စံပ္ပါယ်ပန်းထဲမှတစ္ဆေ (1+2) စဆုံး

'ကလင် ကလင် ကလင်''(ဖုန်းမည်သံ)
''ဟဲလို''
''မြတ်နိုး ကိုယ် သီဟပါ အခုကိုယ်မင်းအိမ်ရှေ့ကိုရောက်
နေတယ်ခဏလောက်ထွက်လာခဲ့ပါလားပြောစရာရှိလို့''
''ဟင်
သီဟ အခုဘယ်အချိန်ရှိနေပြီလဲမသိဘူးလား''
''သိတာပေါ့ကွာ ည12:00 နာရီတောင်မထိုးသေးဘူး''
''ဟာ ဒုက္ခပါပဲအမေတို့သိရင်ငါသေဦးမယ်''
''တိတ်တိတ်လေးထွက်လာခဲ့ပါကွာ ကိုယ်မစောင့်နိုင်
တော့ဘူး''
''ဘာလို့မစောင့်နိုင်တာလဲ''
''awww ချမ်းလို့ပေါ့ကွာ မြန်မြန်လာခဲ့''
''အင်းပါ အခုထွက်လာခဲ့ပြီ ခဏလေးစောင့်''
ကျွန်မသေချာမသေချာဝန်ရန်တာပေါ်မှာခြံဝကို
လှမ်းကြည့်လိုက်သည်။ရုတ်တရက်မို့လို့လားမသိလူတစ်
ယောက်မှမတွေ့။သို့နှင့်အိပ်ချင်နေသည့်မျက်လုံးများကို
ပွတ်ကာပြန်ကြည့်လိုက်ပြန်သည်။သီဟကကျွန်မကို
ကျောပေး၍မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
''သြော် တော်သေးတယ်ရှိလို့''
ကျွန်မလည်းအောက်ထပ်သို့ခြေထောက်ကို
ဖွဖွလျှောက်ပြီးဆင်းလာသည်။
သို့နောက်တံခါးကိုဖွင့်ကာခြံထဲသို့ထွက်လာလိုက်သည်။
ပြီးနောက်ကျွန်မခြံတံခါးကိုဖွင့်လိုက်သည်။
ထိုအချိန်ငြိမ်သက်နေသည့်ပတ်ဝန်းကျင်မှာချက်ချင်း
လက်ငင်းပင်လေများအပြင်းအထန်တိုက်တော့သည်။
သစ်ပင်ကြီးများယိမ်းယိုင်နေသည့်ပုံမှာအမှောင်ထုထဲမှ
မကောင်းဆိုးဝါးများထလာနေသည့်ပုံစံနှင့်တူလှသည်။
''သီဟ ငါရောက်လာပြီလေ ဘာပြောမလို့လဲ''
သီဟမှာသူမအားနောက်ကျောပေးလျက်ပင်။
''ဟဲ့ သီဟငါ့ကိုမနောက်နဲ့နော် ဘာပြောမလို့လဲလို့''
သူမ အနည်းငယ်ကြောက်ရွံ့လာပြီးခြေလှမ်းများ
နောက်သို့ပြန်ဆုတ်လိုက်ကာခြံအထဲသို့ပြန်ဝင်စဉ်…
သီဟကသူမဘက်သို့လှည့်လိုက်သည်။
''အားးးးး''
သီဟအဖြစ်မှချက်ချင်းပင်ဆံပင်ဖားလျားချထားသည့်
မျက်လုံးဖြူကြီးနှင့်သရဲမဖြစ်သွားကာ………
''နင့်ကိုငါသတ်မယ် ဂါးးးးး''
''အားးအမေ့ရေကယ်ကြပါဦး''ဟုဆိုကာသူမခြံထဲသို့အ
မြန်ပြေးဝင်လေသည်။
ထိုသရဲမလည်းသူမအနောက်ကတပ်ကြပ်မကွာလိုက်
လာလေသည်။
''အားးး အမေရေ ကယ်ကြပါဦးးးး''
ထိုစဉ်……………
''အားးး ကယ်ကြပါဦးးးး အားးးး''
''သမီး သမီး ဘာဖြစ်တာလဲ သမီးးး''ဟုဆိုကာအိပ်ယာ
ပေါ်တွင်မျက်စိစုံမှိတ်ကာအော်ဟစ်နေသည့်သူမအား
သူမ၏အမေကမေးလိုက်ခြင်းဖြစ်သည်။
''အားးး မေမေ မေမေ ''
''ဟေ ဘာဖြစ်တာလဲမေမေကိုပြော''
''သ သ သရဲ သမီးကိုသတ်မလို့ဆိုပြီးအနောက်ကလိုက်
