ဒိန်ချဉ်နဲ့ ကျန်းမာရေး

ဒိန်ချဉ်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက တူရကီနိုင်ငံမှာ အစပြုခဲ့တာလို့ ပြောကြပါတယ်။ ဒိန်ချဉ်ကို ဘတ်တီးရီးယား တစ်မျိုးရဲ့ အကူအညီယူပြီး နွားနို့ကို အချဉ်ဖောက်ခြင်းကနေ ရရှိတာ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာ calcium , protein , vitamin B12 , riboflavin နဲ့ potassium ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

၁။ ဒိန်ချဉ်က အစာချေဖျက်မှုကို ကူညီပေးပါတယ်။ ဒိန်ချဉ်ကို ပုံမှန် စားပေးရင် သင်ဟာ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ရှောင်ကွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒိန်ချဉ်က အူအတွင်းမှာရှိတဲ့ ကောင်းတဲ့ ဘတ်တီးရီးယားတွေနဲ့ မကောင်းတဲ့ ဘတ်တီးရီးယား ပမာဏကို ထိန်းညှိပေးလို့ အစာအဆိပ်သင့်မှုကို လျှော့ချပေးပါတယ်။ လေ့လာတွေ့ရှိချက်များအရ
ဒိန်ချဉ်ဟာ ဘတ်တီးရီးယား တချို့ကြောင့် ဖြစ်ပွားတဲ့ ၀မ်းပျက် ၀မ်းလျှောကို ကာကွယ် ပေးပါတယ်။

၂။ ဒိန်ချဉ်က အရိုးတွေကို သန်မာစေပါတယ်။ နေ့စဉ် ဒိန်ချဉ် ရှစ်အောင်စ စားသုံးပေးခြင်းက အရိုးတွေကို သန်မာစေဖို့ လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ် သုံးပုံ တစ်ပုံလောက်ကို ဖြည့်တင်းပေးပါတယ်။

၃။ ဒိန်ချဉ်က ကိုယ်တွင်း ခုခံအားကို မြှင့်တင်ပေးပါတယ်။ ကိုယ်ခံအားကောင်းရင် သာမန် အဖျားရောဂါမှအစ ကင်ဆာရောဂါ အဆုံး ကာကွယ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာ တွေ့ရှိချက်အရ တစ်နေ့လျှင် ဒိန်ချဉ် နှစ်ခွက် သောက်သုံးပေးလျှင် ခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ ခုခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

၎။ ဒိန်ချဉ်က ကိုလက်စထရော (cholesterol) ကျစေနိုင်ပါတယ်။ ဒီယူဆချက်က အာဖရိကမျိုးနွယ်စု တစ်ခုကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Maasai ဆိုတဲ့ မျိုးနွယ်စု တစ်ခုဟာ ကိုလက်စထရောကို များစွာ တက်စေနိုင်တဲ့ အစားအစာတွေကို နေ့တိုင်း စားနေပေမယ့် နှလုံးရောဂါ ဖြစ်ပွားမှု မရှိသလောက် နည်းတာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။

စူးစမ်း လေ့လာကြည့်တော့ ဒီလူမျိုးစုရဲ့အဓိက အစားအစာထဲမှာ ဒိန်ချဉ် ပါနေတာကို တွေရှိလိုက်ရပါတော့တယ်။ ဒါ့အပြင် တခြားသော ဆေးပညာဆိုင်ရာ တွေ့ရှိချက်များကလည်း ဒိန်ချဉ်က ကိုလက်စထရောကို အတန်အသင့် ကျဆင်းစေတယ် ဆိုတာ ထောက်ပြ ထားပါတယ်။

၅။ အကောင်းဆုံး အနေနဲ့ အကြံပြုချင်တာ ကတော့ အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် (low-fat yogurt) ကိုသာ ရွေးချယ်ပါ။
Credit : messenger

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.