အစိမ်းသေ

''ဆု… ဟဲ့ဆုရေ'' သူမ၏အမေကခေါ်လိုက်ခြင်းဖြစ်သည်..
''ရှင်''
''ဟာထတော့လေ၆နာရီထိုးပဲနေပီ ညည်း သူငယ်ချင်းမွးနေ့သွားရဦးမယ်ဆို ငါ့ကိုပဲစောစောနိုးခိုင်းပီးတော့''
''ဟင် ဟုတ်သားပဲမေ့နေလိုက်တာ ပြင်ရဆင်ရ ဦးမယ်''
''a a ထ ထ''

မျက်နှာသစ်သွားတိုက်အလှအပပြင်ဆင်ပီးထွက်ခဲ့တော့သည်ဒီနေ့မွေးနေ့သွားရမည်ဆိုသော
ကြောင့်သူမ၏နက်မှောင်လှပသောခြေသလုံးထိရှည်သည့်ဆံပင်ရှည်ကြီးကိုမစည်းပဲဖြန့်ချသွားလေသည်
ခေါင်းလျှော်ထားသောကြောင့်လဲပါလေသည် ။

ထိုမွေးနေ့ကသူမ၏ချစ်သူမောင်မင်းခ၏မွေးနေ့ဖြစ်သောကြောင့်ဖြစ်သည်
''ဟဲ့သမီးဆံပင်ကြီးစည်းသွားစမ်းပါ''
''မစည်းတော့ဘူးမေမေ သမီးခေါင်းလျှော် ထားတယ်''

သိုနှင့်မွေးနေ့အိမ်ရောက်တော့မောင်မင်းခက သူမအနားရောက်လာကာ..

''ဆု ဒီနေ့မင်းအရမ်းလှနေတာသိလား''
''တကယ်လား'
''inm သြော်လာ လာ ဒီမှာလာထိုင်''
''hote ဒါနဲ့ ကိုခထိုင်ပါဦး ကျွန်မပြောစရာရှိလို့''
''inm ပြောလေ ဆု''
''ကိုခ ကျွန်မလေ နောက်တရက်နေရင် မေမေနဲ့ရွာပြန်တော့မယ်''
''ဟင်! ဘာလို့လဲ အပြီးလား''
''inm ကိုခနဲ့တွေရမှာမဟုတ်တော့ဘူး သိလား''
''inm ရပါတယ် ကိုယ်တို့ဖုန်းနဲ့ပဲအဆက်အသွယ်
လုပ်ကြရတော့မှာပေါ့''

သူကကျွန်မစကားကိုပေါ့ပေါ့တန်တန်တွေးပီးလက်လွတ်စပယ်ပြောလေသည် ။

''aww ခနနေဦးနော် ဆု ဟိုမှာကိုခသူငယ်ချင်းတွေ
ရောက်လာလို့ ထိုင်စားဦးနော်'' ဟုဆိုကာထသွား လေသည် ။

''ကိုခ ကျွန်မကိုဘာလို့အလေးမထားတာလဲ... ရှင်ကျွန်မကိုချစ်ရောချစ်ရဲ့လား''ဟုသူမစိတ်ထဲကပြော
နေသည်။ သူမလဲကြာကြာမနေတော့ဘဲထိုအိမ်မှထွက်လာခဲ့တော့သည် ..။

သူမကားလမ်းကိုဖြတ်ကူးစဉ် သူမ၏ဘေးနားဆိုင်ကယ်တစ်စီးကအရှိန်နှင့်မောင်းဖြတ်ကာသူမ
၏ဖြန့်ချထားသောဆံပင်များကထိုဆိုင်ကယ်၏ဘီးထဲသို့သွားညှပ်ကာလမ်းတလျှောက်လုံး တရွှတ်တိုက်
ကြီးပါသွားတော့သည်....။

''အားးးးးး ကယ်ပါဦးးးးး''ထိုအသံကြောင့်ဆိုင်ကယ် သမားလဲအလန့်တကြားဘရိတ်အုပ်လိုက်သည် ။

