တိတ်တခိုး ကောင်မလေး သွေးအမျိုးအစား လေးများ

A သွေး....မိန်းမချောလေးတွေက သူတို့ရဲ့ Crushလေးနဲ့ မျက်နှာချင်းဆိုင် ဆုံမိရင် ပါးစပ်အဟောင်းသားနဲ့အံသြသွားတတ်ပါတယ်။ သူမရင်ထဲမှာတော့ ဒိန်းတလိန်းနတ် ဝင်ပူးနေသလို ဗလောင်ဆူနေပြီး တဒိတ်ဒိတ်..တဒိတ်ဒိတ်..ဖြစ်နေတဲ့ သူတွေပေါ့…

B သွေး..... ဆွဲဆောင်မှုရှိသလို သူမတို့ချစ်နေတဲ့ ကောင်လေးကိုတွေ့ရင်
နှုတ်ခမ်းက ပြုံးပြပြီးသားပါပဲ။ စိတ်ထဲမှာတော့ ချစ်သူရင်ခွင်ထဲ ရောက်နှင့်နေပါပြီ။ (B သွေးကောင်မလေးတွေက စိတ်သွက်ပေါ့နော်)

ABသွေး ပိုင်ရှင် မိန်းမလှတွေကတော့ ဘာလို့လဲ မသိဘူး ကိုယ်ချစ်တဲ့ ကောင်လေးကို တွေ့ရင် အလိုလို ဝမ်းနည်းလာကြတယ်.. (မခံစားနိုင်သူတွေ ထင်ပါရဲ့)

O သွေး..... ချစ်စရာအကောင်းဆုံး သူမတို့က တခြားသူတွေကို တွေ့သလိုပဲ လှမ်းနှုတ်ဆက်ပစ်လိုက်တယ်။ ဘာလို့လဲဆို သူမ ချစ်နေတာကို သိသွားမှာ စိုးလို့ပါတဲ့…

တိတ်တိတ်ကလေးချစ်ရတဲ့ ကောင်လေးကို တွေ့ရင် ပြောင်းလဲသွားတဲ့ ကောင်မလေးရဲ့ ချစ်စရာဟန်ပန်အကျင့်လေးကို သိချင်တယ်ဆိုတဲ့ ကောင်လေးများအတွက်ပေါ့နော်…
Credit : Oraginal Writer

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.