ငကြောင်များနှင့် အလုပ်လုပ်ခြင်း

“အောင်မလေးလေး… ဘ၀ဆိုတာ တိုတိုလေးရယ်၊ ငကြောင်တွေနဲ့တော့ အလုပ်မလုပ်ချင်ပါဘူး” လို့များ ရေရွတ်မိပါလား။ ဒါဆိုရင်တော့ သင်ဟာ မှတ်ဉာဏ်နည်းလွန်းသူ၊ ကိုယ့်ဘက်ကိုယ် ယက်လွန်းသူတစ် ယောက်သာ ဖြစ်မယ်ဆိုတဲ့ မှတ်ချက်ပေးပါရစေ။ ဘယ်သူမှတော့ ခပ်ကြောင်ကြောင်လူတွေနဲ့ အလုပ်လုပ်ချင် မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကောင်းကောင်း သဘောမပေါက်သေးတဲ့အချိန်အထိ စာရေးသူလည်း လူ ကြောင်များနဲ့ အလုပ်မလုပ်ချင်သူ စာရင်းထဲပါခဲ့ပါတယ်။

ဘာကိုဆိုလိုတာလဲ???
ကြားတဲ့အတိုင်းပါပဲ။ ကျွန်တော်ဟာလည်း ငကြောင်တစ်ယောက်ဖြစ်ပါတယ်။ သို့သော်လည်း
အမြဲ ထာဝစဉ် မဟုတ်သလို လူတိုင်းအပေါ်မှာလည်း မဟုတ်ပါဘူး။ အခြေအနေ အချိန်အခါကိုလိုက်ပြီး ကြောင် တတ်တဲ့သဘာဝတော့ ရှိပါတယ်။ အလုပ်သဘောအရ ဆက်သွယ်ရခြင်းဟာ တစ်ခါတစ်ရံ အဲဒီ့သဘာဝရှိတတ် ပါတယ်။

ယနေ့အလုပ်ခွင် ဆိုတာကလည်း မတူညီတဲ့ ကျွမ်းကျင်မှုများနဲ့၊ မတူညီတဲ့ အစွယ်တွေနဲ့ မတူညီတဲ့ အမြင်တွေနဲ့ ရောသမမွှေထားတဲ့ နေရာဖြစ်လာပါတယ်။ ဒါကြောင့် အလုပ်ကရလာတဲ့ ဖိစီးမှုတွေ၊ ဖိအားတွေ နဲ့ ပြိုင်ဆိုင်မှုတွေကို မတူညီတဲ့ တုန့်ပြန်မှုများနဲ့ ပြန်လည်တုန့်ပြန်တတ်တဲ့ သဘာဝရှိလာပါတယ်။

မြန်နှုန်းမြင့် မိုင်နှုန်းနဲ့ ရွေ့လျားနေတဲ့အလုပ်ခွင်မှာ ရှင်သန်ချင်သူဆိုရင်တော့ အမျိုးမျိုးအပြားပြား သော လူပေါင်းစုံကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အချိန်ပေးသင်ယူဖို့လိုကို လိုအပ်ပါတယ်။ သင်က ခပ် ကြောင်ကြောင်လူလို့ ထင်နေသူများလည်း ပါဝင်ပါတယ်။ အောက်မှာဖော်ပြသွားမယ့် အချက်တွေကတော့ အောင်မြင်တဲ့ခေါင်းဆောင်များ လက်ကိုင်ထားတဲ့ အချက်များဖြစ်ပါတယ်။

အမှန်အတိုင်းကြည့်ပါ…
လူဆိုတဲ့သဘောက သူတို့အမြင်မကြည်တဲ့သူတွေနဲ့ သူတို့က ခပ်ကြောင်ကြောင်လို့ ယူဆထားတဲ့ လူတွေအပေါ်မှာ ကြောင်တောင်တောင် အတွေးအမြင်တွေ ဖြစ်သွားတတ်ပါတယ်။ သေချာတာကတော့ ပြဿနာကိုစတင်သူဟာ သင်မဖြစ်ဖို့ပါပဲ။ သင်ယုံကြည်ရတဲ့ တတိယလူတစ်ယောက်ယောက်ကို မေးနိုင်သလို၊ သင်ထင်မြင်နေသူနဲ့ တိုက်ရိုက်စကားပြောပြီး ဖြေရှင်းလို့ရပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အမှန်အ တိုင်းကြည့်ဖို့ သိပ်လိုအပ်ပါတယ်။