လာပြန်ပြီမေမေသမီးကြောက်တယ် အဲဒီသရဲမကိုမက်
တာ သုံးရက်တောင်ရှိနေပြီ''
''သမီးရယ်မင်းအိမ်မက်မက်နေတာပါဘုရားစာရွတ်အိပ်
လို့မေမေမပြောဘူးလား''
''ရွတ်အိပ်တာပေါ့မေမေရယ် အဲဒါလည်းမရဘူး ဒီနေ့
မေမေနဲ့လာအိပ်မယ်နော်''
''အေးပါ လာ လာ''
သူမအမေဆီသွားအိပ်မှသူမနှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်သွားတော့သည်။
မနက်ရောက်သော်……
''သမီး ကျောင်းသွားရမယ် ထတော့''
''ဟင် ဟုတ် ဝှားးး''
သူမ ထလာကာမျက်နှာသစ်သွားတိုက်ပြီး ကျောင်း
သွားရန်ပြင်ဆင်တော့သည်။
''မေမေ ထမင်းချိုင့်ထဲမှာဘာဟင်းပါလဲ''
''အေး သမီးရေ မေမေ အမဲသားဟင်းချက်ပြီးထည့်ပေး
ထားတယ်''
''ဟုတ်မေမေ''
သူမစက်ဘီးတစ်စီးဖြင့်ကျောင်းသို့စီးလာသည်။
ကျောင်းဝန်းထဲ၌သီဟကသူမဆီသို့အပြေးရောက်လာ
သည်။
သူမလဲသီဟကိုမြင်တော့မျက်နှာလွှဲပြီးရှောင်ထွက်သွား
သည်။
''ဟဲ့ မြတ်နိုး မြတ်နိုး အဲဒါဘယ်လဲ ဟဲ့''
သီဟကိုသူမကြောက်နေမိသည်။သီဟကသူမအ
နောက်မှပြေးလိုက်လာကာသူမ၏လက်ကိုဆွဲလိုက်သည်။
''အားးးး ငါ့ကိုလွှတ်''ဟုဆိုကာသီဟအားတွန်းထုတ်ကာ
ထွက်ပြေးလေသည်။
''အားး ဟာ သူဘာဖြစ်နေတာလဲ အားငါ့လက်ဖဝါးမှာ
အမလေး ပုလင်းကွဲစကြီးစိုက်သွားပြီ ''
သီဟလဲအတန်းထဲသို့ဝင်လာသည်။သူမျက်
လုံးများကမိန်းကလေးအတန်းဘက်သို့ရောက်သွားကာ
မြတ်နိုး၏နေရာသို့လှမ်းကြည့်လိုက်သည်။
သူမကထိုင်ခုံကိုမျက်နှာအပ်ကာမှောက်အိပ်နေ
လေသည်။
''ဟာ သီဟ ဟေ့ကောင် မင်းလက်မှာသွေးတွေပါလား''
''အင်း ငါခုနကချော်လဲလာတာ''
''ဟေ့ကောင် မင်းဆေးခန်းသွားရမယ်လေ လာ လာ ''
''အင်းပါ မုန့်စားကျောင်းဆင်းမှပေါ့ကွာအခုတော့နေဦး
မယ်''
''မင်းကတော်တော်ခေါင်းမာတဲ့ကောင်ပဲ''
နေ့ခင်းမုန့်စားကျောင်းဆင်းလေပြီ။သီဟတစ်ယောက်
မြတ်နိုးအနောက်သို့လိုက်လာကာမြတ်နိုးအားလှမ်းခေါ်
လိုက်ပြန်သည်။
''မြတ်နိုး မြတ်နိုး နင်ဘာဖြစ်နေတာလဲ ငါ့ကိုပြောပါဟ''
သူမကမရဲတရဲနှင့်သီဟကိုပြန်လှည့်ကြည့်သည်။
''နင် နင် လူမှတ်လား ''
''ဒါပေါ့ ငါကလူပါ နင်ဘာတွေဖြစ်နေလဲငါ့ကိုပြောပြ
နင်ပြောမှငါသိမှာပေါ့ငါကနင့်ချစ်သူလေ ငါ့ကိုပြောပါ''
''အေးပါ ''
''လာ ဟိုနားမှာသွားထိုင်ကြမယ်''
''အင်း''
''ကဲပြော''
''ငါတနေ့ကထဲကအိမ်မက်တစ်ခုထဲကိုဆက်တိုက်မက်
နေတယ် ငါအရမ်းကြောက်တယ် ပြီးတော့''
သီဟ၏လက်မှာသူမ ပခုံးကိုကိုင်လိုက်သည်။
''နင်ဘာလုပ်တာလဲ''
