အရာရာ

ပန်းတွေလည်း မပွင့်စေချင်တော့ဘူး
ပန်းအလှကို မြင်ရင် 
မင်းကို သတိရလွန်းလို့ ။
လေညှင်းလည်း မတိုက်ခတ်စေချင်တော့ဘူုး
လေပြေတွေနဲ့အတူ မင်းကိုယ်သင်းရနံ့တွေက
ငါ့ အာရုံတစ်ခုလုံးကို
စိုးမိုးထားခဲ့လွန်းလို့ ။
ညတွေလည်း မရှိစေချင်တော့ဘူး
ဒီအမှောင် တိတ်ဆိတ်မှုတွေထဲ
မင်းရဲ့အသံလေးက
ငါ့ ညတွေကို ဖမ်းစားထားလွန်းလို့ ။
အချစ်ရေ .....
မင်းနဲ့တွေ့မှ
ခန္ဒာအစဉ် စိတ်အစဉ်က
အရူးတစ်ယောက်ကိုမှ အသားကျွေးမိသလို
အရာရာတိုင်းဟာ မင်းမှမင်းဘဲ
ချုပ်ကိုင်ထားခဲ့ပြီ ။  ။
ကိုဆေး (ငါးမည်ရ)

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.