ကြီးပွားချမ်းသာချင်ရင် ဒီနည်းလေးအတိုင်းကျင့်ကြမယ်

၁။ ကြီးပွားတိုးတတ်ရန် အားသည် ၊၀ီရိယ ။ နှင့် ။ ချွေတာခြင်း ၊ ဖြစ်သည်။

၂။ ။ဝီရိယကို ထုပ်၍လုပ်။ရသမျှလေးစု။မကြာမီအထုပ်ဖြစ်မည်။

အထုပ်မဖြစ်မီ။ထုပ်၍။မပြစ်ရ။

၃။ ကြီးပွားတိုးတတ်လိုလျှင်။ပညာဥာဏ်။လွန်စွာကြီးဖို့မလို။စေ့စပ်သေချာဖို့။

လိုသည်။

၎။ ပေါ့ပေါ့စား။ပေါ့ပေါ့နေ။ပေါ့ပေါ့လုပ်နေသမျှ။မတိုးတတ်နိုင်။လူမှန်လျှင်

အစွမ်းရှိ၏။

၅။ သူဌေးမြန်မြန်ဖြစ်လိုလျှင်။မြန်မြန်ဆင်းရဲတတ်၏။

၆။ ငါသည်။ ငါ၏အဖော်။ ငါ၏ လမ်းစဖြစ်၏ ။ ငါ၏ ခိုကိုးရာဖြစ်၏ ။

ငါ၏ အဖော်ကောင်းဖြစ်၏ ။ ငါ့မှတစ်ပါး ဘယ်သူမှ ငါ့ကိုမကယ်နိုင်။

၇။ အခက်ခဲသည်။စိတ်သဘောထား။ကြီးမားရင့်သန်ခြင်းအတွက်။

အကောင်းသော ။ သင်ခန်းစာဖြစ်၏ ။

၈။ အပြစ်ကင်းသောစိတ်သည်။ စွပ်စွဲခြင်းကို မကြောက်။
.......................................

(၁) နှင်းဆီအပွင့်ပွင့်ဖို့ ဆူးပင်ကိုရေလောင်းပေးရတယ်။

(၂) သူငယ်ချင်းအတွက် အနစ်နာခံတဲ့အလုပ်က ခက်တဲ့အလုပ်တော့ မဟုတ်ဘူး။
ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၃) အထီးကျန်တယ်ဆိုတာ လောကကြီးက ကိုယ့်ကိုမေ့သွားလို့မဟုတ်ဘူး။
ကိုယ့်က လောကကြီးကို မေ့သွားလို့ဖြစ်တယ်။

(၄) တကယ်လို့ အကောင်းဆုံးငှက်ကိုပဲ သီချင်းဆိုခွင့်ပေးခဲ့မယ်ဆိုရင် တောအုပ်ကြီးက တိတ်ဆိတ် ခြောက်ကပ်နေတော့မယ်။

(၅) ရှေ့တိုးဖို့ ဆင်ခြင်တစ်ခုပဲ လိုအပ်တယ်။ နောက်ဆုတ်ဖို့ ဆင်ခြင်အခုတစ်ရာ လိုအပ်တယ်။ ဒါပေမယ့် လူအများက ဆင်ခြင်တစ်ရာပေးပြီး ပျော့ညံ့သူမဟုတ်ကြောင်း သက်သေပြကြတယ်။ ဆင်ခြင်တစ်ခုတည်းကိုသုံးပြီး သတ္တိရှိသူဖြစ်ကြောင်းကိုတော့ သက်သေပြဖို့ မေ့နေကြတယ်။

(၆) စိတ်နေသဘောထား ပြည့်ဝတဲ့အမျိုးသမီးက ဘယ်တော့မှ သူပိုင်ဆိုင်တာကို မကြွားဝါဘူး။ ပညာဘယ်လောက်တတ်သလဲ ထုတ်မပြောဘူး။
ဘယ်ကိုသွားခဲ့တယ်၊ အဝတ်အထည် ဘယ်လောက်ပိုင်ဆိုင်ကြောင်း၊ လက်ဝတ်ရတနာ ဘယ်လောက်ရှိကြောင်း မကြွားဝါတတ်ဘူး။ အကြောင်းက သူ့မှာ သိမ်ငယ်နိမ့်ကျတဲ့စိတ် မရှိလို့ပါပဲ။

(၇) ထက်မြက်တဲ့ မိန်းကလေးတွေ တစ်ခါတလေမှာ ဘာမှမသိသလို တုံးတိတုံးအ ဟန်ဆောင်သင့်တယ်။

(၈) လောဘမကြီးနဲ့၊ ပစ္စည်းကောင်းတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၉) လူတွေသိနိုင်တဲ့ မှားယွင်းမှုမျိုးက တကယ့်အမှားမဟုတ်သေးဘူး။
တစ်ခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူမဟုတ်သေးဘူး။

(၁ဝ) သူတစ်ပါး အောင်မြင်၊ ပျော်ရွှင်နေတာကို ကြည့်ပြီး မနာလိုမဖြစ်နဲ့။ အောင်မြင် ပျော်ရွှင်ဖို့ သူတို့လည်း လက်နှစ်ဖက်နဲ့ရင်းပြီး ကြိုးပမ်းခဲ့ရတယ်။

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.