လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။ ပျံသန်းခွင့်.........ပေးလိုက်ပါ။ သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။ အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။ ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။ ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။ တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။ တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။ သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။ ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။ ပညာဆိုတာ ရတဲ့နေရာမှာယူ လိုတဲ့နေရာမှာသုံး။ ရိုးသားခြင်းက ခိုးစားခြင်းထက် ပိုပြီးမြတ်တယ်။ ၀ီရိယဆိုတာ ပင်ပန်းစွာ လုပ်ခိုင်းတာမဟုတ်ပါ။ နိုးကြားထကြွခြင်းကိုသာ ဆိုလိုတာပါ။ စွန့်ပစ်သင့်တဲ့ လူ့ဘ၀ရဲ့ အမှိုက်လေးမျိုးရှိတယ်။ အဲ့ဒါ.... လောဘ၊ ဒေါသ၊ အတ္တ၊ မာန။ ကလဲ့စားချေတယ်ဆိုတာ ကိုယ်ရှုံးနိမ့်ခဲ့ဖူးကြောင်း ၀န်ခံလိုက်တာပါပဲ။ မရိုးသားဘူးဟု ထင်ရသူထက်စာလျှင် ရိုးသားချင်ယောင်ဆောင်သူက ပိုကြောက်စရာကောင်းပါသည်။ လောကကြီးမှာ မင်းထက်တော်တဲ့လူ မရှိဘူး၊ လောကကြီးမှာ မင်းထက်ကြိုးစားနေတဲ့ လူတွေပဲရှိတယ်။ ဒုက္ခဆိုတာ ကိုယ်စိုက်ခဲ့သော သစ်ပင်ဖြစ်သည်။ မာနဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတူးဆွခံနေရတဲ့ ပေါက်ချွန်းတစ်လက်ပါ။ ပိုက်ဆံရှိတိုင်း.... လူချမ်းသာမဟုတ်ဘူး။ စာရိတ္တမွဲရင်...လူမွဲပဲ။ အလုပ်မလုပ်သောသူများသည် အလုပ်လုပ်သော သူများထက်ပိုပြီး မောပန်းလွယ်ကြ၏ ။ နိုင်ရင်ခေါင်းမော့ချင်မော့။ ဒါပေမဲ့ရှုံးရင်တော့.... ခေါင်းမငုံ့မိပါစေနဲ့ ။ ဒုက္ခတွေထဲမှာ မျှော်လင့်ခြင်းများစွာနဲ့ အသက်ရှင်နေရတာလည်း ဒုက္ခတစ်ခုပါပဲနော်။ ဆင်းရဲခြင်းများ၊ ပူလောင်ခြင်းများ၊ ငိုကြွေးခြင်းများဖြင့် အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့ခံထားရတဲ့ သတ္တ၀ါကို လူဟုခေါ်ပါသည်။ လူတစ်ယောက်ရဲ့ အနာဂတ်ကို သိချင်ရင် အဲဒီလူရဲ့ ပစ္စုပ္ပန်အလုပ်ကို ကြည့်ရတယ်တဲ့။ အောင်မြင်တယ်ဆိုတာ အခက်အခဲတွေနဲ့ ဒုက္ခတွေကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။ ထာဝရအလင်းတန်းများ Myanmar Online News မှမျှဝေဖေါ်ပြသည်
Leave a Comment