''ဟင် နင်ကြောက်တယ်ဆိုလို့ပါ ငါဖက်ပေးမလို့''
''မလိုပါဘူး ဆရာမတွေမြင်ရင်အရိုက်ခံရဦးမယ်ငါ့ကို
လွှတ်''
''အေးပါ အေးပါ ဆက်ပြော''
''ပြီးတော့ငါ့အိမ်မက်ထဲမှာနင်ကညဘက်ကြီးငါ့အိမ်ကို
လာပြီးငါ့ကိုအပြင်ခေါ်ထုတ်တယ်''
''ငါက ဟုတ်လား''
''အင်း ပြီးတော့ သရဲမကြီးပုံစံပြောင်းပြီးငါ့အနောက်လိုက်
လာတယ်''
''ဟင် ဘာလို့ငါကနေသရဲမဖြစ်သွားတာလဲ''
''ငါလဲမသိဘူး နင်နဲ့များပက်သတ်နေလား''
''ငါနဲ့ ဟာ နင်ကလဲငါနဲ့ဘာလို့ပက်သတ်ရမှာလဲ''
''မသိတော့ပါဘူးဟာ လာ ငါတို့ထမင်းသွားစားကြမယ်''
ဟုပြောကာသီဟ၏လက်ကိုလှမ်းဆွဲလိုက်လေသည်။
''အားး မြတ်နိုး မြတ်နိုး ငါ့လက်ကိုလွှတ်''
''ဟင် ဟယ် နင့်လက်မှာသွေးတွေ''
''အေး ဟုတ်တယ် အဲဒါနင့်ကြောင့်လေ''
''ငါ့ကြောင့်ဟုတ်လား''
''ဟုတ်တယ်နင်ငါ့ကိုမနက်တုန်းကတွန်းလိုက်တာလေ''
''ဟင် တကယ်လား ငါ့ကြောင့်လား တောင်းပန်ပါတယ်
ဟာ ပေး ပေး နင့်လက် င့ါပုဝါလေးနဲ့စည်းပေးမယ်''
''အင်း''
သို့နှင့်သူတို့နှစ်ယောက်ထမင်းအတူစားကြကာ……
''မြတ်နိုး အရင်အပတ်သောကြာနေ့ကငါပေးလိုက်တဲ့
စံပါယ်ပန်းလေးရှိသေးလား''
''မရှိတော့ဘူး လွှင့်ပစ်လိုက်ပြီ''
''ဟာ နင်ကလဲ အဲဒီပန်းတွေကိုငါဘယ်လိုခူးခဲ့ရလဲဆိုတာ
သိရဲ့လား လုပ်ရက်တယ်''
''ဟဲ့ နင်ပေးတာ အရုပ်မဟုတ်ဖူး ပန်းလေအကြာကြီး
ထားလို့ဘယ်ရမလဲ ညှိုးမှတော့ငါလွှင့်ပစ်လိုက်တာပေါ့''
''အင်းပါဟယ် လွှင့်ပစ်ပါ ''
''ဒါနဲ့နင်ကဘယ်လိုခူးလာရလို့တုန်း''
''ငါတို့ အနောက်ဘက်ကယာခင်းထဲမှာစံပါယ်ပန်းပင်
တွေ့လို့ငါခူးလာတာနင်ပန်ဖို့အတွက်ပေါ့''
''သြော် ငါပန်ပြီးမှပစ်လိုက်တာပါ''
''ဟုတ်လား တစ်ကယ်ပြောတာနော်''
''အင်း''ဟုဆိုကာသီဟကိုသူမကြည့်လိုက်စဉ်သီဟ၏
ဘေးတွင်အိမ်မက်ထဲမှမိန်းမကြီးက သူမကိုကြည့်ကာပြုံး
ပြလိုက်သည်။
''အားးး အားးး ကယ်ကြပါဦး''ဟုဆိုကာသူမမျက်လုံးကို
စုံမှိတ်ကာအော်ဟစ်နေပြန်သည်။
''မြတ်နိုး မြတ်နိုး ဘာဖြစ်ပြန်တာလဲ''
''သီ သီဟ နင် နင့်ဘေးမှာ''
သီဟ တစ်ယောက်သူ့ဘေးကိုကြည့်လိုက်သည်။
မည်သူမှမရှိ ။သူမကိုဂယောင်ခြောက်ခြားဖြစ်နေသည်ဟု
ပဲသူထင်နေမိသည်။
''မြတ်နိုးရယ် ဘယ်သူမှမရှိပါဘူး''

''ရှိတယ် ရှိတယ်''
''ဟာ မြတ်နိုးရယ်တကယ်ဘာမှမရှိပါဘူး
ဆိုကွာ''
''နင်လဲငါ့ကိုမယုံဘူးမို့လား ဘာလို့လူတိုင်း
ကငါပြောတာကိုမယုံကြတာလဲ''ဟုပြော
ကာသူမမျက်ရည်များဝဲလာလေသည်။
''ဟာ မြတ်နိုး ငါကမယုံဘူးလို့မပြောပါဘူး''