သို့သော်ဆိုင်ကယ်မောင်းလာသောအရှိန်ကြောင့် ဆု မှာကားလမ်းမကြီးပေါ်သို့ပစ်ချလိုက်
သလိုကျသွားလေသည် ။ ထိုစဉ်ကုန်တင်ကားကြီးတစ်စီးကသူမကို မညှာမတာနင်းကြိတ်သွားပြန်သည်
ထိုလမ်းမကြီးပေါ်တွင်သွေးများအိုင်အိုင်နှင့်ကျိုးပဲ့ပြတ်ထွက်နေသည့်သူမ၏ခန္ဓာကိုယ်အပိုင်းအစ
များမှာ အလွန်ကြည့်ရဆိုးနေလေသည် ။

မွေးနေ့အိမ်မှလူအများကလဲကားတိုက်သည်ဆိုသောကြောင့် အားလုံးစပ်စပ်စုစုနှင့် ထွက်လာကြသည် ။ထိုလူတွေထဲတွင် မင်းခလဲပါဝင်နေသည်သူမြင်နေရသည့်မြင်ကွင်းကိုသူမယုံနိုင်အောင်
ဖြစ်နေလေသည် ကြောက်လဲကြောက်နေသည် ။ ဆု မှာ တစ်ကိုယ်လုံးအင်္ဂါအစုံအလင်မရှိတော့ပဲ
ဖြစ်နေသည် ။ သူမ၏ဦးခေါင်းတွင်လဲဆံပင်များကမရှိတော့ပေ...။
ဦးရေကြီးဆွဲချွတ်ထားသလိုပင် ခေါင်းထဲကဦးနှောက်များလဲအပြင်သို့လျှံထွက်နေလေသည်

''ဆု ဆုမှ ဟုတ်ရဲ့လား''
………………………_…

ဒီနေ့ဟာဆုရဲ့3ရက်မြောက်နေ့ပဲ ကျွန်တော်ဆုတို့အိမ်ကိုရောက်လာသည်သူမအိမ်ထဲတွင်
သူမအမေငိုယိုနေသည့်အသံမှာခြံအပြင်ကပင် ကြားနေရသည် ။

''သမီး အဟင့် သမီးးရေ မေမေမှားတာပါ..အမေအဲဒီနေ့ကထဲကဆံပင်စည်းဖို့ပြောလိုက်ရမှာဒီအသုံးမကျ
တဲ့အမေကြောင့်ငါ့သမီးလေးအသေဆိုးနဲ့သေရတာ အဟင့် ငှီးးးးး''

ကျွန်တော်လဲ ဆုတို့အိမ်မှာလိုရာကိစ္စအဝဝကိုကူညီပေးနေလိုက်တာညနေတောင်စောင်းသွား
လေပီ အိမ်ပြန်ဖို့ကလဲမှောင်နေတာနဲ့ဒီအိမ်မှာအိပ်ဖို့ဆုံးဖြတ်လိုက်သည် လူတွေကလဲအသီးသီးပြန်ကြ
ကုန်ပီ  ။  ထိုအိမ်ထဲမှဆုရဲ့အမေထွက်လာကာ

''လူလေး မင်းအိမ်ပြန်တော့လေ အဒေါ်တယောက်ထဲနေနိုင်ပါတယ်ကွယ်''
''မဟုတ်ဖူးဒေါ်ဒေါ်ကျွန်တော်ဒီညဒီမှာပဲအိပ်မလို့အိပ်ခွင့်ပေးပါနော်''
''မင်းကသမီးနဲ့အရမ်းခင်လား မင်းနာမည်ဘယ်လိုခေါ်လဲ''
''ကျွန်တော့်နာမည် မင်းခပါကျွန်တော်ကဆုရဲ့ချစ်သူပါ''
''ဟေ ချစ်သူဟုတ်လား သမီးလေးကချစ်သူရှိတယ်ပေါ့ ဟုတ်လား''
''hote ဒေါ်ဒေါ်''
''အေးပါကွယ်ဒေါ်ဒေါ်ကိုယ်ချင်းစာပါတယ်မင်းလဲခံစားခဲ့ရမှာပဲဒီမှာအိပ်ပါ ခနနေရင်ဖဲရိုက်ဖို့လူတေလာ
ကြလိမ့်မယ်''
''ဟုတ်ကဲ့ပါ ဒေါ်ဒေါ်''