ပြဿနာကို ရင်ဆိုင်ပါ၊ လူပုဂ္ဂိုလ်ကို ရင်မဆိုင်ပါနှင့်…
ထိပ်တိုက်ရင်ဆိုင်ခြင်းဟာ စီးပွားရေးမှာ အရေးပါတယ်ဆိုပေမဲ့ အခြေခံစည်းမျဉ်းတွေကို နားလည်ဖို့ တော့ လိုအပ်ပါတယ်။ ဒီလို ရင်ဆိုင်ကြတဲ့အခါ အကောင်းဆုံးနည်းလမ်းကတော့ ပြဿနာကို အခြေအတင်ဆွေးနွေးခြင်းပါပဲ။ ကိုယ်ရေးကိုယ်တာတွေတော့ မပါပါစေနဲ့။ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်က ချပြတဲ့ စိတ်ကူးစိတ်သန်း၊ အတွေး စတာတွေကို မကြိုက်ဘူး၊ သဘောမတူဘူးလို့ ပြောခွင့်ရှိပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ မကြိုက်ဘူးရယ်လို့ ကိုယ်ရေးကိုယ်တာဆန်တဲ့မှတ်ချက် မပေးပါနဲ့။ ဒါဆို သင့်အလွန်ဖြစ်သွားပါ လိမ့်မယ်။

အလွယ်တကူ တံဆိပ်မတပ်ပါနှင့်…
ကိုယ့်အလုပ်ခွင်က လူတစ်ယောက်ကို တစ်စုံတစ်ရာဝေဖန်ဖို့၊ တံဆိပ်တပ်ဖို့ စိတ်ဆန္ဒတွေ ဖြစ်လာပြီ ဆိုရင် အလွယ်တကူ ထုတ်မပြောလိုက်ပါနဲ့။ ပိုသေချာအောင် စောင့်ကြည့်လေ့လာပါ။ သင်ဟာ စိတ်ဖတ်ဆရာ တစ်ယောက်တဲ့အတွက် လူတွေ ဘာစိတ်ကူးကြောင့် ဒီလိုတွေလုပ်နေသလဲဆိုတာ မသိနိုင်ပါဘူး။ ကိုယ်လုပ် ဆောင်ချက်ဟာဘာအတွက်ဆိုတာ ကောင်းကောင်းမသိသူတွေအတွက်ဆို ပိုပြီးမဝေဖန်သင့်ပါဘူး။ မှားဖို့ ရာခိုင်နှုန်းအရမ်းမြင့်နေပါတယ်။

ဘာပြီးဘာလုပ်မယ်ဆိုတာသာ အာရုံစိုက်ပါ…
အလုပ်ခွင်ဆိုတာ သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ကြတဲ့နေရာတစ်ခု မဟုတ်ပါဘူး။ အလုပ် လုပ်ရတဲ့ နေရာတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် သင်လုပ်ကိုင်ဆောင်ရွက်ရမယ့် အလုပ်တွေထဲကမှ ဘာပြီးဘာ လုပ်သွားရင် ပိုထိရောက်ပြီး မြန်မြန်ဆန်ဆန် ပြီးမလဲဆိုတာကိုပဲ အာရုံထားပါ။ ဒီအလုပ်တွေ ပြီး မြောက်အောင်မြင်မှ သင်လုပ်ခလစာရမှာပါ။ စကားနည်းနည်းကြမ်းသွားရင် ခွင့်လွှတ်ပါ။ သို့သော်လည်း ဒါဟာ အမှန်တရားတစ်ခုပါ။

ကိုယ်ချင်းစာကြည့်ပါ…
ဒါဟာ အလုပ်ခွင်မှာ တစ်ယောက်နဲ့ တစ်ယောက်အဆင်ပြေစေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ပါ။ သူတစ်ပါးပြောဆိုတာကို သေသေချာချာနားထောင်တဲ့အပြင် “ခင်ဗျားပြောနေတာ… ဒီလိုသဘောပါနော်” ဆိုတာမျိုးလည်း ပြန်လည်အတည်ပြုနိုင်ပါသေးတယ်။ ဒီလိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် တင်းမာနေတဲ့အခြေ အနေ တော်တော်များများကို ထိန်းပေးနိုင်တာ အံ့အားသင့်ဖွယ် တွေ့ရှိရပါလိမ့်မယ်။

