နေ့ လယ်ဘက် အကြာကြီးအိပ်စက်ခြင်းက ဆီးချိုသွေးတိုးရစေနိုင်
တစ်နေ့ ကို နာရီဝက်လောက် နေ့ လယ်ဘက်အိပ်စက်ခြင်းက သင့်အတွက်
ကောင်းမွန်စေနိုင်ပေမယ့် ဒီ ထက် အချိန်ကြာကြာပိုအိပ်မယ်ဆိုရင်တော့
ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်က သုတေသနပညာရှင်တွေပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ တစ်နေ့ ကို နေ့ လယ်ဘက် တစ်နာရီ ဒါမှမဟုတ် တစ်နာရီအထက် ပိုအိပ်ခြင်းဟာ ဆီးချိုဖြစ်နိုင်မှုကို ၄၆ ရာခိုင်နှုန်း ပိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။ ဒီ့အပြင် နေ့ လယ်ဘက်မှာ အရမ်းအိပ်ချင်သလိုခံစားရတဲ့ လူတွေဟာ လည်း သာမန်လူတွေထက် ဆီးချို (၂) ရနိုင်ခြေ ၅၆ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။
ဆီးချိုဆိုတာ သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်က ထိထိရောက်ရောက် မဖြိုခွင်းနိုင်တဲ့ ရောဂါအခြေအနေ တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးက လူပေါင်း ၃၈၇ သန်းလောက်ဟာ ဆီးချိုရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆီးချိုကနေ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးမှု ၊ မျက်လုံးကွယ်မှုနဲ့ အဆိုးဆုံး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ခံနိုင်ရည် ရှိနေမှုကြောင့် ဆီးချိုအမျိုးအစား (၂) ဖြစ်တာဖြစ်ပါတယ်။
ဒီလေ့လာမှုကို စတင်ခဲ့သူ Dr Tomohide Yamada က “ နေ့ လယ်ဘက်အလွန်အမင်း အိပ်ချင်မှုနဲ့  အချိန်ကြာကြာတစ်မှေးအိပ်တတ်ခြင်းတို့ က ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်ခြေမြင့်တက်မှုနဲ့ ဆက်စပ်နေတာကို တွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် တစ်ခဏတာတစ်ရေးတစ်မောအိပ်တာကတော့ ဒီရောဂါရနိုင်ခြေကို မမြင့်တက် စေတာကိုလည်း တွေ့ ခဲ့ရပါတယ်။
“ တစ်ခဏတာအိပ်စက်ခြင်းဆိုတာက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခြင်း (deep slow-wave sleep) မတိုင်ခင်မှာ နိုးလာတာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားပြီး အိပ်စက်မှုစက်ဝန်းတစ်ခုလုံးကိုလည်း ပြီး အောင်မအိပ်လိုက်ရဘူးဆိုရင် sleep inertia လို့ ခေါ်တဲ့ အိပ်ရေးမ၀ခြင်းပုံစံတစ်မျိုးကို ခံစားရပြီး လူ က မူးနောက်နောက်ဖြစ်နေမယ်၊ စိတ်ရှုပ်ထွေးနေမယ်၊ ပြီးတော့ တစ်ရေးမအိပ်ခင်ကထက်ကို မျက်လုံးဖွင့်မရအောင် ပိုအိပ်ချင်နေတာမျိုး ခံစားရပါလိမ့်မယ်” လို့ Dr Tomohide Yamada က ပြောပြခဲ့ပါတယ်။
Credit : Thithtoolwin

Myanmar Kyat Converter
Leave a Comment