''နင့်စကားရဲ့အဓိပ္ပါယ်ကအဲဒီလိုဖြစ်နေတာ
ပဲလေ တော်ပြီ သီဟငါပြန်ပြီးအခန်းထဲ
ဝင်တော့မယ်''
''မြတ်နိုး ငါပြောတာက အဲ့လိုမဟုတ်ပါဘူး''
သီဟ့ ပြောစကားအားသူမဆက်နား
မထောင်တော့ပဲထသွားတော့သည်။
သို့နှင့်ကျောင်းတက်ခေါင်းလောင်းထိုး
လေသည်။
''မြတ်နိုး ဟာ အခန်းထဲရောက်မှပဲသွားပြော
တော့မယ်''
စာသင်ခန်းထဲတွင်သီဟတစ်ယောက်
မိန်းကလေးအတန်းဘက်သို့လှည့်ကာ
မြတ်နိုးကိုစိုက်ကြည့်နေလေသည်။
''ဟင်''
မြတ်နိုးတစ်ယောက်စိတ်တွေပုံမှန်မဟုတ်
တော့သည်ကိုသူတွေ့လိုက်ရသည်။
သူမခုံပေါ်တွင်သူမ၏ခေါင်းကိုတင်ကာ
မှောက်ပြီးနဖူးနှင့်ခုံကိုဆောင့်နေလေသည်။
''ဟာ မြတ်နိုးဘာတွေဖြစ်နေတာလဲ ''
အတန်ကြာတွင်သူမနဖူးမှသွေးများထွက်
လာလေသည်။
''အား မြတ်နိုး နင်ဘာဖြစ်နေတာလဲ စုစုနဲ့
ယဉ်လဲ့ရေ ဆရာမကိုသွားခေါ် သွား''
ဟုသူမ၏ဘေးမှသူငယ်ချင်းများကဆိုလိုက်
သည်။
သီဟကလဲသူမအနားသို့ရောက်လာကာ
''မြတ်နိုး မြတ်နိုး နင်ရူးနေပြီလားငါ့ကိုကြည့်
စမ်းပါဦး ဟဲ့မြတ်နိုး''
ရုတ်တရက်သူမမှောက်နေရာ
မှခေါင်းထောင်လာကာသီဟဘက်သို့လှည့်
ကြည်လိုက်သည်။
သီဟနှင့်အခန်းသားအားလုံးမျက်လုံးပြုး
မျက်စံများပြူးသွားင်္ပြီးထအော်ကြတောသည်။
''အားးး အာားး သရဲ''
သူမ၏မျက်လုံးများမျက်ဖြူလံနေသည်။
သူမကိုတစ္ဆေဝင်ပူးသည်မှာသေချာသည်ဟုသီဟတွေးလိုက်သည်။
''မြတ်နိုး မြတ်နိုး ငါ့ကိုကြည့်ပါဦး နင်ဘာဖြစ်
နေတာလဲဆိုတာငါ့ကိုပြောပြ''
''နင် နင့်ကိုငါသတ်မယ် သီဟ''ဟုဆိုကာသူမ
ကသီဟ၏လည်ပငိးကိုညှစ်လေသည်။အခြားသူများကလည်းဝင်မဆွဲရဲကြ ဆရာမ
အလာကိုသာစောင့်နေကြသည်။
''အားးးး မြတ်နိုးး ငါ့ကိုလွှတ် အားးး''
''ငါကမြတ်နိုးမဟုတ်ဖူး ငါကနီလာနင်ငါနေတဲ့
နေရာကိုပျောက်အောင်လုပ်တယ် ငါ့မှာနေစ
ရာမရှိတော့ဘူး''
''အားးး ခင်ဗျားကဘယ်သူလဲ ကျွန်တော့်ကို
ဘာတွေလာပြောနေတာလဲ အားး လွှတ်ပါ
ဦးးးး''
''ဘာပြောတယ် နင်ငါ့ကိုဒီကောင်မရဲ့အိမ်ကို
ပို့ခဲ့တာလေ''
''ဗျာ ကျွန်တော်ခင်ဗျားကိုသိလဲမသိသလိုမြင်
တောင်မမြင်ဖူးပါဘူး ''
''နင်ငါ့ကိုနေစရာမပေးရင်နင့်ကောင်မကို
ဝိညာဉ်နူတ်ရလိမ့်မယ် ''ဟုဆိုကာသီဟကို
လွှတ်ပေးပြီးသူမကြမ်းပြင်ပေါ်သို့လဲကျသွား
တော့သည်။
''အားးး ဟာ မြတ်နိုး မြတ်နိုး ထပါဦး''
ထိုအချိန်ပရိတ်ရေဘူးနှင့်အတန်းပိုင်ဆရာမ
ရောက်လာသည်။
''သမီး သမီး ဘယ်မှာလဲ ဖယ်ကြစမ်း''
မြတ်နိုးသတိပြန်ရလာသည်။
''အား ''
