နောင်တ

ရန်ကုန်မှာ နေထိုင်ကြတဲ့ သားသမီးတွေကို နယ်အိမ်တစ်ခေါက်ပြန်ရောက်တိုင်း မိဘတွေမေးတဲ့ စကားတွေ ရှိတယ်မလား. ဘယ်စကားလုံးက သင့်ကို စိတ်မကောင်း. ဖြစ်စေတာလဲ..

အဖေက .. မင်းသူငယ်ချင်းကတော့ ရာထူးတွေ တက်သွားပြီ၊ မန်နေဂျာကြီး ဖြစ်သွားပြီ.

အမေက.. တိုက်တွေ၊ ကားတွေနဲ့ ကြီးပွားနေတယ်တဲ့.သူအမေက အမေ့ကို ကြွားသွားတယ်။ အမေလည်း ပြန်ကြွားချင်တယ်..

ဒီစကားနဲ့ အလားတူ စကားတွေ ကြားတိုင်း အဖေနဲ့ အမေကို အားနာမိတယ်။ ကိုယ့်ကိုကိုယ်လည်း အားမရနိုင် ဖြစ်မိတယ်။ မိဘဆိုတာ သားသမီး စကားဆို ခေါင်းညှိတ်မြဲဆိုတော့ မျက်လုံးမှိတ်ပြီး သင့်တော်တဲ့ စကားလုံးကို ရှာဖွေမိတယ်။

“ ကားမစီး နိုင်ပေမယ့် သွားချင်တဲ့နေရာကို ရောက်အောင် သွားနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ အိမ်ပိုင် ရာပိုင် မရှိသေးပေမယ့် အဆိပ်မပါတဲ့ ထမင်းလုပ်ကို စားနေရလို့ ကျန်းမာပါတယ်။ အမေ့ကို ရွှေဘုံပေါ်မှာ ထားချင်ပေမယ့်  ပူလောင်တဲ့ အရာတွေက အမေတို့ရဲ့ အေးချမ်းတဲ့ ဘဝကို ဖျက်စီးနိုင်တယ်။ ”
ဖြေရှင်းပြောပြပေးရုံကလွဲ ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ဘူး။

ကျွန်တော့် ရင်ထဲမှာတော့…

ဒါပေမယ့် ကျွန်တော် မငိုပါဘူး။ ဖြစ်ချင်တာ အကုန်ဖြစ်နေမယ်ဆို ကမ္ဘာကြီး ပျက်စီးသွားလောက်ပြီပေါ့..
!!! တစ်နေ့မှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက တစ်ထပ်တည်းမကျလာတဲ့အခါ မျက်ရည်ကို အောက်ထိမကျစေပဲ ဟန်ချက်မပျက်အောင် ထိန်းထားနိုင်ဖို့ အရေးကြီးတယ် !!!
ဆိုတဲ့ ဒီစကားက ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန်တက်စေတယ်။

ကျွန်တော် ရွေးပြီးသား လမ်းကို ခရီးဆုံးတဲ့အထိ တစ်လှမ်းချင်း မရပ်မနား ကျွန်တော် ဆက်လျှောက်နေဦးမှာဘဲ။ မှန်တယ်ထင်လို့ ရွေးချယ်ခဲ့တဲ့ လမ်းကရှည်တယ်ဆိုပြီး နောင်တတွေနဲ့ နောက်လှည့် ပြန်မယ့်အစား အဆုံးထိရောက်အောင် သွားလိုက်တာက ပိုမြတ်တယ်။

နောင်တဆိုတာ တစ်ခါတစ်လေမှာ လူတွေရဲ့ စိတ်ဓာတ်နဲ့ ဘဝကို ယိုင်နဲ့ ပြိုလဲစေတဲ့ အဆိပ်ပင် တစ်မျိုးနော်။

Never Never Cry & Please don’t Cry
Credit : ‎Yangonlife‬ ‪

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.