ဘာမြင်လိုက်သလဲ ???????

အမဲလိုက်ထွက်လာကြတဲ့ သူငယ်ချင်းနှစ်ဦးသား အမဲလိုက်ရင်း စကားပြောလာကြပါတယ်….
ပထမလူငယ်က သူငယ်ချင်းကိုလှမ်းမေးလိုက်ပါတယ်။

“မင်း မြင်လိုက်သလားကွ”

ဒုတိယ လူငယ်က

“ နိုး၊ မမြင်လိုက်မိဘူးကွ” လို့ ပြန်ဖြေတယ်။

အဲ့ဒါနဲ့ ပထမလူငယ်က
“ အမ်.. မင်းကလည်းကွာ အမွှေးတုန်းနေတဲ့ ကျီးကန်းတစ်ကောင် ငါတို့ အပေါ်ကနေပျံသွားတယ်လေကွာ…” လို့ အော်ပြောလိုက်တယ်။ခဏကြာတော့ ထပ်မေးပြန်တယ်။

“မင်း မြင်လိုက်သလားကွ”

ဒုတိယ လူငယ်က
“ နိုး၊ မမြင်လိုက်မိဘူးကွ” လို့ ဖြေပြန်တယ်။

 အဲ့ဒါနဲ့ပဲ ပထမလူငယ် ကစိတ်မရှည်စွာနဲ့ပဲ
“မင်းကလဲကွာ။ မျက်စိကန်းနေသလား။ ဟိုးကတောင်ပေါ်မှာ အ နက်ရောင် ဝက်ဝံတစ်ကောင်လမ်းလျှောက်သွားတာ မမြင်လိုက်ဘူး လားကွာ” လို့ အော်ဖြေပြန်တယ်။
နောက် ခဏထပ်ကြတော့ ထပ်မေးပြန်တယ်။

“မင်း မြင်လိုက်သလားကွ”

ထိုအခါ ဒုတိယ လူငယ်က သူအငေါက်ခံရတော့ မယ်ဆိုတာကြို သိပြီးမမြင်လည်း အရင်လိုထပ်မဖြေတော့ပဲရမ်းပြီး  “ အေး ငါမြင်တယ်ကွ” လို့ ဖြေတော့…
ပထမလူငယ်က

 “ဟာ.. မင်းမြင်တယ်လည်း ပြောသေးတယ်။ အဲ့ဒီနောက်ကို ဘာလို့မလိုက်သလဲ” လို့ ထပ်ပြီးအမေးခံရပါတော့တယ်……..

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.