သဘောထားကြီးစမ်းပါ…
ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ အခင်ဆုံးသူငယ်ချင်းနဲ့ ရန်ဖြစ်ကြရော။ အဲဒီ့မှာ အိမ်ကိုငိုရင်းပြန်ပြီး အမေ့ ကိုတိုင်တာ။ သူက ကျွန်တော့်ကိုရန်စတာပေါ့။ အမေပြန်ပြောတာက… သဘောထားကြီးစမ်း။ သူငယ် ချင်းကို စပြီးတောင်းပန်မလား၊ ဒါမှမဟုတ် နောင်ဘယ်တော့မှ သူနဲ့ သူငယ်ချင်း မလုပ်တော့ဘူးလားတဲ့။ ကျွန်တော်ကပဲစပြီး တောင်းပန်လိုက်တယ်။ ဒီလိုနဲ့ အားလုံး ပြန်အဆင်ပြေသွားတယ်။ ဒီအဖြစ်အပျက်က နှစ် (၅၀) လောက်ကြာခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲစွဲနေတုန်း။

ပိုင်နက်မလုပါနဲ့…
အလုပ်ခွင်ထဲ စမတ်ကျတဲ့လူတစ်ယောက်ဖြစ်ချင်သမျှ ကာလပတ်လုံး ဒီခေါင်းစဉ်အောက်ကို ဘယ် တော့မှမရောက်ပါစေနဲ့။ ဒါကို ယုံကြည်ပါ။ ဒီလိုပိုင်နက်လုတဲ့ကိစ္စတွေက ဒီနေ့အတွက်အရေးကြီးတဲ့ ခေါင်းစဉ် ဖြစ်နေပေမဲ့၊ အချိန်နည်းနည်းကြာသွားလို့ ပြန်စဉ်းစားမိရင် ငါဘာကြောင့် ဒီလောက်သေးမွှားတဲ့ကိစ္စအတွက် ဒီလိုလိုနဲ့ အငြင်းပွားမိပါလိမ့်လို့ အတွေးပေါက်စေနိုင်ပါတယ်။

အချိန်ကိုက် ဖြေရှင်းပါ…
အရှိန်တညီးညီးဖြစ်နေတဲ့ အငြင်းပွားမှုတစ်ခုကို ကျော်လွှားသွားခြင်းက စိတ်ခံစားမှုတွေကို အနည် ထိုင်သွားဖို့ တစ်ခါတစ်ရံကောင်းတယ်ဆိုပေမဲ့၊ အဲဒီ့အငြင်းပွားမှုကနေ မီးခိုးကြက်လျှောက်ဖြစ်လာမယ့် ပြဿနာကိုတော့ ခပ်မြန်မြန်ရောက်လာဖို့ ဖိတ်ခေါ်ရာရောက်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုကို အချိန် ကိုက်ဖြေရှင်းပါ။ ပွင့်လင်းစွာ ဆွေးနွေးပါ။

အစွန်းရောက်ကြောင်ကွက်များကို ကိုယ်တိုင်ဖယ်ရှားပါစေ…
တစ်ခါတစ်ရံ တချို့လူရဲ့ အစွန်းရောက်တဲ့ ကြောင်ကွက်တွေကို အလုပ်ခွင်မှာ မြင်တွေ့လာမယ်ဆိုရင် ကြားဝင်ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ သူ့ဘာသာ အတွေးပေါက်ပြီး ကိုယ်တိုင်ဖယ်ရှားခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဒီနေရာမှာ သော့ချက်က စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ခြင်းပါ။

မှတ်တမ်းထားပါ…
ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီ့ခပ်ကြောင်ကြောင်ဆိုတဲ့သူတွေက သင့်ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်၊ ပြောတတ်သူတွေများပါတယ်။ သူတို့နဲ့များ ထိပ်တိုက်ဖြေရှင်းကြပြီဆိုရင် သင့်ကို မထင်မှတ်ထားတဲ့ ထောင့်တစ်နေရာကနေ တုန့်ပြန်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုလူတွေနဲ့ ပတ်သက်လာပြီဆိုရင် သေးသေး ဖွဲဖွဲကအစ မှတ်တမ်းထားပြီး လုပ်ဆောင်ပါ။

နောက်ဆုံးအနေနဲ့ကတော့ “အောင်မလေးလေး…ဘ၀ဆိုတာ တိုတိုလေးရယ်၊ ငကြောင်တွေနဲ့တော့ အလုပ်မလုပ်ချင်ပါဘူး””လို့ခဏခဏပြောနေမယ်၊ အလုပ်ခွင်တစ်ခုကနေ တစ်ခုကိုလည်း ခပ်စိပ်စိပ်လေး ခုန်ကူးနေမယ်ဆိုရင်တော့ ပြဿနာဟာ တခြားသူမဟုတ်ဘဲ သင်သာလျှင်ဖြစ်တယ်ဆိုတာ သတိချပ်ဖို့ပါပဲ။

Credit : People Magazine

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.