ဂျာနယ်သာဝယ်သူ လူမှု့ဘဝ, အတွေးအမြင်, ကြီးပွားရေး

ညနေ အလုပ်ပြန်ချိန်တွင် အတူပါလာသော သူငယ်ချင်းဝယ်နေကျ လမ်းထိပ်က ဂျာနယ် ရောင်းသောဆိုင်တွင် ဂျာနယ်ဝင်ဝယ်သည်၊ သူငယ်ချင်းက သူလိုချင်သော ဂျာနယ် လက်ဝယ်ရောက်လာသောအခါ ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်ပါတယ်ဟု ဆိုလိုက်ပြီး ကျသင့်ငွေကို ပေးချေလိုက်သည်၊

ထူးခြားသည်က
ဤသို့သူငယ်ချင်းက ယဉ်ကျေးစွာ ပြောသည်ကိုပင် ဆိုင်ရှင်က အဖက်လုပ်သည့်ဟန်ပင်မပြ၊ မျက်နှာက ခပ်တင်းတင်း၊ မနှစ်မြို့သည့်ပုံပင် ဖြစ်နေသေးသည်၊ ထိုကြောင့် ကျွန်တော်က  "မင်းဝယ်တဲ့ ဂျာနယ်ဆိုင်ရှင်က မျက်နှာထားမာလှချည်လားကွ၊"
သူငယ်ချင်းက  "သူက အမြဲဒီလိုပါဘဲ၊"
"မင်းကလည်းကွာ၊ ဒါနဲ့များတောင် မင်းက သွားပြီးသူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရသေးတယ်၊" "အေး ဟုတ်တယ် ငါက သူက ဘယ်လိုဘဲမျက်နှာထားထား ဘယ်လိုဘဲ ဆက်ဆံဆက်ဆံ ငါ့ပုံစံအတိုင်း ဒီလိုဘဲ ဆက်ဆံနေမှာဘဲ၊ သူရဲ့ပုံစံကို တုပြီး လိုက်မလုပ်နိုင်ဘူး၊ သူနဲ့လည်း မပြိုင်နိုင်ဘူး၊ ငါက သူမျက်နှာတင်းလို့ သူ့လို လိုက်တင်းလိုက်ရင် ဂျာနယ်နဲ့သူ့ဆီက မကောင်းတဲ့အကျင့် ရောဝယ်သလို ဖြစ်သွားမှာပေါ့၊"
 မှန်ပေသည်၊ သူ့ကို လေးစားသွားသည်၊ ကောင်းသော ခေါင်းမာခြင်းပါ သူငယ်ချင်း။ ။

Credit: လူပြိန်း

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.