အလွယ်ကူဆုံး ဗောက်ပျောက်စေမည့်နည်း



ခေါင်းမှာ ဗောက်ထလို့ စိတ်ညစ်နေရင် အောက်ပါသဘာဝနည်းဖြင့် အလွယ်တကူ ပြုလုပ်နိုင်ပါကြပါသည်။

() ရှားစောင်းလက်ပပ်ကို ဓါးဖြင့်ခွဲ၍ အတွင်းမှ အနှစ်သား (ဂျဲလ်) များကို ဇွန်းဖြင့် ခြစ်ယူပါ။

() ၄င်းရှားစောင်းအနှစ်ကို ဆံပင်နှင့်ဦးရေပြားကို နှံ့စပ်အာင် ပွတ်တိုက်လိမ်းခြယ်ပေးပါ။

() မိနစ်(၂၀) သို့မဟုတ် နာရီဝက်ခန့် ထားပြီးလျှင် ခေါင်းလျှော်ပြီး ဆံပင်ကို အခြောက်ခံထားပါ။

ရှားစောင်းမှာပါဝင်သည့် သဘာဝဓါတ်များသည် ဦးရေပြားကို ခြောက်သွေ့စေ၍ ယားယံခြင်းများကို လင်းရှင်းသွားစေပါသည်။ ဆံပင်များကိုလည်း သန်စွမ်းနက်မှောင်လာစေပါသည်။ တစ်ပတ်ကို တစ်ကြိမ်ခန့် အမြဲလျှော်ပေးနိုင်ပါသည်။

သဘာဝနည်းလမ်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများ လုံးဝမရှိပါ။ ဓါတုပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ခေါင်းလျှော်ရည်အမျိုးမျိုးတို့ထက် အန္တရာယ်ပိုမိုကင်းရှင်းစေပြီး အကုန်အကျလည်း သက်သာစေပါသည်။

ဗောက်များကင်းရှင်း၍ စိတ်ချမ်းသာစွာ နေနိုင်ကြပါစေ။

Credit: စောနွဲ့နေဆိုင် (ပူတာအို)

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.