သက်ကြီးစကား (ဟာသ)

ကျွန်တော့် အဖွားသည် အသက် 90ရှိနေပြီဖြစ်သော်လည်း ကျမ်းမာရေးက ဒေါင်ဒေါင်မြည်နေဆဲပင်။

သို့သော်... လူတကာနှင့်တွေ့တိုင်း... ကျမ်းမာရေးမကောင်းကြောင်း၊ မျက်စိ မကောင်းတော့ကြောင်း အမြဲ ညီးနေတတ်၏။
တနေ့ ကျွန်တော့်အဖွားကိုသွားတွေ့ရာ..

"ဟဲ့... ဘယ်သူတုန်း..."
"အဖွားရဲ့မြေး အောင်အောင်လေ"
"အော်...အေးအေး.....အဖွားက အသက်ကြီးပါပြီကွယ်... မျက်စိလည်း ကောင်းတော့တာမှမဟုတ်တာ"....
ဟု ညီးနေရာမှ...

"နေပါဦး... မြေးလေးရယ်...ဟို အိမ်ရှေ့က (10 ပေလေက်ကွာဝေးတဲ့) မာလကာပင်ပေါ်က မာလကာသီး တစ်လုံး မှည့်နေတာတွေ့တယ်..
သွားခူးပေးပါဦးကွယ်"

ဟူသတည်း။


Credit : maymaydim

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.