ခနအကြာတွင်ဖဲသမားများရောက်လာကြသည် ။ အသံများကလဲဆူညံနေလေသည် ။
မင်းခတစ်ယောက်အိပ်မရဖြစ်နေလေသည် ။

''ဟာ အတော်ဆူကြတဲ့လူတေပဲ ငါအိပ်လို့ကို မရဘူး''

ထိုစဉ် ဖဲဝိုင်းထဲမှ အသက်သုံးဆယ်အရွယ် ခင်မောင်ဆိုသူက ဗိုက်ဆာတယ်ဟုဆိုကာ ဆုအတွက်
တင်ထားသည့် ထမင်းပန်းကန်ကို မူးမူးရူးရူးနှင့်စားလိုက်သည် ကျန်သည့်သူများကသူ့လုပ်ရပ်ကိုမြင်
ပြီးကြောက်ကြောက်လန့်လန့်နှင့်ထပြန်ကြကုန်သည် ။

''ဟေ့ကောင်တွေ ဟားဟား $ငကြောက်တေမင်းတို့ကိုသေတဲ့သူကဘာလုပ်နိုင်မှာလဲ ဟားဟား''

ထိုစဉ်ခင်မောင်၏ကျောဘက်တွင်တစ်စုံတစ်ရာကလာထိလေသည် ..။

''ဟင် ဘာလဲဟ''

သူအနောက်ဘက်သို့လှည့်ကြည့်လိုက်စဉ်ဆံပင်ရှည် ကြီးကပြန့်ကျဲနေသည် ခင်မောင် အပေါ်သို့မော့
ကြည့်လိုက်သည်..။

''အားးးးး ခေါင်းးးးပြတ်ကြီးးး အမလေးဗျ ကယ်ကြပါဦးးးးး''

ထိုအော်သံကြားသဖြင့်မင်းခထွက်လာကာမေးလိုက်သည်။

''အပြင်မှာဘာဖြစ်နေတာလဲ ဦးလေး ဘာဖြစ်နေတာလဲဗျ''

''သ…သရဲ ဆုကိုငါတွေ့တယ်သူ့ခေါင်းကပြတ်နေတယ်ခေါင်းပြတ်ကြီး ဦးနှောက်တေလဲထွက်နေတယ်
ခုလေးတင်မင်းရောက်လာလို့ပျောက်သွားတာ''

''ဟင် ဟုတ်ရဲ့လားဗျာ ဦးလေးမူးမူးရူးရူးနဲ့လျှောက်မြင်တာနေမှာပါ''

''ဟာ ငါတကယ်ပြောနေတာကွ မင်းမယုံလဲမတက်နိုင်ဘူးကွာ ငါပြန်တော့မယ် သွားပီကွ''ဟုဆိုကာ
ပြန်သွားတော့သည်...။

သူပြောနေတာအမှန်တွေလား ဆု ကိုတွေ့တယ်ဆိုတာမဖြစ်နိုင်ပါဘူး...

ထိုစဉ်

''အဟင့် ဟင့်'' ဟုငိုသံကြားလိုက်ရသဖြင့်
''ဟင်ဘယ်သူလဲငိုနေတာ ဘယ်သူလဲလို့မေးနေတယ်လေ''

အသံကမန်ကျည်းပင်အနောက်ဘက်ကလာနေသည်
''ဟေ့အဲဒီနားကဘယ်သူလဲ''
မင်းခတစ်ယောက်မန်ကျည်းပင်နောက်သို့ရောက်လာလေသည်
''မင်းက ဘယ်သူလဲ''

မန်ကျည်းပင်နားတွင်မိန်းကလေးတစ်ဦးအဖြူရောင်ဂါဝန်ကိုဝတ်ထား၍ဆံပင်ရှည်ကြီးကိုဖြန့်
ချထားကာမင်းခကိုကျောပေး၍မတ်တပ်ရပ်နေလေသည်...။

''ဟိတ် မင်းဘယ်သူလဲ''

ထိုမိန်းကလေး၏ဆံပင်မှာရှည်လွန်းလှသည်...သူသိလိုက်ပီ....

