ပျင်းရိခြင်းကို ၀ိရိယ နဲ့ပယ်သတ်ပါ ..

ထက်မြတ်ထုးချွန်သော ပုဂ္ဂိုလ်ကျော်တို့သည် ၀ီရီယ စွမ်းအားဖြင့်ပျင်းရီခြင်းကိုတော်လှန်ခဲ့ကြသည်။

မဟာဂန္ဒာရုံဆရာတော်ကြီး အရင်ဇနကာဘိဝံသ ဆိုလျှင် ကျမ်းစာများပြုစုရာတွင် စာရေးစားပွဲခပ်မြင့်မြင့် လုပ်ထားပြီး စာရေးတော်မူသည် ဟု မှတ်သားဖူးသည်။

စစ်သူကြီး နပိုလီယန် သည် ကုလားထိုင်ကို နောက်ပြန်လှည်ထိုင်တတ်သည်။ နောက်မှီ ကို မှိထိုင်မိလျှင်
ပျင်းရိမှာ စိုးသောကြောင့်ဖြစ်သည်။

မစ္စတာ အက်ဒီဇင် သည်အသံဖမ်းစက်ကို တီထွင်ခဲစဉ်ချိန်ခါ က သုံးရက်သုံးည လုံးလုံး အခန်းထဲက မထွက်
ပဲနို့နှင့် ဘီစကွတ်မုန့် ကိုသာစားပြီး စမ်းသပ် ခဲ့လေသည်ကို ..ကျွန်တော် လေးစားစိတ်ဖြစ်မိသည်
မိမိ ကိုယ် ကို လည်း ညံလေခြင်းဟု စိတ်အားငယ်မိလေကာ...အားတစ်ခုလည်းဖြစ်စေသည်။

ပျင်းရိသူတိုသည် နောင်အခါတွင် ၀ီရီယ ကြီးသူတို့၏ခိုင်းဖက်ဖြစ်လာတတ်သည်မှာလက်တွေ့ဖြစ်ပေသည်။
Credit : zaylinthawtar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.