အမျိုးသားများ ကိုယ့်ချစ်သူကောင်မလေး အပေါ် သ၀န်တိုချိန်

ကိုယ့်ချစ်သူနဲ့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ၊ တစ်ခါတစ်ရံ ကိုယ့်ချစ်သူ ကောင်မလေး လုပ်လိုက်တဲ့ အပြုအမူတစ်ချို့က မထင်မှတ်ပဲဖြစ်စေ၊ တမင်သက်သက် ဖြစ်စေ တစ်ခြား ကောင်လေးတွေနဲ့ ကိုယ်နဲ့ ပြသနာတက်သွားနိုင် လောက်တဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ဘယ်လိုအရာမျိုးတွေများလဲ။

၁။တစ်ခြားအမျိုးသားတွေနဲ့ အရောဝင်ပြောဆိုနေထိုင်ချိန်

ကိုယ့်ချစ်သူ ဘယ်လိုခံစားရမယ်ဆိုတာ သိသိကြီးနဲ့ တစ်ချို့အမျိုးသမီးတွေကတော့ တွေ့တဲ့လူတိုင်းကို သူငယ်ချင်းပါဆိုတဲ့ သဘောနဲ့ အရောဝင်ပြောဆိုတာမျိုးတွေ ရှိပါတယ်။ ခင်မင်တာ မကြာသေးပေမယ့် တရင်းတနှီးရှိလွန်းနေတယ်ဆိုရင် ကိုယ့်ချစ်သူက စိတ်ပူသောကရောက်ရပြီပေါ့။

၂။တစ်ခြားအမျိုးသားတစ်ယောက်ပြောတဲ့ ဟာသကို အူလှိုက်သဲလှိုက်ရယ်မောချိန်

တစ်ဖက်လူပြောလိုက်တဲ့ဟာသက တကယ်ကို ရယ်မောစရာ ကောင်းတဲ့ဟာသမျိုးဆိုပါစို့။ ကိုယ်ကလည်း သဘောကျလွန်းလို့ ရယ်မောလိုက်မယ်။ ဒါပေမယ့် အဲ့ဒီအချိန် ကိုယ့်ချစ်သူက နည်းနည်းအောင့်သက်သက် ဖြစ်နေတာ မြင်ရပါလိမ့်မယ်။ ဒါဟာ ပုံမှန်အားဖြင့် သူတို့ သ၀န်တိုတတ်တဲ့အရာပါ။

၃။မိန်းကလေးတွေချည်းပဲ အပြင်ထွက်မယ်ဆိုပြီး တခြားယောင်္ကျားလေးတွေ ပါဝင်နေတာကို သိလိုက်ရချိန်

ကိုယ်က ကိုယ့်မိန်းကလေးသူငယ်ချင်းတွေနဲ့ချည်း အပြင်သွားမှာမို့ သူ့ကိုထားခဲ့ပြီးမှ တခြား သူငယ်ချင်းယောင်္ကျားလေးတွေ ကိုယ်နဲ့အတူ တွေ့လိုက်ရမယ်ဆိုရင်တော့ သူ သ၀န်တိုတာ ရပ်မှာမဟုတ်တော့ပါဘူး။

၎။တခြားအမျိုးသားတွေက ကိုယ့်ရှေ့နာမည်လေးပဲ အဖျားဆွတ်ခေါ်တာ ကြားလိုက်ရချိန်

ကိုယ့်ချစ်သူရဲ့ နာမည်ကို အပြည့်အစုံမခေါ်ဘဲ တစ်ခြားယောင်္ကျားတစ်ယော်က အဖျားစွတ်ခေါ်တာမျိုး ကြားလိုက်ရရင် သူတို့ သ၀န်တိုသွားတတ်ကြပါတယ်။ ကိုယ့်ကိုလည်း ပြသနာရှာကောင်းရှာနိုင်ပါတယ်။

၅။အခြားအမျိုးသားတစ်ဦးနဲ့ message အပြန်အလှန်ပို့နေချိန်

အလုပ်ကြောင့်၊ တခြားလူမှုရေးကိစ္စကြောင့် မဟုတ်ပဲ ထမင်းစားရေသောက် အရေးမကြီးတာတွေကို တစ်ခြားအမျိုးသားတစ်ဦးနဲ့ sms အပြန်အလှန်ပို့တာ သူတို့သိရရင် သ၀န်ဘယ်လောက်တိုမယ်ဆိုတာ စဉ်းစားကြည့်ပါ။

၆။အခင်မင်ရဆုံး ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက် ရှိနေတာကို သိရချိန်

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက မိန်းကလေးမဟုတ်ပဲ ယောင်္ကျားလေးဖြစ်နေတယ်ဆိုတာ သိရပြီဆိုရင် အဲ့ဒီယောင်္ကျားလေးနဲ့ပတ်သက်ပြီး သူတို့သ၀န်တိုနိုင်ပါတယ်။

၇။အရင်ရည်းစားအကြောင်း ဘာရယ်မဟုတ် စိတ်လိုလက်ရ ပြောလိုက်မိချိန်

ကိုယ်က အရင်ရည်းစားအကြောင်း ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် သူတို့ရှေ့ပြောလိုက်တာနဲ့ မျက်နှာကပြုံးနေရင်တောင် စိတ်ထဲမှာတော့ သူ့ရည်းစားဟောင်းကို စိတ်ထဲရှိနေတုန်းဆိုပြီး သ၀န်တိုတတ်တဲ့အပြင် ပြသနာတက်တဲ့အချိန် အဲ့ဒီအကြောင်းတွေ ပွင့်အန်ထွက်လာတော့တာပါပဲ။

၈။သူမပါဘဲ သူငယ်ချင်းတွေနဲ့ ခရီးရှည်သွားတဲ့အချိန်

ကိုယ့်သူငယ်ချင်းအရင်းတွေ ဆိုပေမယ့် သူ့ဘက်က ကြည့်ရင်တော့ သူစိမ်းတွေပဲမို့ သူမပါဘဲ အခြားသူတွေနဲ့ ခရီးသွားတဲ့အခါ စိတ်ထဲမှာသ၀န်တိုတာမျိုးတွေ ရှိနေတတ်ပါတယ်။

Credit :Trend myanmar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.