''ဆု ဆုလား''

ထိုမိန်းကလေးမှာမတ်တပ်ရပ်နေရင်းကမင်းခဘက်သို့ခေါင်းကြီးပင်လှည့်လာသည်...
ခန္ဓာကိုယ်မှာနောက်ကျောပေးလျှက်ရှိနေသည် ..။

''ဟင် အမလေး ကယ်ပါဦး''

သူမြင်လိုက်ရသည့်မျက်နှာကားးး အလွန်ကြောက်စရာကောင်းနေသည် သူမ၏မျက်နှာ
မျက်လုံး နှာခေါင်း ပါးစပ် အားလုံးကကျိုးပဲ့ကျေမွနေပီး မျက်နှာတစ်ခုလုံးသွေးများရွှဲနေလေသည်..။

''ကိုခ ကျွန်မကိုမှတ်မိသေးရဲ့လား''
''ဟင်း မဟုတ်ဖူး အမလေး မလာနဲ့ သွား အားးး''
သူမကမင်းခ၏လက်ကိုလှမ်းဆွဲလိုက်သည်
''အားးးးး''
''လူလေး လူလေးဘာဖြစ်တာလဲ''
''ဟင် ဒေါ်ဒေါ်ပါလား''
''ဘာဖြစ်လို့လဲကွယ် အိမ်မက်ဆိုးတေမက်နေ တာလား''
''ဟင် အိမ်မက်ဟုတ်လား ဒါနဲ့ဒေါ်ဒေါ်အခုဘယ်နှနာရီထိုးပီလဲ''
''အခုမနက်၎နာရီထိုးနေပီကွဲ့ဒေါ်ဒေါ်မင်းအော်သံ
ကြားလို့ထလာတာ''
''aww ဟုတ်ကဲ့ကျွန်တော့်ကြောင့်ဒေါ်ဒေါ်အိပ်ရေးပျက်ရပီ တောင်းပန်ပါတယ်''
''ရပါတယ် ဒေါ်ဒေါ်လဲသမီးလေးကို လွမ်းလို့အိပ်မပျော်ပါဘူးကွယ်''

ကျွန်တော်လဲ နိုးလက်စနှင့်မို့ ထလာကာ လမ်းလျှောက်ထွက်လာခဲ့သည် မနက်၎နာရီပဲရှိတေး
တာမို့ နေ၏အလင်းရောင်မရှိသေး မှောင်နေသေးသည်မိုးရာသီဖြစ်သောကြောင့်လမ်းမကြီးတစ်ခုလုံး
စိုစွတ်နေသည်..။

''ငါမြင်လိုက်ရတာတေက အိမ်မက်တဲ့လားမယုံနိုင်
ဘူး ဆု ရယ်''ဟုသူ စိတ်ထဲကနေရွေတ်နေသည်...

''ဟင်''သူထပ်မြင်ပြန်သည်

ဒီတခါတော့အိမ်မက်မဟုတ်တာသေချာသည် မိန်းကလေးတစ်ယောက်ဆံပင်ရှည်ကြီးကိုဖြန့်ထား
ပြီးအဖြူရောင်ကိုဝတ်ဆင်ထားကာနောက်ပြန်ရပ်နေသည် .။
သူအတော်ကြောက်လန့်နေသည်ထိုမိန်းကလေးကသူ့ဘက်သို့ဘယ်အချိန်လည်ပင်းလိမ်ပီးဘယ်အ
ချိန်လှည့်လာမည်ကိုမသိ ဘယ်သူလဲဟုလဲ မအော်ရဲဘာမှပင်မပြောနိုင်ပဲသူမကိုကြက်သေကြည့်နေလေသည် ။

''ကိုခ …………ကိုခ ကိုခ ကိုခ ကိုခ''ဟုသူနာမည်ကိုအဆက်မပြတ်အော်ခေါ်နေလေသည်

''ဆုရယ် ကိုယ့်ကိုမခြောက်ပါနဲ့ကွာ ကိုယ်မင်းကိုဘာတွေလုပ်ပေးရမလဲ''

