မြွေကိုက်တဲ့ အခါ ရှေးဦးပြုစုခြင်း

ရေဘေးသင့် နေသူတွေ ကြုံရလေ့ ရှိတဲ့ ဆိုးရွားပြီး အသက် အန္တရာယ် ပေးတာက မြွေကိုက်ခြင်းပါပဲ။ မြွေကိုက် ပြီဆိုတာနဲ့ အရေးပေါ် ဆေးရုံသွားဖို့ ပြင်ဆင် ဆက်သွယ် ဖို့က အရေး အကြီးဆုံးပါ။ မြွေက အဆိပ် မရှိ ရင်တော့ ဒဏ်ရာကို ရိုးရိုး ထိခိုက် ပွန်းရှနာလိုပဲ ကုသနိုင်ပါတယ်။

အရေးကြီးတာက -

    • မြွေရဲ့ အသွင်အပြင်ကို အသေအချာ မှတ်မိအောင် မှတ်ထားပြီး ပြန်ပြောနိုင်ဖို့ အဓိကပါ။

ကျန်းမာရေး အကူအညီ ပေးမယ့် သူကို စောင့်နေချိန်မှာ -

    • လူနာကိုမြွေနဲ့ အလှမ်းဝေးရာ ရွှေ့ထားပါ။
    • နှလုံးအောက်ပိုင်းမှာ ကိုက်ခံရတဲ့ လူနာဆိုရင် လဲလျောင်း နေပါစေ။
    • မြွေဆိပ် မပျံ့စေဖို့ လူနာကို ငြိမ်ငြိမ်လေးသာ နေပါစေ။
    • အနာကို သန့်ရှင်းတဲ့ ပေါ့ပေါ့ပါးပါး ပတ်တီးစနဲ့ ဖုံးအုပ် ထားပါ။



ဒါတွေ မလုပ်ပါနဲ့

    • အနာကိုချဲ့တာ၊ ဆွတာ
    • အဆိပ်စုတ်ထုတ်ဖို့ ကြိုးစားတာ
    • ဒဏ်ရာအထက်ကနေ ကြိုးစည်းတာ၊ ဒဏ်ရာကိုရေတွေ၊ ရေခဲတွေနဲ့ ထိတွေ့ အုပ်ထားတာ
    • လူနာကို အရက်နဲ့ ကော်ဖီတွေ တိုက်တာ

အဲဒီပမာဏ ကာကွယ်ရေးတွေ ပြီးလို့ ဆေးရုံရောက်မှ လိုအပ်တာတွေ ဆက်လုပ် ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : The Irrawaddy

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.