''မြတ်နိုး နင်နိုးလာပြီလား''
''ငါဘာဖြစ်သွားတာလဲ''
''နင့်ကိုသရဲဝင်ပူးတာ''
''ဟုတ်လား''
''သင်္မီးသက်သာရဲ့လား လာဆရာမအနားကို
လာခဲ့ ပရိတ်ရေဖျန်းပေးမယ်''
''ဟုတ်ကဲ့ဆရာမ''
ထို့နောက်သူတိုစာဆက်သင်ခဲ့ကြသည်
အတန်ကြာသော်ကျောင်းဆင်းခေါင်းလောင်း
ထိုလေသည်။
''မြတ်နိုး မြတ်နိုး ခနစောင့်ဦး ''
''ဟင် သီဟ ''
''အင်း အတူပြန်ကြမယ်''
''ငါတို့မှလမ်းမတူတာ''
''ရတယ်ငါနင့်အိမ်ကိုလိုက်လည်မလို့''
''ဘာလို့လဲ ငါ့မေမေရှိတယ်အိမ်ရှေ့ထိပဲ
လိုက်ပို့''
''အေးပါ''
''inm''
''ဒါနဲ့ မနက်ကကိစ္စကိုငါတောင်းပန်ပါတယ်''
''ဘာလဲ ငါသရဲဝင်ပူးခံရမှယုံတာလား''
''ဟာ ဆောရီးပါကွာ''
''ငါသရဲဝင်ပူးခံရတုန်းကဘာတွေံပြောလဲ''
''အော်ဟုတ်သားပဲ ငါပြောပြမယ်''ဟုဆိုကာ
သူမအားဖြစ်စဉ်ပြောပြလိုက်သည်။
''ဘာ အဲဒါနင့်ကြောင့်ပေါ့ဟုတ်လား''
''inm ငါလဲစဉ်းစားနေတာ သူ့ကိုငါကနင့်
အိမ်ဆီပို့ခဲ့တာတဲ့ ငါလဲဘာတွေဘယ်လို
တွေးရမလဲမသိတော့ဘူးဟာ''
''ခနနေပါဦး နင်ငါ့ကိုဘာတွေ
လက်ဆောင်ပေးခဲ့သေးလဲ''
''မသိတော့ဘူးလေ အများကြီးကိုငါကဘယ်
လိုလုပ်မှတ်မိမှာလဲ''
''ဟိုတလောကနင်ငါ့ကိုအရုပ်လက်ဆောင်
ပေးခဲ့သေးတယ်လေအဲဒါနဲ့ရောဆိုင်လား''
''နင်ကလဲအဲဒီအရုပ်ကငါစူပါမားကတ်ကဝယ်
လာတာဘာမှမဆိုင်ဘူး''
''ဒါဆိုဘီးကုတ်ရော''
''ပိုဆိုး''
''အော် ဘာနားနားအရုပ်''
''အဲဒါနင့်မွေံးနေ့တုန်းကပေးထားတာလေ
''ဒါဆို မီးလင်းတဲ့ဖန်လုံး''
''မဖြစ်နိုင်ဘူး''
''ဒါဆို နှင်းဆီပန်း''
''ဟင် နှင်းဆီပန်းဟုတ်လား''
''ဘာလဲ နီးစပ်လို့လား''
''ငါနှင်းဆီပန်းနင့်ကိုပေးခဲ့လို့လား ငါပေးတာ
စံပ္ပါယ်ပန်းပါ''
''ဟင်ဟုတ်သား နင်ပေးတာစံပါယ်ပန်းနော်
ခိခိ ဒါဆိုငါမှားပြောတာဖြစ်မယ်''
''မြတ်နိုး မှန်မှန်ပြောစမ်းနင့်ကိုဘယ်ကောင်
နှင်းဆီပန်းပေးတာလဲ''
''မဟုတ်ပါဘူး ငါမှားပြောတာပါဟာ''
''မြတ်နိုး ငါသိတယ်နင့်အကြောင်းကိုပြောလို့
ဘယ်သူလဲ''
''အေးပါ အေးပါ ငါပြောပြပါ့မယ် (b)ခန်းက
ကောင်လေးတစ်ယောက်ပေးတာဟိုတစ်ပတ်ကနင်စံပါယ်ပန်းပေးတဲ့နေ့မတိုင်ခင်ကပေါ့''
''အဲ့တော့နင်ကသူပေးတာကိုယူထားရော
လား''
''ငါမယူဘူးလို့ပြောတာပဲ မရမှမရတာအတင်း
ပေးလို့ယူလိုက်တာပါဟာ''
''ဟင့် သူများပေးတဲ့ပန်းကိုတော့နင်သိမ်းထား
တယ်မှတ်လား ငါပေးတဲ့ပန်းကျတော့လွှင့်ပစ်
တယ်''
''ဘယ်ကလာလွှင့်ပစ်ရမှာလဲငါခေါင်းအုန်း
အောက်ထဲမှထားအိပ်တာပါဟာ''