ထိုစဉ် ဆု သူ့ရှေ့မှပျောက်သွားသည်

''ဟင် ဘယ်ရောက်သွားတာလဲ''
''ကျွန်မ ဒီမှာ''ဟုသူ့အနောက်ဘက်မှသူပခုံးပေါ်သို့လက်တင်လိုက်သည်

''အားး……ဆု ကိုယ်ဘာလုပ်ပေးရမလဲပြောပါ..ကိုယ်ဘာမဆိုလုပ်ပေးပါ့မယ်ကွာ''

''ကောင်းပြီ ကျွန်မလိုချင်တာ ကိုခ ရှင်ပဲရှင့်ကိုကျွန်မ
မခွဲနိုင်ဘူး 7ရက်မြောက်နေ့မှာကျွန်မရှင့်ဝိညာဉ်လာ
နုတ်မယ် ကျွန်မလိုချင်တာ ဒါပဲ''

''ဟင် ဆု မင်းဘာတွေပြောနေတာလဲ''ဟုပြောကာ
အနောက်လှည့်ကြည့်လိုက်သည် ဆု မရှိတော့ပါ
''ဆု……ဆု…………ဆု………''

7 နှရက်မြောက်နေ့သို့ရောက်လေပီ။။တရားနာလူတွေနှင့် ဆု တို့အိမ်တွင်ပြည့်နှက်နေသည်
ဘုန်ကြီးများကဘုရားစာစရွတ်ဖတ်ကြတော့သည် ။
ထိုတရားပီးဆုံးပီးသာဓုခေါ်သည့်တိုင် ဆု မရောက် လာသေးပါ..

မင်းခကတော့သူသေရတော့မည်ဆိုတာကို သိနေလေသည်
ဆု ဘယ်အချိန်လာမလဲဆိုတာကိုမသိ...သူစိတ်တွေခြောက်ခြားနေသည်

''ငါ ငါ ငါမသေချင်သေးဘူးဘယ်လိုလုပ်ရပါ့မလဲမဖြစ်ဖူး ဆရာတော်ဆီကိုသွားမှဖြစ်မယ်''ဟုပြော
ကာ ဆုရဲ့အမေကိုနှုတ်ဆက်ပီးထွက်လာခဲ့တော့သည် ။

ဆရာတော်ဆီရောက်တော့အကျိုးအကြောင်းပြောပြလိုက်တော့သည် ဆရာတော်က

''ဒကာလေး ဘာမှစိတ်မပူပါနဲ့သရဲတွေ ဝိညာဉ်တေဆိုတာလူကိုမသတ်နိုင်ပါဘူး''
''တင်ပါ့ဘုရား တပည့်တော် ဒီည ဒီမှာအိပ်ပါရစေ''
''အေးး''

ညဘက်(12)နာရီထိုးဖို့ငါးမိနစ်အလိုတွင်မင်းခတစ်ယောက်အပေါ့သွားဖို့ထလာလေသည်
အပေါ့အပါးသွားပီးအပြန်တွင်လေများအပြင်းအထန်တိုက်ခတ်လေသည်
''ဟင် ဘယ်နှနာရီထိုးပီလဲမသိဘူး ကြက်သီးထလိုက်တာ''

ထိုစဉ်ဖုန်းကထမည်လေသည်

''အမေ့ လန်ထှာ hello''
တစ်ဖက်မှဖုန်းထဲက

''အစ်ကို ကိုခ ဘယ်တေသွားနေတာလဲbabyကိုလဲဖုန်းမဆက်ဖူး ဖုန်းကဆက်လိုက်တိုင်းဧရိယာပြင်ပ
တဲ့ အခုမှဖုန်းဝင်သွားတာ ဒီကစိတ်ပူနေလိုက်ရတာသိရဲ့လား နေနိုင်လိုက်တဲ့လူကြီးး ဟင့်''
''sorry ပါ baby ရာကိုယ့် သူငယ်ချင်းအသုဘကို
ရောက်နေတာကွbabyကိုဖုန်းဆက်ဖို့ကလိုင်းပျောက်နေလို့ပါကွာ''

