အိမ်ကလူကြီးလာတော့မယ်...ရှင်မပြန်သေးဘူးလား
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကို အလည်သွားပါတယ်။
သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း Small လေး – “ရှင့်ရဲ့ ပသိုင်းမွေး
တွေ ကို ရိတ်လိုက်ပါလား ရှင်။
ဒါမှ ရှင်ရဲ့ အင်မတန် ခန့်ညားတဲ့ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို့ရမှာ” အမျိုးသား – “ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။
ငါသာ အဲဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ ဝေးပြီ။” Small လေး – “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန့်အဟွန့်” Small လေး ရဲ့ အချွဲကောင်းမူကြောင့် ထိုအမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာပဲ သူအိမ်ပြန်ပြီး သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး
ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး လှည့်မကြည့်ပဲ သူ့ ရဲ့ မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ “အမလေး ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က လူကြီး ပြန်လာတော့မှာနော်”
Credit : yinkhwinlam

Leave a Comment