဟသွားပြီး သွားတွေကလည်း မထိတော့ဘဲ ဟသွားတတ်တယ်။

၂။ ကြောက်ရွံ့ တဲ့ micro-expression

မျက်ခုံးမွှေးနှစ်ခုက တစ်ပြိုင်တည်း အပေါ်ကို ဆွဲတက်သွားတယ်။ နဖူးက အရေးအကြောင်းတွေက မျက်ခုံးမွှေးနှစ်ခုအလယ်မှာ ကျုံ့ ပေါ်လာတတ်တယ်။ အပေါ်ဘက် မျက်ခွံက မြင့်တက်သွားပြီး အောက်ဘက်မျက်ခွံကတော့ တောင့်တင်းနေကာ အပေါ်ဘက်ကို ဆွဲတက်နေတယ်။ မျက်ဆံအပေါ်က အဖြူကို မြင်နေရပေမယ့် အောက်ဘက်က အဖြူသားကတော့ မပေါ်နေဘူး။ ပါးစပ်က ပွင့်ဟနေတတ်ပြီး နှုတ်ခမ်းသားတွေက နည်းနည်းတင်းနေတတ်တယ်။

၃။ ရွံရှာစက်ဆုပ်တဲ့ micro-expression

အပေါ်ဘက်မျက်ခွံက မြင့်တက်သွားတယ်။ နှာခေါင်းရှုံ့ လိုက်တယ်။ အောက်နှုတ်ခမ်းက တွန့် သွားတယ်။ ပါးမို့ တွေပေါ်လာတယ်။ အောက်မျက်ခွံမှာ အစင်းကြောင်းတွေ တွေ့ ရတယ်။

၎။ ဒေါသထွက်တဲ့ မျက်နှာအမူအရာ

မျက်ခုံးနှစ်ခုလုံး အောက်ကို ဆွဲစိုက်သွားတယ်။ မျက်ခုံးနှစ်ခုကြားမှာ ဒေါင်လိုက်အကြောင်းတစ်ခု ပေါ်လာတယ်။ မျက်လုံးကပြူးလာပြီး စိမ်းစိမ်းကြီးကြည့်နေတတ်တယ်။ ပါးစပ်ကိုတင်းတင်းစေ့ပိတ်ထားပြီး နှာခေါင်းပိတ်က ကျယ်လာတတ်တယ်။ အောက်မေးရိုးက ငေါထွက်နေတတ်တယ်။

၅။ ပျော်တဲ့အခါဖြစ်တဲ့ Microexpression

နှုတ်ခမ်းသားအစွန်းတွေက နောက်ကိုဆွဲပြီး မျက်နှာအပေါ်ဘက်တက်သွားတယ်။ ပါးစပ်က သွားပေါ်အောင် ဟနေတတ်တယ်။ အတွန့် ကြောင်းတစ်ခု က နှာခေါင်းအောက်ပိုင်းကနေ နှုတ်ခမ်းအောက်ပိုင်း အထိ ပေါ်နေတတ်တယ်။ ပါးမို့ တွေပေါ်လာတယ်။ မျက်ထောင့်ကအတွန့် အခေါက်ကြောင်းပေါ်လာတတ်တယ်။

၆။ ၀မ်းနည်းတဲ့အခါဖြစ်တဲ့ Microexpression

မျက်ခုံးအတွင်းဘက်အခြမ်းနှစ်ခုက အထဲကို ၀င်လာပြီး အပေါ်ကိုတက်သွားတယ်။ မျက်ခုံးအောက်က အရေပြားက တြိဂံပုံဖြစ်သွားပြီး အတွင်းဘက်အခြမ်းက အပေါ်တက်သွားတယ်။ နှုတ်ခမ်းအစွန်းသားတွေက အောက်ကို ကျသွားတယ်။ မေးရိုးတက်လာတယ်။ အောက်နှုတ်ခမ်းဆူလာတယ်။

၇။ မုန်းတီးတဲ့ Microexpression

ပါးစပ်တစ်ခြမ်းက အပေါ်မြင့်တက်သွားတယ်။
Credit : Trend Myanmar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.