''ဟင် ခေါင်းအုံးအောက်မှာတောင်ထားအိပ်
တာလား''
''ဟုတ်တယ် ငါသိပ်တန်ဖိုးထားလွန်းလို့''
''ဟာ တကယ်လားးး ဟား ဟား''
''ဒါနဲ့''
''ဟင်''
''နင်စံပါယ်ပန်းဘယ်ကခူးလာတာလဲ''
''အော် ငါ့တို့အိမ်ရဲ့အနောက်ဘက်မှာအ
ဘွားကြီးတစ်ယောက်နေတယ်လေအဲဒီဘွား
ဘွားစိုက်ထားတဲ့အပင်တွေကြားမှာစံပါယ်ပင်အသေးလေးပေါက်ပြီးပန်းလေးတွေဖွေးနေ
အောင်ပွင့်နေတော့ငါခူးလလာလိုက်တာ''
''အဲဒီဖွားဖွားကဘာအပင်တွေစိုက်တာတုန်း''
''စပါးလင်တွေစိုက်တာ ''
''ဘာ''ဟုသူမအော်လိုက်သည်။
''အမလေး ဖြေးဖြေးအော်ပါဟ''
''နင် မသိဘူးလား''
''ဘာကိုသိရမှာလဲမြတ်နိုးရဲ့ နင့်အိမ်ရှေ့
ရောက်နေပြီ မဝင်ဘူးလား''
''မဝင်ဘူး နင်စပါးလင်အကြောင်းမသိဘူး
လား''
''စပါးလင်ကဘာဖြစ်လို့လဲ''
''ဒါတောင်မသိဘုးလား အရုးရဲ့စပါးလင်က
သရဲနေတာ''
''သ သရဲဟုတ်လား''
''ဟုတ်တယ် စပါးလင်စိုက်ရင်သရဲရှိတယ်ဆို
တာမကြားဖူးဘူးလား ပြီးတော့နင်ကအပင်
ကိုနူတ်တောင်နူတ်လာတယ်ဟုတ်လား''
''ဟာ ဒါ ဒါဆို''
''ဟုတ်တယ် အဲံဒါကြောင့်ငါ့ကိုအိမ်မက်
လာပေးတာာကိုး''
''ဒါဆိုငါတို့တွေဘာလုပ်ကြမလဲ''
''အဲဒီပန်းသရဲကိုကျွတ်အောင်ပဲလုပ်ပေးကြရ
မှာပေါ့''
''ငါ အမေကိုပြောပြလိုက်မယ် နင်လဲေ့ပြာပြ
ပြီးရင် အတူတူအမျှဝေကြမယ်မဟုတ်ရင်သူ
နင့်ကိုသတ်မှာဟ''
''ပေါက်ကရတွေမပြောနဲ့ငါတို့အမေတွေကို
ပြောပြီးအမျှဝေခိုင်းရမယ်''
''inmm ညကျရင်ဖုန်းဆက်လိုက်နော်''
''inm ဂရုစိုက်သွားနော်''
''တာ့တာမြတ်နိုး ချစ်တယ်''
''inm''
သူမခြံထဲသို့ခြေလှမ်းလိုက်စဉ်လေ
ကကြမ်းတမ်းစွာတိုက်ခတ်လာလေသည်။
သူမအိမ်မက်ကတစ်ဖန်ပြန်လည်ရှင်သန်လာသလိုခံစားလိုက်ရသည်။
''ဟင် ဒုက္ခပါပဲ ငါဆက်လဲမဝင်ရဲဘူး ပြန်လဲ
မပြန်ရဲဘူး ''ဟုသူမစိတ်ထဲကပြောလိုက်
သည်။
သူမမဝင်မဖြစ်တော့ပါအချိန်ကားညနေ
(6:55)…
မရဲတရဲနှင့်ခြံထဲမှဖြတ်ကာအိမ်တံခါးဖွင့်လိုက်စဉ်…
ခါတိုင်းသူမကိုဆီးကြိုနေသည့်သူမ၏အမေရဲ့
အသံလဲမကြားရပါ။ဒီနေ့မှကိုယ့်အိမ်ကိုယ်
ဝင်နေရသည်ကိုကြောက်ရွံ့နေမိသည်။
ရင်တထိတ်ထိတ်ကျောတချမ်းချမ်း။
သူမအမေ၏အခန်းနားအရောက်တံခါးကပွင့်
နေလေသည်။
သူမမမျှော်လင့်ထားသည့်ဖြစ်ရပ်အားမြင်တွေ့လိုက်ရသဖြင့်သွေးပျက်ကာထိုနေရာမှာတင်
လောကကြီးနှင့်ခဏတာအဆက်အသွယ်ပြတ်သွားလေသည်။
သူမမြင်လိုက်ရသည်ကသူမ၏အမေ
ဖြစ်သူဒေါ်စိန်တင်တစ်ယောက်လက်ထဲတွင်
ဓားတစ်ချောင်းနှင့်ကိုယ့်ကိုယ့်ကိုအဆုံးစီရင်သွားသည့်မြင်ကွင်းဖြစ်နေသည်။