''ဟွင့် ဘာမှန်းလဲမသိဘူးသိပ်စကားတတ်တာပဲ အာ့ဆို အိပ်တော့babyလဲအိပ်တော့မယ်''
''နေပါဦးbabyရာ အစ်ကိုပျင်းလို့အိပ်တေးပါနဲ့ဦး''

ထိုစဉ်ဘုန်းကြီးကျောင်းထဲမှခွေးမျေားသံပြိုင်အူကြလေသည်။

''အူ''
''အစ်ကိုဘယ်တေရောက်နေတာလဲခွေးအူသံတေအကျယ်ကြီးကြားနေရတယ်''
''baby အစ်ကိုအခုဘုန်းကြီးကျောင်းထဲမှာ ဟင်အမလေး အားး ကယ်ပါဦးးးးး''
(ဂွက်)>>>ဖုန်းကျသည့်အသံ
''ဟင်အစ်ကိုဘာဖစ်တာလဲ babyကိုစိတ်ပူအောင်မလုပ်နဲ့နော် အစ်ကိုပြန်ထူးပါဦး အစ်ကိုအခုဘယ်မှာလဲ''
ဆု ကမင်းခ၏လည်ပင်းကိုညှစ်နေလေသည်။

''အားးး ဆု ကိုယ့်ကိုလွှတ်ပါ အားးး''

ဆုမှာခေါင်းမပါခန္ဓာကိုယ်ကြီးပင်သူမ၏ခေါင်းသည်လေပေါ်တွင်ပျံဝဲနေသည် မင်းခလဲမြေကြီးပေါ်
တွင်ပက်လက်အနေအထားဖြင့် အပေါ်မှဆု ၏ခန္ဓာကိုယ်ကသူ့လည်ပင်းကိုညှစ်ထားလေသည်.ထိုစဉ်သူမ၏ခေါင်းပြတ်ကြီးက
''ကိုခ ရှင့်ကိုခွင့်မလွှတ်နိုင်ဘူး ရှင့်ကျွန်မကိုတကယ်မချစ်ခဲ့ဘူး ရှင့်ကိုမုန်းတယ်''
Babyလဲဖုန်းထဲကထိုအသံများကို အတိုင်းသားကြားနေရသည်။

''အစ်ကိုခ အစ်ကို အဲဒါဘယ်သူလဲ အစ်ကို babyလာခဲ့မယ် ဘယ်နေရာလဲပြော''
''အားးးးဆု ကိုယ်တောင်းပန်ပါတယ်မင်းကိုတကယ်မချစ်ခဲ့မိဘူးသူငယ်ချင်းတွေဝိုင်းစကြလို့မင်းကိုတွဲခဲ့
တာပါတောင်းပန်ပါတယ်ကွာ''

''ဘာပြောတယ် ဟားဟားဟားဟား ရပါတယ်ဘာပဲပြောပြောကျွန်မကရှင့်ကိုခေါ်သွားမှာပဲလေ ရှင်သိရဲ့
လားအဲဒီနေ့ကရှင့်ကြောင့် ကျွန်မသေခဲ့ရတာ ရှင့်ကြောင့် ရှင်သေရမယ်''ဟုဆိုကာဘေးတွင်ရှိသည့်
ပုလင်းကွဲစကြီးနှင့်ကိုခ၏ ရင်ဘတ်ကိုထိုးချလိုက်သည်......။
'အားးးး အားးးးး''

Baby ကလည်း
''အစ်ကိုခ ဘာတွေဖြစ်နေတာတုန်းလို့ပြန်ပြောပါဦးပြန်ဖြေပါဦးလို့''
မင်းခကိုထိုပုလင်းကွဲစနှင့်နောက်တစ်ချက်ဆက်ထိုးမည့်အချိန်ဆရာတော်ရောက်လာကာ
''ရပ်လိုက်စမ်း ဘယ်လိုနာနာဘာဝမျိုးကဘုန်းကြီးကျောင်းထဲမှာလာသောင်းကျန်းနေတာလဲ အခုထွက်သွားစမ်း''
''မသွားနိုင်ဘူး ငါမင်းခကိုအသေသတ်ပီးမှသွားနိုင် မယ်''
''ကောင်းပီ ဒါဆိုတစ်နည်းပဲရှိတော့တယ်

