အဖေဆိုတာ

"ကျေးဇူးကြီးလှ မိနှင့်ဖ" ၊ "လက်ဦးဆရာမည်ထိုက်စွာ၊ ပုဗ္ဗာစရိယ" ဟူသောစကားကို မကြာခဏကြားဖူးကြမှာပါ။ သို့သော် မြန်မာနိုင်ငံတွင် အမေ့ကျေးဇူး မှာ ၀န်းပြက် လင်းလက်နေသလောက် ဖခင်၏ကျေးဇူးမှာကား မှေးမှိန်ဖျော့တော့လွန်းလှပါတယ်။

အမေနှင့်ပါတ်သတ်၍ ဂန္တဝင်မေမေ၊ကရုဏာမေမေ စသည်ဖြင့် သီချင်း၊ ကဗျာ၊ စာပေများ များပြားလှသလောက် အဖေနှင့်ပါတ်သတ်၍ကား အနည်းငယ်မျှပင် ရှိတာကြောင့် ဖခင်တို့ရဲ့အနေအထားမှာ အလိုလိုနေရင်း သိမ်ငယ် သလိုဖြစ်သွားရပါတယ်။

အဖေဆိုတာ အမေလို သားသမီးတွေအနား အမြဲကပ်နေခွင့်မရတဲ့ သူပါ။မိသားစု စားဝတ်နေရေးအတွက် နဖူးကချွေး ခြေမထိ ကျအောင် နေပူမရှောင်မိုးရွာမရှောင် လှုပ်ရှားရုန်းကန်ရပါတယ်။ အလုပ်ကအပြန် ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း သားတွေ သမီးတွေ မျက်နှာကို မြင်ရရုံတစ်ချက်နဲ့တင် ပင်ပန်းဆင်းရဲရသမျှ ပြေပျောက်ရတဲ့သူဖြစ်ပါတယ်။

အမေ့ကျေးဇူးကြီးမားလှသကဲ့သို့ အဖေကျေးဇူးမှာလည်း မသေးငယ်လှပါ။
အဖေများ၏ စွန့်လွှတ်အနစ်နာခံ၊ အပင်ပန်းခံပေးဆပ်မှုတွေမှာလည်း ကြီးမားလှပါတယ်။ အမေ ဖြစ်လာရခြင်းမှာ အဖေ့ကြောင့်ဟု ဆိုရပါလိမ့်မယ်။ အဖေမရှိလျှင် အမေလည်း မရှိနိုင်ပါ။ အဖေသည် သားသမီးတို့အတွက် ဆရာ၊ သူရဲကောင်း၊ သမားတော်၊ သူငယ်ချင်း၊ အတိုင်ပင်ခံ၊ ကယ်တင်ရှင် ၊ ဥယျာဉ်မှူး... အစရှိသော ထူးကဲလှတဲ့ ဂုဏ်ပုဒ်တို့ဖြင့် ပြည့်နေပါတယ်။

အဖေ ( FATHER) ရဲ့ အဓိပ္ပါယ်ကို ပညာရှင်တို့က ဒီလိုဖွင့်ပြပါတယ်။
FATHER= အဖေ
F = Faithful = သစ္စာရှိသူ( သားသမီးများအပေါ် ထာဝရ သစ္စာရှိသူ )
A= Assurance = အာမခံချက်ပေးသူ ( သားသမီးတို့ အရာရာအဆင်ပြေစေဖို့ အာမခံ ဆောင်ရွက်ပေးသူ )
T = Tender = နူးညံသိမ်မွေ့သူ ( သားသမီးများအပေါ်တွင် ကြင်နာသနားတတ်သူ )
H = Helpful = ကူညီပေးသူ ( သားသမီးတို့အား အမြဲထာဝရ ကူညီစောင့်ရှောက်တတ်သူ )
E = Energetic = အားအင်ပြည့်ဝသူ ( သားသမီးတို့ရဲ့ရှေ့မှာမားမားရပ်ဖို့ အစဉ် အားအင်ပြည့်ဝနေတတ်သူ )
R = Resourceful = အခက်အခဲဖြေရှင်းသူ ( သားသမီးတို့၏ အခက်အခဲအားလုံးကို အစွမ်းကုန် ဖြေရှင်းပေးသူ )
ဟူ၍ ဖြစ်ပါတယ်။

 အချို့ပညာရှင်များကလည်း အဖေ ( FATHER ) ကို နောက်တစ်မျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပြန်ပါတယ်။
F = Faith ( သစ္စာရှိသူ )
A = Authority ( သြဇာရှိသူ )
T = Teacher ( လမ်းညွန်သူ ဆရာ )
H = Hero ( သူရဲကောင်း )
E = Energetic ( အားအင်ပြည့်ဝသူ )
R = Righteous ( ဖြောင့်မတ်မှန်ကန်သူ )
ဟူ၍ ဖြစ်ပါတယ်။

အဖေများနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် နှစ်စဉ်နှစ်တိုင်း ဇွန်လ တတိယပတ်၏ တနင်္ဂနွေနေ့တွင်ကျင်းပလေ့ ရှိသော်လည်းနိုင်ငံအချို့တွင်တော့ အခြားရက်မှာ ကျင်းပလေ့ရှိပါတယ်။

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.