* * * * * * * * * * * * *
''မြတ်နိုး မြတ်နိုး သတိရလာပြီလား''
''ဟင်း ဒါဘယ်နေရာလဲ''
''ဆေးရုံမှာပါ ကိုယ်င်္သီဟပါ မြတ်နိုး မင်းအဆင်ပြေရဲ့လား
ဘာဖြစ်သွားသေးလဲ''
''အင်း အဆင်ပြေပါတယ်သီဟရယ်ငါအရမ်း
ဆိုးဝါးတဲ့အိမ်မက်မက်လို့ပါဟာ''
မြတ်နိုးအားသူကြည့်ကာဝမ်းနည်းနေ
သည်။
''ဘာလဲ ဘာလို့ဘာမှပြန်မပြောတာလဲ အဲဒါါ
အိမ်မက်မှတ်လား သီဟဖြေပါ အိမ်မက်ပါ
အိမ်မက်လို့ပဲဖြေပေးပါနော်''
''အဲဒါတကယ်ဖြစ်ရပ်ပဲမြတ်နိုး ငါတို့တစ်ခုခု
လုပ်ကြရတော့မယ်''
''အဟင့် မေမေ အဟင့် အဟင့် ငှီးးး အဟင့်''
* * * * * * * * * * * * *
[သူမ၏အမေသေရခြင်းအကြောင်း]
ထိုနေ့ကသူမကျောင်းသို့ထွက်သွားပြီးသူမအ
မေမီးဖိုချောင်ထဲတွင်ဟင်းချက်နေလေသည်။
ပြီးနောက်သူမအခန်းထဲမှဖုန်းလာသဖြင့်
လက်ထဲမှအသားလှီးနေသည့်ဓားကိုမထားခဲ့
ပဲ အခန်းထဲသို့ဝင်သွားသည်။
သူမဖုန်းပြောပြီးပြန်ထွက်လာစဉ်သူမအ
ရှေု့ သိုထိုရဲမက့ဇောက်ထိုးကြီးအနေအ
ထားဖြင့်နေကာသူမအားခြောက်လှန့်လိုကသည်။
သူမလဲလန့်သွားပြီးနောက်ပြန်လန်ကာသူမအခန်းထဲသို့မှော်က်ရပ်ကျပြီးလက်ထဲမှဓားနှင့်
ဗိုက်ကိုထုတ်ချင်းပေါက်ဖြစ်၍အသက်ပါသွား
လေသည်။
* * * * * * * * * * * *
''မြတ်နိုးရယ်ကိုယ့်အမေကိုပြောပြထားပါတယ်ကွာအမေကမနက်ဖန်ပဲဘုန်းကြီးပင့်ပြီး
အမျှဝေပေးမယ်တဲ့''
''အဟင့် အဟင့် အဟင့်''
မနက်ဖန်ရောက်သော်သီဟတို့
အိမ်တွင်တရားနာလုများနှင့်ရှုပ်ယှက်ခတ်နေ
ကြသည်။
မြတ်နိုးတစ်ယောက်ကတော့ဆေးရုံတွံင်
ဆေးချိတ်ထားရသညိ။
ဘုန်ကြီးများရောက်လာကာတရားစ
တင်ရွတ်ဖတ်ကြလေသည်။
သီဟတို့အိမ်တွင်ဘုန်ကြီးများကတရားရွတ်
ဖတ်ပြီးချိန်တွင်သာဓုခေါ်ကြလေသည်။
''သာဓု သာဓု သာဓု''
သီဟ၏စိတ်ထဲတွင်ထိုတစ္ဆေသာဓုခေါ်
နိုင်ဖို့ပဲမျှော်လင့်နေမိပါသည်။
သို့သော်အခြေအနေများကင်္သီဟထင်ခဲ
့သလိုဖြစ်မလာခဲ့ပါ။
ထိုတစ္ဆေကသီဟတို့နားတွင်ရှိမနေခဲ့ပဲ
မြတ်နိုးဆီသို့ရောက်လာလေသည်။
မြတ်နိုးလည်းခုတင်ပေါ်တွင်အိပ်ဆေး
အရှိန်နှင့်နှစ်နှစ်ရှိက်ရှိက်အိပ်ပျော်နေလေ
သည်။
ထို့နောက်သူမအားဝိညာဉ်နူတ်ယူရန်
စတင်လိုက်သည်။မြတ်နိုး၏ အပေါ်မှတက်
ဖိကာမြတ်နိုး၏လည်ပင်းကိုညှစ်နေလေ
သည်။
သီဟလည်းမြတ်နိုးအားစိတ်ပုလာသဖြင့်
''ဟင် ဘာလို့လဲမသိဘူး စိတ်ထဲမှာ
တစ်မျိုးကြီးပဲ''
သီဟတစိယောက်မြတ်နိုးရှိ
ရာဆေးရုံသို့ ရောက်လာလေသည်။
