ပန်းပန်လျက်ပဲ
ဆရာဇော်ဂျီရဲ့ ကဗျာများထဲမှ အကောင်းဆုံး တစ်ပုဒ်လို့ ဆိုနိုင်တဲ့ ဗေဒါလမ်း ကဗျာလေးကိုဖတ်ရင်း
ဘ၀အတွက် အားဆေးတစ်ခွက်သောက်လိုက်ရသလို ခွန်အားတွေ ပြည့်လာမယ်လို့ယုံကြည်သောကြောင့်....................
ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း။
ဆင်းရလဲမသက်သာ
အုန်းလက်ကြွေ ရေပေါလော မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမအထွေး။
အုန်းလက်ကြွေသူ့နံဘေး ၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုကပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုကပြန်ရ။
ပေါ်ပြန်လဲမသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ။
ဘဲအုပ်က တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်တည်း။
အယက်အကန်ခံလို့၊ ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ။
ဆရာဇော်ဂျီ(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

Myanmar Kyat Converter
Leave a Comment