မိန်းကလေးတွေ ယောက်ျားများဆီက တိတ်တခိုး သဘောကျလေ့ရှိတဲ့ အချက် (၅) ချက်

အမိန်းကလေးတွေ ယောက်ျားလေးတွေကို တိတ်တခိုးလေး သဘောကျမိတဲ့အချက်လေးတွေ ရှိတတ်ကြပါတယ်။ အထင်ကြီးတာမျိုးလို့ ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီအချက်တွေထဲက (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 (၁) အသံ (Voice) အသံလုံးသေး စည်းချက်ကျပြီး ချစ်စရာကောင်းတဲ့ အသံလေး ပိုင်ဆိုင်ထားမယ်ဆိုရင် ကောင်မလေးတွေဆီက အထင်ကြီးလေးစားမှုကို အချိန်တိုအတွင်း ရရှိပါတယ်။

(၂) ရှင်းလင်းပြတ်သားတဲ့ လေသံ (Accents) ပါမောက္ခတစ်ဦးက ကောင်လေး တစ်ယောက်ကို သူတကယ် ဘွဲ့ရတစ်ယောက် ဟုတ်မဟုတ်မေးပါတယ်။ ဘာလို့လဲဆိုရင် သူ အင်္ဂလိပ်စကားကို လယ်သမားတစ်ယောက်လို လေသံနဲ့ ပြောနေလို့ဖြစ်ပါတယ်။ ကောင်းမွန်တဲ့လေသံ (accents) က သင့်ကို ထူးခြားစေပါတယ်။ ထူးခြားကောင်းမွန်ခြင်းကြောင့် အထင်ကြီးလေးစားမှုကို ရစေပါတယ်။

 (၃) အရည်အချင်း (Talent) မိန်းကလေးတွေ ယောက်ျားတွေဆီက လေးစား သဘောကျတဲ့ အရည်အချင်းနှစ်ခုက အကနဲ့ သီချင်းဆိုခြင်း ဖြစ်ပါတယ်။

 (၄) ထူးချွန်ထက်မြက်ခြင်း (Brilliancy) ထူးချွန်ထက်မြက်မှုဆိုတာ လေးစား သဘောကျမှုကို အလိုအလျောက် ဝင်ရောက်သွားစေတဲ့ တံခါးမကြီး တစ်ခုပဲဖြစ်ပါတယ်။

 (၅) စိတ်အေးဆေးတည်ငြိမ်မှု (Calmness) ပြသနာ ထိပ်တိုက် ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေး ညင်သာစွာ ရှိနေတဲ့အခါ သူမ သင့်ကို ငေးစိုက်ကြည့်နေပါလိမ့်မယ်။

Credit :Trend Myanmar

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.