အကိုကြီး အဖအရာ ဆိုတာ

ကျွန်တော်က ကျွန်တော့် အစ်ကိုဆီက သိပ်ကိုလှပတဲ့ ကားလေးတစ်စီး မွေးနေ့လက်ဆောင်ရ ထားတယ်။ တစ်နေ့ ကျွန်တော် ရုံးကပြန်ခါနီး ကားနားမှာ ကားကို စေ့စေ့စပ်စပ်ကြည့်နေတဲ့အချိန်မှာ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကောင်လေးက ကျွန်တော့်ကိုလည်း မြင်ရော “ ဒါ အကို့ကားလား” လို့ မေးလာတယ်။ ကျွန်တော်လည်း “ အင်း ဟုတ်တယ်။ ဒါ ငါ့အကိုက မွေးနေ့လက်ဆောင် ပေးထားတာ” လို့ ဖြေလိုက်တယ်။
 ကောင်လေးက အရမ်းကို အံ့အားသင့်သွားပြီး ကျွန်တော့ကို ပြန်မေးတယ်။

“ ဒါ ခင်များ အကိုက ခင်များကို ဝယ်ပေးခဲ့တာ။ ခင်ဗျားပိုက်ဆံ မကုန်ဘဲ ရခဲ့တာပေါ့။ ” ဆိုပြီး ထပ်မေးလာပါတယ်။ ကျွန်တော်က အင်းပေါ့လို့ဖြေတော့ သူက “ကျွန်တော်လည်း …” ဆိုပြီး စကားမဆက်ဘဲ ရပ်သွားတယ်။ ကျွန်တော်ထင်လိုက်တာ သူလည်း ကျွန်တော့်လိုမျိုး ရချင်လိုက်တာလို့ ပြောတော့မယ်ပေါ့။
 ဒါပေမယ့် သူဆက်ပြောတာက “ကျွန်တော်လည်း ခင်များ အကိုလိုမျိုးလူ ဖြစ်ချင်လိုက်တာ ဗျာ” လို့ ပါ။ ကျွန်တော် ဖြင့် အရမ်းကို အံ့သြသွားခဲ့တယ်။ ခဏနေတော့ ကျွန်တော့်ကားကို စူးစိုက်ကြည့်နေတဲ့ သူ့ကို ဂရုဏာသက်လာတာနဲ့ ကျွန်တော် “ခင်များ ကျွန်တော့်ကား စီးချင်သေးလား” ဆို မေးလိုက်တယ်။

 သူလည်း ဝမ်းသာ အားရနဲ့ “စီးချင်တာပေါ့။ ဒါပေမယ့် ခင်များ စိတ်မရှိဘူးဆို ကျွန်တော့် အိမ်ရှေ့ထိ လိုက်ပို့ပေး နိုင်မလား” ဆိုပြီး ပြောလာခဲ့ပါတယ်။ ကျွန်တော်လည်း သူ့စကားကြားတော့ တွေးလိုက်မိတာက ဒီချာတိတ်တော့ သူ့အိမ်နီးနားချင်းတွေကို သူဒီလိုကားကြီးနဲ့ အိမ်ပြန်လာတယ် ဆိုတာ ကြွားချင်လို့ နေမှာ ဆိုပြီးတော့လေ။ ဒီတစ်ခါလည်း ကျွန်တော် မှားသွားပြန်ပါပြီ။ သူအိမ်ရောက်ရောက်ချင်း ကျွန်တော့်ကို ခဏစောင့်ခိုင်းပြီး အိမ်ပေါ်ပြေးတက်သွားတယ်။

ခဏနေတော့ မသန်စွမ်းရှာတဲ့ ညီလေး ဖြစ်သူကို ချီပြီး အိမ်ပေါ်က ဆင်းလာတယ်။ သူ့ညီလေးကို လှေကားခြေမှာ ချပြီး ကားကို လက်ညှိုးထိုးပြလိုက်တယ်။ “ကြည့်စမ်း ညီလေး မလှဘူးလား။ ကားကြီးက အဲဒါ ဒီအကိုရဲ့ ကားပေါ့။ သူ့ကို သူ့အကိုက ဝယ်ပေးတာတဲ့။ တစ်နေ့ကျရင် ညီလေး
 ကိုလည်း ကိုကို ဒီလိုကားကြီး ဝယ်ပေးပြီး ညီလေး လိုချင်တာတွေ ဝယ်လို့ရအောင် ကိုကို ကြိုးစားမယ်။

” လို့ ပြောပြနေပါတယ်။ ကျွန်တော်ဖြင့် ဒီကောင်လေးရဲ့ မေတ္တာတရားကြီးမားပုံကို မချီးကျူးဘဲ ကို မနေနိုင်တော့ပါဘူး။ ကျွန်တော်လည်း ညီအစ်ကို နှစ်ယောက်လုံးကို သနားတာနဲ့ မသန်စွမ်းရှာတဲ့ ကောင်လေးကိုပါ ကားပေါ်တင်ပြီင်္း သူတို့သွားချင်တဲ့ နေရာတွေ လိုက်ပို့ ပေးလိုက်တော့တယ်။ အဲဒီနေ့လေးက တော့ ကျွန်တော့ဘဝရဲ့ အမှတ်တရ နေ့လေးတစ်နေ့ပါပဲ။

Credit :  ဂန္တဝင်

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.