အသက်ရလာရင်တောင် နုပျိုနေစေဖို့ ဒီအချက်လေး (၂) ချက်အတိုင်း လုပ်ဆောင်ဖို့သာလို
ကိုရီးယားအမျိုးသမီးတွေဟာ အများအားဖြင့် တောက်ပပြီး နူးညံ့စိုပြည်တဲ့
အသားအရေမျိုး ပိုင်ဆိုင်ထားကြသူတွေပါ။ သင့်အနေနဲ့လဲ ဒီလို
နူးညံ့ဝင်းပတဲ့အသားအရေမျိုး တစ်နေ့တာလုံး ပိုင်ဆိုင်ထားချင်တယ်ဆိုရင်တော့
သင်လုပ်ဆောင်ရမယ့် အချက်က နှစ်ချက်တည်းပါ။
အဲ့ဒါကတော့ ရေများများသောက်ပြီး moisturising ကရင်မ်တွေ သုံးပေးဖို့ပါပဲ။ မျက်နှာသစ် ရေချိုးအပြီးမှာ
moisturiser ပမာဏ အတော်များများကို အသုံးပြုပေးလိုက်ရင် တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်တယ်လို့ လူအများစုက ထင်နေကြတယ်။ တကယ်တမ်း လုပ်သင့်တာက moisturiser လိမ်းရာမှာ ပမာဏ အနည်းငယ်လောက်ကိုသာ သုံးသင့်တယ်။ ဒါမှလည်း သင့်ရဲ့အရေပြားက moisturiser ကို အလွယ်တကူ သက်တောင့်သက်သာနဲ့ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ ညအိပ်ရာဝင်ချိန်မှာ ကပ်ပြီး အိပ်ရတဲ့ facial mask တွေကလဲ အစိုဓါတ်ကို ကောင်းကောင်း ထိန်းထားနိုင်ပါတယ်။
အမျိုးသမီး နာမည်ကျော်တွေကို “Smart Moms” တွေရယ်လို့ လူသိများနေကြတဲ့ အကြောင်းရင်းထဲက တစ်ချက်ကတော့ သူမတို့ရဲ့ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံကြောင့်ပါပဲ။ အသီးအရွက်၊ အသီးအနှံများစုဟာ အရွယ်ကျခြင်းဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကလည်း အစားအသောက် စားတဲ့ အလေ့အထ ကဲ့သို့ပဲ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းက အသားအရေကို ပိုမိုတင်းရင်းစေပါတယ်။
ဒီတော့ လှပတဲ့ အသားအရေတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင် ဖော်ပြခဲ့တဲ့ အချက်တွေကိုတော့ မဖြစ်မနေ လုပ်ရမှာပါ။ နောက်တစ်ချက်က အလုပ်သွားဖို့ အပြင်ထွက်တော့မယ် ဆိုရင်လည်း အသားအရေခြောက်သွေ့ခြင်းက ကာကွယ်ဖို့ နေလောင်ခံ lotion အသုံးပြုဖို့လည်း မမေ့ပါနဲ့။
Credit : Trend Myanmar

Myanmar Kyat Converter
Leave a Comment