နေကြာစေ့နှင့် ကျန်းမာရေး

ကျန်းမာရေးကို ကောင်းကျိုး ဖြစ်ထွန်းစေမယ့် မုန့်ပဲသရေစာ တစ်မျိုးမျိုးကို ရှာနေပါသလား။ နေကြာစေ့လှော် လက်တစ်ဆုပ်စာကို သုံးဆောင်ကြည့်လိုက်ပါ။ ဗိုက်ပြည့်စေရုံသာမက အာဟာရဓာတ် များစွာကိုလည်း ပေးစွမ်းပါလိမ့်မယ်။ လှပ၀ါဝင်းတဲ့ နေကြာပန်းပွင့်များမှ လာတဲ့ နေကြာစေ့များမှာ အန္တရာယ် မဖြစ်စေတဲ့ သဘာဝ အဆီများလည်း ပါဝင်ပါသေးတယ်။    

           ဒါ့ကြောင့် နေကြာဆီက ကျန်းမာရေး အတွက် အထူးသင့်လျော်တဲ့ ဆီအမျိုးအစား များထဲမှာ တစ်ခု အပါအ၀င် ဖြစ်နေတာပေါ့။ နေကြာစေ့ရဲ့ အကျိုးကျေးဇူးများ ကတော့-

၁။ နေကြာစေ့မှာ ပါဝင်တဲ့ Vitamin-E က ပန်းနာရင်ကျပ်၊ ဒူးနာ၊ အဆစ် အမြစ်ရောင်ရမ်းခြင်း စသည်တို့ကို သက်သာ စေနိုင်ပါတယ်။

၂။ ဒါ့အပြင် နေကြာစေ့က အူမကြီး ကင်ဆာကို ကာကွယ်နိုင်ရုံသာမက အမျိုးသမီးများ မီးယပ် သွေးဆုံးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာများကို လျော့ပါး သက်သာစေပါတယ်။

၃။ နေကြာစေ့ဟာ ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားမှုကို လျှော့ချတဲ့ နေရာမှာ များစွာ ကူညီပေးပါတယ်။

၎။ ထိုမျှသာမကသေး
နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ကို ကာကွယ် နိုင်ပါသေးတယ်။ တစ်နေ့ကို ပန်းကန်လုံးရဲ့ လေးပုံ တစ်ပုံစာလောက် နေကြာစေ့ကို စားပေးပါ။ သင့်ကို အန္တရာယ်ပြုမယ့် သွေးကြောနံရံတွေမှာ ကပ်ငြိနေတတ်တဲ့ မကောင်းတဲ့ ကိုလက်စထရောများကို ဖယ်ရှားပေးပါလိမ့်မယ်။

၅။ နေကြာစေ့များက ဆဲလ်ပျက်စီးမှုများကို တားဆီးတဲ့ အတွက်ကြောင့် ကင်ဆာရောဂါအချို့ကို အတန်အသင့် ကာကွယ်နိုင်ပါတယ်။

၆။ နေကြာစေ့များက အရိုး ကျန်းမာစေနိုင်ပါတယ်။ အရိုးအဆစ်များ ကျန်းမာသန်စွမ်းဖို့က ကယ်လ်ဆီယမ်ဓာတ် တစ်မျိုးတည်းနဲ့တင် မလုံလောက်ပါဘူး၊ Magnesium နဲ့ Copper ဓာတ်များလည်း လိုအပ်ပါတယ်။ နေကြာစေ့မှာ ယင်းဓာတ် နှစ်မျိုးစလုံး ပါဝင်ပါတယ်။

၇။ နေကြာစေ့များက စိတ်ကို တည်ငြိမ်စေပါတယ်။ နေကြာစေ့မှာ ပါဝင်တဲ့ Magnesium ဓာတ်က အာရုံကြောများကို ဖြေလျော့ပေးပြီး စိတ်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။

၈။ နေကြာစေ့များက အသားအရေကို စိုပြည်စေပါတယ်။ နေကြာစေ့မှာ ပါတဲ့ Vitamin-E က ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ပေးပြီး ငယ်ရွယ် နုပျိုစေပါတယ်။

Credit:Messenger

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.