သံဗုဒ္ဓေ…………''

''တိတ်စမ်း မရွတ်နဲ့ အားးးး အားးးး ကျေးဇူးပြုပြီးမရွတ်ပါနဲ့တော့ ထွက်သွားပါ့မယ် အားးပူလို့ပါ''
''မရတော့ဘူး အခုနေ မင်းကိုလွှတ်ပေးလိုက်ရင်နောက်တစ်ခါပြန်လာဦးမှာပဲ သံဗုဒ္ဓေ…………''

''အားးး ကယ်ပါဦး ကိုခ ကိုခ………''
ဆု ခမျာမြေကြီးပေါ်တွင်လူးလိမ့်နေရှာသည်ဘုရားစာရွတ်တာ အခေါက်တစ်ရာပြည့်တော့ ဆု
မခံနိုင်တော့ပဲရင်ခေါင်းသံကြီးနှင့်အော်ကာ ပြာကျသွားတော့သည်
''အားးး…………''
''ဆရာတော် သူပြန်လာဦးမှာလားဟင်''ဟုမင်းခလဲ
ကြောက်ကြောက်နှင့်မေးလိုက်သည်
ဆရာတော်က
''မလာနိုင်တော့ပါဘူး ဒကာလေး ဒဏ်ရာရောသက်သာရဲ့လား''
''တင်ပါ့ ဆရာတော်ဘုရားသာရောက်မလာရင်ခုချိန်တပည့်တော်သေနေလောက်ပီ''
''inm အစွဲအလန်းကြီးပီးအစိမ်းသေတဲ့ဝိညာဉ်တွေဆိုတာအမြဲတမ်းမကျွတ်မလွတ်ပဲ ဖြစ်နေကြတယ်ကွဲ့'

''တင်ပါ့ဘုရား''

မနက်ရောက်တော့ဆရာတော်ကိုနှုတ်ဆက်ပြီးပြန်လာခဲ့တော့သည်ကားပေါ်ကအဆင်းတွင်
''အစ်ကို အစ်ကို baby ဒီမှာ ဒီဘက်မှာ အဲ့ဒီမှာနေbabyကားလမ်းကူးလာခဲ့မယ်'

''a a baby''

''အစ်ကိုရယ် စိတ်ပူလိုက်ရတာ ဒဏ်ရာရတယ်ဆိုဘယ်မှာလဲ သက်သာရဲ့လား''
''babyရယ်ဖြေးဖြေးမေးပါ အမောဆို့နေဦးမယ် အစ်ကိုသက်သာပါတယ်ကွာ လာ မနက်စာသွားစား
ကြမယ်''

''inm အစ်ကို့ကိုပြောဦးမယ် ''

''ပြောလေ''
''အစ်ကို နောက်ကောင်မလေးထပ်ထားရင်babyနဲ့တွေ့မှာနော်babyဒီတခါလိုသည်းခံနေမှမဟုတ်ဖူး
သိလား''

''a par baby ရယ်အစ်ကိုမထားရဲတော့ပါဘူးမင်းကိုပဲတစ်သက်လုံးချစ်ပါ့မယ်ကွာ ကတိပေးတယ်
တကယ်ပြောတာ''

''တကယ်နော် ကတိဖျက်ရင်ဘာလုပ်ရမလဲ''
''မဖျက်ပါဘူးဆိုနေ ……ကတိဖျက်ရင်အစ်ကို့ကိုသတ်ပစ်လိုက် Ok! ''

''ဟွင့် ပီးတာပဲအစ်ကို့စကားနော်ဖျက်လို့ကတော့baby အစ်ကို့ကိုတကယ်သတ်ပစ်မှာနော်''

''အံမယ် ဟား ဟား ဟား အေးပါကွာ လာ သွားကြမယ်''
Credit:Rosey

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.