blogger များသိထားသင့်သည့် အချက်တချို့




ကျွန်တော်အပါအ၀င်တက်သစ်စဘလော့ကာများသိထားသင့်လို့မျှဝေလိုက်ပါသည်၊
အောက်မှာ ဆက်လက် ဖတ်ရှုပါ။


1. ကျွန်တော်တို့Blogတစ်ခုမပြုလုပ်ခင်မှာအရင်းမိမိတင်ပြချင်တဲ့အကြောင်းအရာကိုအရင်စဉ်းစားရပါမည်။ ဘာအကြောင်းတင်ပြချင်တာလဲတင်ပြချင်တဲ့အကြောင်းအရာတွေကိုဘယ်ကနေရနိုင်သလဲရနိုင်တဲ့နေရာတွေကို အရင် ရှာဖွေထားရပါမည်။ ဒါမှ မိမိတင်ပြချင်တာကို အလွယ်တကူ တင်ပြနိုင်မှာဖြစ်ပါတယ်။
2.ဒီ တချက်က အရေးကြီးပါတယ်.
မိမိရေးထားတဲ့Blog လေးကိုhackခံရရင်(သို့)အကြောင်းတခုခုကြောင့်ပျောက်သွားတဲ့အခါမိမိရေးထားတဲ့Post တွေမရူံးဆုံးရအောင်Exportလုပ်ထားရပါမည်။

Exportလုပ်နည်း

ဘလော့ရဲ.  Settings ကိုဝင် other ကိုကလစ်ပါ


Import Blog,   Export Blog,  Delete Blog ဆိုတာ တွေ့ရမယ်။

Export Blog ကို ကလစ်ပြီး   Download ထားလိုက်ပါ(ရရှိလာတဲ့ ဖိုင်ကိုသေချာသိမ်းထားပါ)။ 

တစ်ပတ်ကို တစ်ကြိမ် Export လုပ်(ဖိုင်ကို Download) ထားသင့်ပါတယ်


blog .အကြောင်းတခုခုကြောင့်ပျက်သွားလို့Blogအသစ်ပြန်လုပ်ရတယ်ဆိုရင်
ဒေါင်းထားတဲ့ ဖိုင်(Export Blog ကို ကလစ်ပြီး    down ထားတဲ့ ဖိုင်)လေးကို Import Blog ကို ကလစ်ပြီး. ပြန်တင်လိုက်တာ နဲ့ အရင် blog မှာတင်ထားတဲ့ ပိုစ့်တွေ ပြန်လည်ရရှိမှာဖြစ်ပါတယ်..


3.
မိမိ Blog မှ Sidebar မှ Widget တွေကို notepad ထဲမှာ ထည့်သိမ်းထားဖို့ မမေ့ပါနဲ့ ။

4.မိမိBlogမှာ ကြောငြာBlogမဖြစ်ဖို့လိုပါတယ်။လုပ်လို့ရတဲ့နည်းလမ်းတွေကိုအကုန်မထည့်ထားပါနဲ့ဘာလို့လဲဆိုတော့မိမိတို့ဆိုဒ်ကိုဖွင့်တဲ့လူကိုအနှောက်အယှက်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင်ရှင်းလင်းနေပါစေ။အင်တာနက်လိုင်းမကောင်းရင်ဟိုနေရာကမပေါ်ဒီနေရာကမပေါ်ဖြစ်နေပါလိမ့်မည်။


5.မိမိဆိုဒ်ကိုအမြဲupdateဖြစ်အောင်တစ်ပတ်ကိုတစ်ကြိမ်တော့အနည်းဆုံးpostအသစ်တင်ပေးနိုင်အောင်လုပ်ပါ။တစ်နေ့ဝင်ကြည့်လဲဒါ နောက်နေ့ဝင်ကြည့်လဲဒါဆိုမကောင်းပါဘူး။မိမိမအားရင်လဲမအားတာကိုတင်ပြထားသင့်ပါတယ်။

6.မိမိBLOGမှာလာပြီးလေ့လာသူများစာဖတ်သူများရဲ့ တောင်းဆိုမှုကိုအလေးထားပါ။
အကြံညဏ်တောင်းပါ။


www.designerkave.blogspot.com

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.