A သွေး အကြောင်း(1)

Aသွေးအကြောင်း လေ့လာမိသလောက်ပေါ့
မှားရင်လည်းသည်းခံပေးကြပါ။ ။
Aသွေးတွေကဥာဏ်ကောင်းကြတယ်
တခြားလူတွေနှစ်နာရီကျက်ရမယ့်စာကို Aသွေးလေးတွေကျက်မယ်ဆို နာရီဝက်ဆိုတာအလွန်ဆုံးပဲ ပြီးတော့ဖြတ်ထိုးဥာဏ်ကောင်းကြတယ်Aသွေးလေးတွေသချာင်္မညံ့ကြဘူးဆိုတာ ပြောနေစရာကိုမလိုဘူး
Aသွေးလေးတွေက စိတ်ကြီးကြတယ်
ဗူးဆိုဖရုံမသီးနဲ့ သီးတဲ့ဖရုံသီး ဓါးနဲ့ခုတ်ပစ်မယ်ဆိုတဲ့လူစားတွေ
ကတိတည်ကြတယ်
သူကတိပေးထားတဲ့ကိစ္စဆိုမဖြစ်ဖြစ်အောင်လုပ်ပေးတတ်ကြတယ်
ကိုယ်လိုချင်တာကို ရအောင်နည်းလမ်းကို ရှာကြံစဉ်းစားတတ်ကြတယ် ကြိုတင်စီမံမှုကောင်းတဲ့ သွေးအမျိုးအစားဖြစ်တယ်
ကိစ္စတခုကိုမလုပ်ခင်မှာကြိုတင်အကွက်ချစီမံတတ်ကြတယ်
ဒီနည်းနဲ့မရရင်တခြားနည်းစဉ်းစားမယ်ဆိုတဲ့သွေးမျိုးဖြစ်တယ် ပျော်ပျော်နေတတ်တယ်
မခင်သေးခင်မှာဆိုAသွေးဆိုတာဂျစ်ကန်ကန်၊မှုန်ကုတ်ကုတ်နဲ့ စကားနည်းတဲ့သူ
ခင်သွားရင်တော့ လေအိုးကတောင်အဖေခေါ်ရမယ့်သွေးအမျိုးအစားပါ သူငယ်ချင်းတွေကြားထဲမှာအနစ်နာခံတာလည်းAသွေးပဲ ဒါပေမယ့်သူနစ်နာတဲ့အကြောင်း ဘယ်တော့မှတခွန်းမပြောဘူး
သူငယ်ချင်းတွေရန်ဖြစ်ရင်လည်း ကြားကဖြန်ဖြေရေးသမားတွေဟာAသွေးတွေပါပဲ
ဒါပေမယ့်သူတို့ကြောင့်ပြန်အဆင်ပြေသွားကြတာကိုဘယ်တော့မှ Aသွေးလေးတွေဟာထုတ်မပြောကြဘူး
အရာရာကိုနားလည်ပေးတတ်ကြတယ်
Aသွေးတွေစိတ်ထိခိုက်နေတဲ့အချိန်ဆိုဘယ်သူ့ကိုမှစကားမပြောပဲချောင်တချောင်ထဲမှာတိတ်ဆိတ်နေတတ်တယ် Aသွေးတွေစိတ်ထဲမှာလူတွေက သူတို့ကိုသူတို့ခင်သလောက်မခင်ကြဘူးလို့အမြဲတွေးတတ်ကြတယ်
ဒါပေမယ့် Aသွေးလေးတွေဟာ
အချစ်ရေးမှာ ကံကောင်းတာနည်းတယ်
Aသွေးလေးတွေရဲ့
ကြိုတင်စီမံတတ်တဲ့အကျင့်တွေ ဖြတ်ထိုးဥာဏ်ကောင်းတာတွေဟာ ချစ်တဲ့သူနဲ့တွေ့ရော အားလုံးပြောင်းပြန်ဖြစ်ကုန်ကြတယ်
နာကျင်တဲ့နှလုံးသားကို ဆုပ်ကိုင်ပြီးကျိတ်
ငိုကြွေးနေတဲ့ပုံရိပ်ဟာ Aသွေးလေးတွေကိုယ်စားပြုပါပဲ သူတို့ဟာသူတို့ချစ်တဲ့သူကို ဘယ်လောက်ချစ်တယ် ဘယ်လောက်မြတ်နိုးတယ်ဆိုတာ ဖွဲ့နွဲ့မပြောတတ်ကြဘူး နင့်ကိုပဲငါလက်ထပ်မယ်ဆိုတဲ့စကားကို Aသွေးတယောက်ဆီက သင်ကြားရတယ်ဆိုရင် သူဟာသင့်ကို ပြောမတတ်အောင်ချစ်တယ်ဆိုတာ သင်သိသင့်တယ် သူတို့ဟာ အရမ်းသဝန်တိုတတ်တယ် သူတို့တိတ်ဆိတ်နေရင်သတိထားပါ
ဒါမီးတောင်မပေါက်ခင်တိတ်ဆိတ်ခြင်းမျိုးပါ
မှားသွားရင်လည်းသည်းခံကြပါနော်
I am A Blood!

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.