အပြင်မှာ မိုဘိုင်းလ်ဖုန်းတွေ သုံးစွဲခြင်းဟာ အရေပြားကင်ဆာ ရောဂါ ဖြစ်လာစေနိုင်

မိုဘိုင်းလ် ဖုန်းတွေ ၊ တတ်ဘလတ် တွေနဲ့ လက်ပ်တော့ပ် တွေဟာ သင့်ကို အရေပြား ကင်ဆာ ရောဂါ ဖြစ်လာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရဲ့ အန္တရာယ်အများဆုံး ခရမ်းလွန်ရောင်ခြည် တွေကို ထို နည်းပညာ ပစ္စည်းတွေက ရောင်ပြန်ဟပ်စေနိုင်တာ ကြောင့်ဖြစ်တယ်လို့ သိပ္ပံ ပညာရှင်တွေက သတိပေးထားပါတယ်၊

လေ့လာမှု အသစ်တစ်ခုကနေ ရှာဖွေတွေ့ရှိခဲ့တာတွေက လူတွေကို နေရောင်ခံ ခရင်မ်တွေ လိမ်းဖို့ ၊ နေကာမျက်မှန်တွေ တပ်ဆင်ဖို့ နဲ့ အပြင်မှာ သူတို့ရဲ့ ဖုန်း တွေကို သုံးနေတဲ့အခါ မျက်နှာ နဲ့ လည်ပင်းတွေကို ကာကွယ်ဖုံးအုပ်ထားဖို့ စတာတွေကို သုတေသီတွေအနေနဲ့ လှုံ့ဆော် ပေးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

ထို စစ်ဆေးမှုဟာ လူတွေမှာ ပြုလုပ်ခဲ့တာတော့မဟုတ်ပါဘူး။ အထည်ဆိုင်တွေမှာ အသုံးပြုတဲ့လူ အရုပ်တွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရတော့ ထို သုတေသန ဟာ လူတွေအတွက် အရေးကြီးတဲ့ ရလဒ်တစ်ခုကို ထုတ်ဖော်နိုင်ခဲ့တယ် လို့ သိရပါတယ်။

လေ့လာမှု ရဲ့ တွဲဖက် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ နယူးမက္ကဆီကို တက္ကသိုလ်က Mary Logue က "ဒီပစ္စည်းတွေဟာ များသောအားဖြင့် ဆက်သွယ်ရေး နဲ့ ဖျော်ဖြေရေးအတွက် အသုံးပြုကြပါတယ်။ ဒါကြောင့် သင်ဟာ ဒီပစ္စည်းတွေကို သုံးတဲ့အခါ မျက်နှာပြင်ကို ကြည့်မိနေတဲ့အတွက် ရောင်ပြန်ဟပ်ခြင်းကတစ်ဆင့် အရေပြားကင်ဆာ ဖြစ်လာဖို့ လွယ်ကူနေတာပဲ ဖြစ်ပါတယ်။ " လို့ဆိုပါတယ်။

ပထမဆုံး လေ့လာမှုမှာတော့ ထို နည်းပညာ ကိရိယာ တွေဟာ ခရမ်းလွန်ရောင်ခြည် ဆင်ဆာ နဲ့ ၁၆.၅ လက်မ အကွာမှာ ထားကြည့်ခဲ့ပါတယ်။ ဒုတိယ လေ့လာမှု မှာတော့ ၁၂.၂၅ လက်မအကွာမှာသာ ထားခဲ့ပါတယ်။ ပထမလေ့လာမှုမှာတော့ ထိုနည်းပညာကိရိယာတွေက တစ်ဆင့် ခရမ်းလွန်ရောင်ခြည် ရောင်ပြန်စပ်မှုဟာ လူအရုပ် တွေကို ရောင်ပြန်ဟပ်တာ တွေ့ရှိခဲ့ပြီး ထိုရောင်ပြန်ဟပ်တဲ့ ခရမ်းလွန်ရောင်ခြည် နှုန်းထားကို ဖုန်းမျက်နှာပြင်ရဲ့ Exposure နဲ့ တိုင်းထွာကြည့်တဲ့အခါ ပျမ်းမျှအားဖြင့် ၄၆ ရာခိုင်နှုန်းအထိ ရှိနေတာကိုတွေ့ရပါတယ်။

ထိုလေ့လာမှု ကိုတော့ American Academy of Dermatology ဆိုတဲ့ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Credit:ThitHtooLwin

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.