ကောင်လေးတွေကို လိုသလိုကျီစားနေတဲ့ ရာသီခွင်

မိန်းကလေးတွေရဲ့ အားသာချက်ကတော့ ကောင်လေးတွေကို ကျီစားတတ်တဲ့၊ ချစ်စရာကောင်းသော အနိုင်ကျင့်ခြင်းပါပဲ။

ရာသီခွင်အလိုက် ဘယ်သူက ကောင်လေးတွေကို ဒုက္ခရောက်စေလဲဆိုတာကို ကြည့်ရအောင်။

၀၁. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူကတော့ ဘာကိုပဲလုပ်လုပ် ခေါင်းထဲမှာ အားလုံးကို အစီအစဉ်တကျ စဉ်းစား ဆုံးဖြတ်ပြီးသားဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာလည်း စဉ်းစားပြီးသားဖြစ်လိမ့်မယ်။ သူ့ရည်စားနဲ့တွေ့ပြီး ၁၀ ကြိမ်လောက်မှ လက်လေးကို ထိခံမယ် စသည်ဖြင့်။ တကြိမ်စဉ်းစားဆုံးဖြတ်ပြီးသား ကိစ္စကို ဘယ်တော့မှ မပြောင်းလဲချင်ပါ။

၀၂. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ လယ်ကွင်းထဲမှာရှိတဲ့ နွားလေးလိုပါပဲ။ အချိန်တိုင်းလိုလို အေးအေးဆေးဆေးပါ။ နောက်ပြီး ယောင်္ကျားလေးတွေကို အနိုင်ကျင့်တဲ့နေရာမှာလည်း နှစ်ယောက်မရှိပါ။ မွေးရာပါ ထူးခြားချက်လေးဖြစ်ပါလိမ့်မယ်။

၀၃. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
သူကတော့ ကျီစားတဲ့နေရာမှာတော့ အတော်ဆုံးလို့ ပြောရမှာပါ။ လှချောတဲ့မိန်းကလေးတွေများတဲ့အတွက် ယောင်္ကျားလေးတွေကို လိုသလို အသုံးချသွားတတ်သူပါ။ ရည်စားဖြစ်တာတောင် တော်တော်နဲ့ အခွင့်အရေးကို မပေးတာက သူပါပဲ။

၀၄.သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုကို အလေးထားသူပါ။
ဒါတွေမရှိရင်တော့ သူလည်း အနိုင်ကျင့်တတ်သူပါ။ သတိထားပါ။

၀၅. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
ရည်းစားဖြစ်ချင်သူ၊ ရည်စားကို တကယ်ပြန်စဉ်းစားကြည့်ရင် အားလုံးက ထင်တာထက်မြန်နေလားမသိပါလို့ဆိုပြီး ကျီစားချင်သောသူပါ။

၀၆. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
Line၊ Viber တို့ကိုသုံးပြီး Msg တွေနဲ့ စစ်ဆင်ရေးလုပ်နေသောသူဖြစ်ပါလိမ့်မယ်။ ချက်ချင်းဘာလုပ်၊ဒါလုပ်ဆိုပြီး အနိုင်ကျင့်ပြီး ပျော်နေတတ်သူပါ။

၀၇. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူ့ကြည့်ရင်တော့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပင်မဲ့လည်း အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ တံခါးမကြီးက ပွင့်ရန် ခက်ပါသည်။

၀၈. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
ကျီစားရမယ်၊ အနိုင်ကျင့်ရမဲ့ကိစ္စတွေက အလုပ်ရှုပ်လွန်းလို့ ဘာမှကို မလုပ်ပါ။

၀၉. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
အားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်တာကို သဘောကျသူပါ။

၁၀. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
သူ့ကိုကြည့်လိုက်ရင်တော့ အေးအေးဆေးဆေးနေတာတခုတည်းမဟုတ်၊ အချစ်ရေးမှာလည်း ရှုပ်တာတွေဆိုရင် ဘာမှမလုပ်ချင်ပါ။

၁၁. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
သူက ကျီစားဖို့နေနေ၊ သူ့ကို ပြန်ပြီး ကျီစားတာကို သဘောကျသူပါ။

၁၂. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
အချိန်တွေ ကုန်ခံပြီး စဉ်းစားမနေတတ်သူပါ။ Msg တွေလာရင်လည်း ချက်ချင်းဆိုသလို ပြန်ဖြေတတ်သူဖြစ်တဲ့အတွက် အချစ်ရေးမှာလည်း လွတ်လွတ်လပ်လပ်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Chelmo Team

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.