ထိုအချိန်တွင်မြတ်နိုးအားဆရာဝန်များနှင့်nurseမများကအရေးပေါ်အခန်းသို့အပြေးအ
လွှားဖြင့်သွားနေသည်ကိုတွေံ့လိုက်ရသဖြင့်
''ဆရာ ဘာ ဘာဖြစ်တာလဲဆရာ''
''ရုတ်တရက်အသက်ရှုရပ်သွားလို့ပါ ညီလေး
အထဲထိလိုက်လို့မရပါဘူးအပြင်မှာစောင့်နေပါ''
''ဟင် ဘာလိုဖြစ်လို့လဲ''
သူတွေးမိလိုက်သည်။အခြောက်ခံရ
သည်မှာမြတ်နိုး။ပြီးနောက်အသတ်ခံရ
သည်မှာလဲမြတ်နိုး၏အမေ။
''တကယ်တော့တရားနာရမှာငါ့အိမ်မဟုတ်ဖူး
မြတ်နိုးတို့အိမ်ပဲ''
သူအကြံတစ်ခုကိုတွေးနေလိုက်သည်။
''ဒီအခြေအနေရောက်မှတော့ တရားနာလို့
လဲဘာမှထူးမှာမဟုတ်ဘူး စံပါယ်ပန်းရှိနေတဲ့
မြတ်နိုးတို့ရဲ့အိမ်ကိုမီးရှို့ပစ်မယ် အဲဒါမှပြာကျ
မှာ''
သူဓာတ်ဆီဘူးကြီးများနှင့်မြတ်နိုးတို့
အိမ်တစ်အိမ်လုံးလိုက်ဖျန်းလေသည်။
ပြီးနောက်အသင့်ပါလာသောမီးခြစ်ကို
ထုတ်လိုက်စဉ်…ထိုအိမ်ထဲံမှအရိပ်လိုလို
မဲမဲသဏ္ဍန်တခုထွံက်လာလေသည်
ပြီးနောက်ဝုန်းခနဲနှင့်ရုတ်တရက်သူ့ရှေ့
သို့လျှင်မြန်စွာရောက်လာသည်။သူထိုအရာ
ကိုမြင်ပြီး အင်မတန်သွေးပျက်သွားသည်။
မျက်နှာနှာခေါင်းပါးစပ်အားလုံးမ
ပါဆံပင်ဖားချထားသည့်မိန်းမကြီး။
'''အားးးးးးး''ဟုအော်လိုက်ပြီးလက်ထဲမှ
မီးခြစ်ကိုတုန်နေသည့်လက်ဖြင့်ခြစ်လိုက်
သည်။တစ်ခါခြစ်မရနှစ်ခါမရသုံးခါမြောက်
တွင်ခြစ်လို့ရသွားကာထိုမီးခြစ်အားအိမ်ထဲသို့လှမ်းပစ်လိုက်သည်။
''မလုပ်နဲ့''ဟုအသံနက်ကြီးဖြင့်အော်ဟစ်လေ
သည်။
''ဝုန်း………''
မြတ်နိုးတို့အိမ်ကြီးကိုမီးကတမြိုက်မြိုက်
နှင့်ဝါးမြိုသွားတော့သည်။
ထိုအိမ်ထဲမှစံပါယ်ပန်းလေးအပါအဝင်
ပစ္စည်းအားလုံးပြာဖြစ်သွားကြသည်။
{4လကြာသော်}
''မြတ်နိုး မြတ်နိုး''
''ဘာတဲ့လဲ နင်အောင်လား''
''ဒါပေါ့ ငါတစ်ဘာသာတောင်ဂုဏ်ထူးထွက်
တယ်တဲ့ နင်ရောအောင်လား''
''ငါလား''
''အင်းး မအောင်ဘူးလား''
''ငါလား ငါသုံးဘာသာပဲထွံက်တာပါဟာ''
''ဘာ သုံးဘာသာဂုဏ်ထူးရတာကိုငါ့ကို
သျှိုထားတယ် ကြည့်စမ်း''
''နင်ကလဲ ငါကစတာပါ ငါ့မေမေသာသိရင်
အရမ်းဝမ်းသာမှာဟ နင်သိလား အခုတော့
မေမေကဖေဖေနောက်ကိုလိုက်သွားခဲ့ပြီ။
''မင်းအမေကောင်းရာမွန်ရာရောက်မှာပါ
မင်းအရမ်းဝမ်းနည်းနေလားလာငါဖက်ထား
ပေးမယ်''
သူတို့နှစ်ယောက်ကောင်းကင်ကြီးကို
မော့ကြည့်ရင်း ချိုသာသည့်အပြုံးကလေးများ
နှင့်နှုတ်ဆက်ခဲ့ကြတော့သည်။

Credit:Rosey

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.